KMDမှ ပေးပို့လာသော သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဆက်သွယ်ရေးဆိုင်ရာ နည်းပညာများနှင့် ပတ်သက်၍အခြေခံမှ အစဆက်သွယ်ရေး Towerတိုင်ထောင်ခြင်းများအထိ သင်ကြားပေးမည့် Professional Telecom Training သင်တန်းအား KMDမှ မကြာမှီဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ သင်ကြားပေးမည့် ပုံစံမှာလည်း သီအိုရီပိုင်းနှင့်အတူ လက်တွေ့ပိုင်းကိုပါ ပူးတွဲသင်ကြားပေးသွားမည် ဖြစ်သောကြောင့် သင်တန်းသူများအနေဖြင့် လက်တွေ့ လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်နိုင်ရန် အခွင့်အလမ်းများစွာ ရရှိမည်ဖြစ်ပါသည်။ ပါဝင်မည့်ဘာသာရပ်များမှာ Outdoor Tower Installation, Cabin Installation များအပါအဝင် GSM CDMA Network Configuration, TCP/IPInstallation&Configurationဘာသာရပ်များနှင့် အခြားဘာသာရပ်များလည်း ပါဝင်မည်ဖြစ်ပါသည်။ သင်တန်းကာလ ၁ လ နှင့် သင်တန်းကာ ၃ လ ဟူ၍ သင်တန်းနှစ်မျိုးနှစ်စားရှိပြီး အများဆုံး ၃လသာကြာမြှင့်မည်ဖြစ်ပါသည်။သင်တန်းပြီးဆုံးပါက Telecom နှင့်ပတ်သက်သည့် International Certificate အား ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။ ထို့ကြောင့် သင်တန်းပြီးဆုံးပါက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် Telecommunication နှင့် ပတ်သက်သည့် ကုပ္မဏီကြီးများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများစွာ ရရှိမည်ဖြစ်ပါသည်။ အသေးစိတ် အချက်အလက် များကို သိရှိလိုပါက KMD ပန်းဆိုးတန်းဖုန်း (01-381129, 381035, 245180, 385877) သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါသည်။