တစ်ကမ်ဘာလုံးမှာ ရှိတဲ့ အားကစား၊ ဂီတ၊ သတင်း၊ ရုပ်ရှင်၊ ဟာသ၊ သိပ္ပံ၊ ကာတွန်း၊ လူမှုဘ၀၊ ဈေး၀ယ်လမ်းညွှန်စတဲ့ တီဗွီရုပ်သံအစီအစဉ် တွေ၊ ဖျော်ဖြေရေး ရုပ်သံလိုင်းတွေကို အရည်အသွေးမြင့်မြင့်နဲ့ အွန်လိုင်း ကနေ ကြည့်ရှုနိုင်မယ့် ၀က်ဘ်ဆိုက် ဖြစ်ပါတယ်။ ရုပ်သံ အစီအစဉ် ကြည့် Player ဖြစ်တဲ့ TVU ဆော့ဖ်၀ဲကို ဒီ၀က်ဘ်ဆိုက်ကနေ ဒေါင်းလုပ် ဆွဲယူထားရမှာဖြစ်ပြီး ကွန်ပျူတာ စက်ထဲ Install လုပ်စရာမလို၊ အီးမေးလ်တွေ၊ ဖုန်းတွေနဲ့ Confirm လုပ်စရာမလိုဘဲ Portable အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တီဗွီချန်နယ် အားလုံးအတွက် တင်ဆက် ပြသမယ့် အချိန်ကို သိရှိနိုင်မှာဖြစ်ပြီး ကြည့်လိုတဲ့ ချန်နယ်ကိုလည်း ရှာဖွေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် iPhone, Android Phone တွေမှာလည်း အသုံးပြု ကြည့်ရှုနိုင်မှာဖြစ်ပြီး တင်ဆက်သမျှ မှတ်သား ဖမ်းယူထားချင်ရင်တော့ တစ်လကို USD 1.99 နှုန်း ပေးရပါတယ်။
အွန်လိုင်း မီဒီယာ ကြည့်မယ်

28
Jan