Golden Power Technologyမှ ပေးပို့လာသော သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Mobile X20 ရဲ့ တစ်မူထူးခြားတဲ့ anti-lost cap design ကြောင့် အဖုံးပျောက်မှာကို စိတ်ပူစရာမလိုပါ။ [အဖုံးကို အကြိမ်အရေအတွက် 10,000 အထက်ထိ အဖွင့်အပိတ် ပြုလုပ်နိုင်ပါတယ်။] Mobile X20 ကို metal, plastic နှင့် rubber တို့ကို အချိုးကျ ပေါင်းစပ်ပြုလုပ်ထားတာကြောင့် အလွန်စွဲမက်စရာကောင်းလှတဲ့ အသွင်အပြင်ကို မြင်တွေ့နိုင်ပါတယ်။ ထူးခြားချက်က အဖုံးကိုသားရေပုံစံ Design မျိုးပြုလုပ်ထားပြီး ကိုယ်ထည်ပိုင်းကိုတော့ ဖိအားဒဏ် ခံနိုင်အောင်ပြုလုပ်ထားပါတယ်။ အလေးချိန်က 2.8g မျှသာရှိလို့ သွားလေရာကို အလွယ်တကူ သယ်ဆောင်သွားနိုင်ပါတယ်။
COB နည်းပညာကို အသုံးပြုထားကာ Memory Chip ပြားကို အထိအခိုက်မရှိအောင် အပြည့်အဝ ကာကွယ်ပေးထားပါတယ်။ ရေစိုဒဏ် နှင့် တုန်ခါမှုများကြောင့် ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများကိုလည်း ကာကွယ်ပေးထားပါတယ်။ Micro USB နှင့် USB 2.0 Port နှစ်ခုစလုံးပါဝင်တာကြောင့် သင့် PC နှင့် Phone အကြားကို အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ Life-time Warranty (တစ်သက်တာ အာမခံ) ပေးထားတာကြောင့် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်။ မှာယူချင်တယ်ဆိုရင်တော့ Golden Power Technology နှင့် ကွန်ပျူတာဆိုင် အများစုတွင် ဝယ်ယူရရှိနိုင်ပါပြီ။ ဈေးနှုန်းတွေက 8GB = $6.8 / 16GB = $11 / 32GB = $19.5 ဖြင့် ဝယ်ယူနိုင်ပါတယ်။
Golden Power Technology| Head Office, Show Room & Service Center
(ရန်ကုန်): အမှတ်(၁၅)၊ ဗဟိုလမ်း(ဗဟိုလမ်းနှင့်ပန်းလှိုင်လမ်းထောင့်)၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ။
ဖုန်း ။ ။ (ဝ၁) ၂၃၀၄၈၄၈၊ ၂၃၀၄၈၄၉၊ ၂၃၀၄၈၅၀၊ ၂၃၀၄၈၅၁၊ ၂၃၀၄၈၅၂ ။