News

Android နဲ့ Window Phone OS နှစ်မျိုးကို အသုံးပြုထားတဲ့ စမတ်ဖုန်းကို ထုတ်လုပ်မည်

Times of India ရဲ့ ဖော်ပြချက်အရ အိန္ဒိယ စမတ်ဖုန်း ထုတ်လုပ်တဲ့ Karbonn Mobiles က Dual-OS Smartphone ကို ထုတ်လုပ်မယ်လို့ သိရပါတယ်။ ဇွန်လ မှာ ရောင်းချပေးမှာ ဖြစ်ပြီးတော့ Android နဲ့ Windows Phone OS နှစ်ခုစလုံးကို ဖုန်းတစ်လုံးထဲမှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ Karbonn Mobile က Windows Phone Device တွေကို ထုတ်လုပ်ဖို့ အတွက်လည်း Microsoft နဲ့ သဘောတူညီမှု ရယူပြီး ဖြစ်ပါတယ်။ Microsoft က Windows Phone OS ကို အသုံးပြုဖို့ သတ်မှတ်ချက်တွေကို ဖြေလျော့ပေးခဲ့ပြီး စမတ်ဖုန်းထုတ်လုပ်သူများ ကို လမ်းဖွင့်ပေးနေတာ ဖြစ်ပါတယ်။ လာမယ့် သုံးလအတွင်းမှာ ၀င်းဒိုးဖုန်းများစွာ ထုတ်လုပ်ပေးမယ်လို့ Karbonn Mobile က ပြောပါတယ်။

ပြိုင်ဖက်များဖြစ်ကြတဲ့ Android နဲ့ Windows Phone နှစ်ခု ကို ဖုန်းတစ်လုံးထဲမှာ ထည့်သွင်းပေးထားတာဟာ ထူးဆန်းနေပါတယ် လို့ ကျွမ်းကျင်သူတွေ က သုံးသပ်ကြပါတယ်။ Dual-OS Smartphone ကို ရောင်းချတဲ့အချိန်မှာ စားသုံးသူတွေရဲ့ တုန့်ပြန်မှု က စိတ်၀င်စားစရာ ဖြစ်လာမှာဖြစ်ပါတယ်။

Microsoft က Windows Phone OS ကို အသုံးပြုမှုများလာစေဖို့ Windows Phone OS ကို အခြား OS များ နဲ့ တွဲဖက် သုံးနိုင်ဖို့ ပြီးခဲ့တဲ့ နှစ်ကတည်းက လမ်းဖွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ တစ်နည်းအားဖြင့် Android ,iOS တို့ကို ယှဉ်ပြိုင်ဖို့လည်း ဖြစ်ပါတယ်။ မကြာမီက လည်း Microsoft လက်အောက်က Nokia မိုဘိုင်းဌာန က Android OS အသုံးပြုထားတဲ့ Nokia X ဖုန်းများ ကို ထုတ်ဖော်ပြသခဲ့ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *