Apps, Review

အမျိုးအစားမတူတဲ့ PDF/Word/Excel ဖိုင်တွေကို ဖိုင်တစ်ခုထဲအဖြစ် ပေါင်းစည်းပေးမယ့် MergeFil.es

အမျိုးအစားမတူတဲ့ PDF/Word/Excel ဖိုင်တွေကို ဖိုင်တစ်ခုထဲအဖြစ် ပေါင်းစည်းချင်ရင် MergeFil.es ဆိုတဲ့ Web Application ကို အသုံးပြုနိုင်ပါတယ်။ အဲဒီအတွက် အခြား ဆော့ဝဲတွေ အင်စတော လုပ်စရာမလိုတော့ပါဘူး။ အခုလောလောဆည်မှာ PDF, Word, PowerPoint, Excel, Images, HTML, TXT ဖိုင်တွေကို Input အဖြစ် လက်ခံပြီးတော့ Output အဖြစ် PDF, Word,  Excel တို့ကို ထုတ်ပေးနိုင်ပါတယ်။

ပေါင်းစည်းချင်တဲ့ဖိုင်အားလုံးဟာ သင့်ကွန်ပြူတာထဲက ဖိုဒါတစ်ခုထဲမှာ ရှိနေရပါမယ်။ MergeFil.es က အခြားဖိုဒါတွေကနေ ရွေးချယ်ခွင့် မပေးထားပါဘူး။ ပေါင်းစည်းချင်တဲ့ဖိုင်တွေကို ရွေးချယ်ပေးပြီးရင်တော့ Order ကို သတ်မှတ်ပေးရပါမယ်။ ဘယ်ဖိုင်ကို ဘယ်နေရာမှာ ထားမယ် စသဖြင့်ပေါ့။ ဒီလိုပြုလုပ်ဖို့ Up, Down Arrows တွေ ပြုလုပ်ပေးထားပါတယ်။

Output ထွက်လာမယ့် ဖိုင်ရဲ့ အရွယ်အစား ကို သေးငယ်အောင် Compress ပြုလုပ်နိုင်ပါတယ်။ Compress လုပ်ရင်တော့ အချိန် အနည်းငယ် ကြာတတ်ပါတယ်။ Output ထွက်လာမယ့် ဖိုင်ဖော်မက်ကို ရွေးချယ်ပေးရပါမယ်။ ပြီးရင်တော့ ဖိုင်ကို ကွန်ပြူတာကို ဒေါင်းလုပ်လုပ်နိုင်ပါပြီ။

MergeFil.es က PDF နဲ့ Word ဖိုင်တွေကို Output အနေနဲ့ ထုတ်ပေးတဲ့ နေရာမှာ ကောင်းမွန်ပါတယ်။ Excel ကို Output အနေနဲ့ ထုတ်ပေးတဲ့အခါမှာတော့ ဖိုင်တွေကို Sheet တစ်ခုချင်းစီမှာ ပြုလုပ်ပေးထားပါတယ်။ ဓာတ်ပုံတွေကို ပေါင်းစည်းတဲ့ အခါမှာလည်း Page တစ်ခုချင်းစီ ခွဲခြား ပေါင်းစည်းပေးထားပါတယ်။

အရေးကြီးတဲ့ Document တွေကို ပေါင်းစည်းမယ့်သူတွေအတွက် လုံခြုံရေး ကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ MergeFil.es က Documents တွေကို ခဏတာ သိမ်းပေးထားမှာဖြစ်ပြီး အလုပ်ပြီးတာနဲ့ ဖျက်ပေးတယ်လို့ သိရပါတယ်။ အခြား သူတွေနဲ့လည်း ဖိုင်တွေကို Share မလုပ်ဘူးလို့ သိရပါတယ်။

Visit MergeFil.es

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *