သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ကြီးမှူး၍ Information Technology Professionals Examination Council (ITPEC) အသိအမှတ်ပြုစာမေးပွဲကို ကျင်းပမည်ဖြစ်သည်။
Information Technology Passport Examination (IT Passport) စာမေးပွဲသည် IT ဆိုင်ရာ အခြေခံဗဟုသုတရှိပြီး IT နှင့် သက်ဆိုင်သောလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသူများအတွက်လည်းကောင်း၊ Fundamental Information Technology Engineer Examination (FE) စာမေးပွဲသည် IT ဗဟုသုတအခြေခံကျွမ်းကျင်မှုရှိ ပြီးသူများ၊ Programmer များ၊ Program Design ရေးဆွဲသူများနှင့် Software Development လုပ်ငန်းများတွင် လုပ်ကိုင်နေသူ များအတွက်လည်းကောင်း၊ အလုပ်အကိုင်အခွင့်အလမ်းအတွက် ကျွမ်းကျင်မှု အသိအမှတ်ပြု အောင်လက်မှတ် ရရှိစေမည့် စာမေးပွဲအသီးသီးဖြစ်သည်။ စာမေးပွဲများသို့ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၊ နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင် များနှင့် IT စိတ်ပါဝင်စားသည့် မည်သူမဆို ဝင်ရောက်ဖြေဆိုနိုင်သည်။
စာမေးပွဲအမျိုးအစား Fundamental IT Engineer Examination (FE) IT Passport Examination (IP)
စာမေးပွဲကျင်းပမည့်နေ့ ၂၀၁၄ ဧပြီလ ၂၇ ရက် (တနင်္ဂနွေနေ့) ၂၀၁၄ ဧပြီလ ၂၇ ရက် (တနင်္ဂနွေနေ့)
စာမေးပွဲကျင်းပမည့်အချိန် နံနက် (၉:၃၀ မှ ၁၂:ဝ၀) ထိ
နေ့လယ် (၁:၃၀ မှ ၄:ဝ၀) ထိ နံနက် (၉:၃၀ မှ ၁၂:၁၅) ထိ
စာမေးပွဲကြေး (၁၀,ဝ၀ဝ) ကျပ် (၅,ဝ၀ဝ) ကျပ်
စာမေးပွဲကျင်းပမည့်နေရာ MICT Park MICT Park
စာမေးပွဲနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များသိရှိလိုပါက
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF)၊ အဆောင်(၁)၊ MICT Park၊ ဖုန်း- ၆၅၂၃၀၇၊ ဝ၉-၇၃၂၅၇၃၇၇ နှင့်
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA)၊ အဆောင်(၄)၊ အခန်း(၄)၊ MICT Park၊ ဖုန်း- ၆၅၂၂၇၆၊ ဝ၉-၇၃၀၈၈၃၀ဝ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
(၂၂-ဝ၄-၂၀၁၄) နေ့နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည်ဖြစ်ပါသည်။