MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Articles · 2014-01-24

LG က G Pro 2 မှစပြီး ၂၀၁၄ ခုနှစ်တွင် ထုတ်လုပ်မည့်ဖုန်းများတွင် Fingerprint Scanner ထည့်သွင်းမည်

By Thu Ya

Archived article. This text reflects its original publication date; products, links and information may have changed.
LG က G Pro 2 မှစပြီး ၂၀၁၄ ခုနှစ်တွင် ထုတ်လုပ်မည့်ဖုန်းများတွင် Fingerprint Scanner ထည့်သွင်းမည်

Apple က iPhone 5S မှာ စတင်မိတ်ဆက်ခဲ့တဲ့ Fingerprint Scanner ကို ယှဉ်ပြိုင်ဖို့ စမတ်ဖုန်းထုတ်လုပ်သူတွေက ကြိုးစားလာကြပါတယ်။ ကိုရီးယား မီဒီယာ ET News ရဲ့ ထုတ်ဖော်ပြောဆိုချက်အရ LG က ၂၀၁၄ ခုနှစ် မှာ ထုတ်လုပ်မယ့် စမတ်ဖုန်းများမှာ Fingerprint Scanner တပ်ဆင်မယ်လို့ သိရပါတယ်။ ဆမ်ဆောင်းကလည်း သူ့ရဲ့ ဖုန်းများမှာ Fingerprint Scanner တပ်ဆင်မယ်လို့ သိရပါတယ်။

သတင်းများအရ LG ရဲ့ ဒီနှစ်မှာ ပထမဆုံး ထုတ်လုပ်မယ့် LG G Pro 2 မှာ စတင် ထည့်သွင်းမှာဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ ပြုလုပ်မယ့် Mobile World Congress မှာ LG G Pro 2 ကိုကြေညာမယ်လို့ မျှော်မှန်းထားပါတယ်။ G Pro 2 မှာ ၅.၉ လက်မ Quad HD Display တပ်ဆင်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

မေလမှာတော့ LG G 3 ကို ရောင်းချမယ်လို့ သိရပြီး Samsung Galaxy S 5 နဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ G 3 မှာ Quad HD Display , Octa-Core Processor , 16 Megapixel Camera တပ်ဆင်ထားမှာဖြစ်ပါတယ်။ Fingerprint Scanner လည်း တပ်ဆင်ထားမှာဖြစ်ပါတယ်။

HTC ကလည်း HTC One Max မှာ Fingerprint Scanner ထည့်သွင်းပြီး ရောင်းချနေတာဖြစ်ပါတယ်။ စမတ်ဖုန်းတွေက Fingerprint Scanner တွေကို အသုံးပြုခြင်းဖြင့် Security Code တွေရိုက်ထည့်ရတဲ့ အလုပ်ရှုပ်မှု ကင်းဝေးစေမှာဖြစ်ပါတယ်။ စမတ်ဖုန်းထုတ်လုပ်သူတွေကလည်း Fingerprint Scanner တွေထည့်သွင်းပြီး ရောင်းကောင်းအောင် ကြိုးစားနေကြတာ ဖြစ်ပါတယ်။

LG က Fingerprint Scanner ကို HTC လို ဖုန်းရဲ့ အနောက်ဘက်မှာ တပ်ဆင်မလား ၊ Apple လို ဖုန်းရဲ့ အရှေ့ဘက်မှာ တပ်ဆင်မလားဆိုတာ စိတ်၀င်စားစရာကောင်းပါတယ်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive