News

၂၀၁၃ ခုနှစ် ဘော့စတွန် မာရသွန်တွင် ပေါက်ကွဲခဲ့သော ဗုံးကြောင့် ခြေပြတ်ခဲ့သူ ဇနီးမောင်နှံ နှစ်ဦး ယခုနှစ် ပြိုင်ပွဲတွင် ပန်း၀င်အောင် ယှဉ်ပြိုင်ခဲ့

Patrick Downes နဲ့ Jessica Kensky တို့ဟာ ပြီးခဲ့တဲ့နှစ်က ဘော့စတွန် မာရသွန် ပြိုင်ပွဲ ပန်း၀င်တာကို ကြည့်ဖို့ Boylston Street မှာ ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ဟာ ပထမဆုံး ပေါက်ကွဲတဲ့ဗုံး ရဲ့ ရှေ့တည့်တည့်မှာ ရှိခဲ့ကြပြီး ဗုံးပေါက်ကွဲမှုကြောင့် ဇနီးမောင်နှံ နှစ်ယောက်လုံးဟာ ဘယ်ဘက်ခြေထောက်ရဲ့ ဒူးခေါင်း အောက်ပိုင်းကို ဖြတ်လိုက်ကြရပါတယ်။ ဒီနှစ် မာရသွန် ပြိုင်ပွဲမှာတော့ စောင့်ကြည့်သူ မဟုတ်ဘဲ ပြိုင်ပွဲ၀င်သူ အနေနဲ့ ပန်း၀င်အောင် ယှဉ်ပြိုင်ခဲ့ပါတယ်။ သုံးဘီးတပ် စက်ဘီးကို စီးနင်းပြီး ပြိုင်ပွဲ မှာ ပါ၀င်ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ ၂ နာရီ ၁၄ မိနစ် နဲ့ ၁၃ စက္ကန့် မှာ အတူတကွ ပန်း၀င်ခဲ့ကြတာ ဖြစ်ပါတယ်။

ခြေထောက် ဖြတ်လိုက်ရပေမယ့် ဘ၀ကို အရှုံးမပေးဘဲ ပြိုင်ပွဲ မှာ ပန်း၀င်အောင် ယှဉ်ပြိုင်ခဲ့ကြတဲ့ ဇနီးမောင်နှံ နှစ်ယောက်ကို ကြည့်ရတာ အလွန်အားတက် ၀မ်းမြောက် ချီးကျူးစရာ ကောင်းလှပါတယ်။ သူတို့ နှစ်ဦးဟာ ခြေထောက် ဖြတ်လိုက်ရတဲ့အတွက် အလုပ်တွေ မလုပ်နိုင်တော့ဘဲ Jessica ရဲ့ အစ်မ ဖြစ်သူက အချိန်ပြည့် စောင့်ရှောက်နေတာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ဗုံးကွဲမှု မဖြစ်မီ ခုနစ်လလောက် အကြာကမှ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဇနီးမောင်နှံ နှစ်ယောက်ဟာ ပြီးခဲ့တဲ့နှစ် အဲဒီအချိန်က San Franciscoကို ပြောင်းရွှေ့ဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အစီအစဉ်ကို ပြောင်းလဲခဲ့ရပါတယ်။ ဗုံးကွဲမှု တစ်နှစ်ပြည့် အောက်မေ့ သတိရတဲ့ ပွဲကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

ဇနီးမောင်နှံ နှစ်ယောက်ဟာ ဘေးချင်းယှဉ်လျှက် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပြီး ပန်း၀င်တဲ့အခါမှာလည်း လက်ချင်းချိတ်ပြီး အောင်ပွဲခံခဲ့ကြပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *