News

LG ရဲ့ G Watch စမတ်နာရီလာမည်

LG ကလည်း စမတ်နာရီ ပြိုင်ပွဲထဲ ၀င်ရောက်လာပါပြီ။ LG က Google နဲ့ ပူးပေါင်းပြီး G Watch စမတ်နာရီ ကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ G Watch မှာ Google ရဲ့ Wearable Device တွေအတွက် အထူးပြုလုပ်ထားတဲ့ Android Wear OS ကို လည်ပတ်မောင်းနှင်မှာ ဖြစ်ပါတယ်။

LG က အသေးစိတ်သတင်းအချက်တွေကို ထုတ်ဖော်ခြင်းမရှိသေးပါဘူး။ Engadget က ဖော်ပြထားတဲ့ သတင်းမှာ လေယာဉ် အချိန်ဇယား တွေကို ဖော်ပြထားတဲ့ စမတ်နာရီ ကို တွေ့ရှိပါတယ်။ G Watch ကို Voice Command တွေနဲ့ ခိုင်းစေနိုင်ပြီး ဧပြီလ နဲ့ ဇွန်လအတွင်းမှာ ရောင်းချမှာဖြစ်ပါတယ်။

Google က Android Wear OS ကို အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။ Android Wear က Mobile Android OS ကို ပြုပြင်ထားတာဖြစ်ပြီး ချပ်၀တ်တန်ဆာ ကွန်ပြူတာတွေအတွက် အတူးရည်ရွယ်ပြုလုပ်ထားတာဖြစ်ပါတယ်။ Google က စမတ်နာရီ အတွက် Android Wear ကို ရည်ရွယ်ထုတ်လုပ်တာဖြစ်ပေမယ့် အခြား ချပ်၀တ်တန်ဆာ ကွန်ပြူတာတွေမှာ လည်း အသုံးပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ Google က Android Wear ကို အသုံးပြုဖို့ ကြေညာထားတဲ့ Hardware Partner တွေထဲမှာ LG လည်း ပါ၀င်ပါတယ်။

Google က စမတ်နာရီ အတွက် Operating System ကို မတ်လမှာ ထုတ်ဖော်ကြေညာမယ်ဆိုတာ ကို Cnet က အရင်ကတည်းက သတင်းပေးထားတာဖြစ်ပါတယ်။ LG က G Watch စမတ်နာရီ ကို ထုတ်လုပ်မယ်ဆိုတာ ကို လည်း Cnet က အရင်ကတည်းက သတင်းပေးထားပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *