International General Certificate of Secondary Education (IGCSE)ကို ပြင်ဆင်ခြင်းသည် နိုင်ငံတကာအသိမှတ်ပြု အထက်တန်းပညာရေးအဆင့် အောင်လက်မှတ် ရရှိရုံသာမက ဘာသာရပ်အခြေခံကို ခိုင်မာစေနိုင်ပါသည်။ အစိုးရကျောင်းများမှ Grade 9 အောင်မြင်ပြီးသူများ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ၊ တက္ကသိုလ်တက်ရောက်ရန် စောင့်ဆိုင်းနေသူများ ဘာသာရပ်အခြေခံရရှိရန် တက်ရောက်ကြခြင်းဖြစ်သည်။
IGCSE စာမေးပွဲကို ယူကေနိုင်ငံရှိ University of Cambridge နှင့် Edexcelစာစစ်ဌာနအဖွဲ့အစည်း နှစ်ခုမှ နှစ်စဉ် စစ်ဆေးပေးလျှက်ရှိသည်။ IGCSE စာမေးပွဲကို တနှစ်လျှင် မေ/ဇွန် လများတွင်တကြိမ်၊ အောက်တိုဘာ/ နိုဝင်ဘာလများတွင်တကြိမ် စုစုပေါင်း တစ်နှစ်လျင် ၂ ကြိမ်ဖြေဆိုနိုင်သည်။ ဘာသာရပ်ပေါင်း ၄၀ကိုရွေးချယ်ဖြေဆိုနိုင်သည်။ မြန်မာကျောင်းသားများအနေဖြင့် English, Mathematics, Additional Mathematics, Physics, Chemistry, Biology, ICT, Economics, Accounting နှင့် Business Studies စသည့် ဘာသာရပ်များကို ဖြေဆိုကြလေ့ရှိသည်။ English ဘာသာရပ်တွင် 1st Language & 2nd Language ဟူ၍ နှစ်မျိုးရှိသည်။ IGCSE အောင်လက်မှတ်သည် အင်္ဂလိပ်ဘာသာစကား အရည်အချင်းလက်မှတ် (IELTS/TOEFL) များကဲ့သို့ သက်တမ်းကန့်သတ်ထား ခြင်းမရှိပါ။ တစ်သက်သာအထက်တန်းပညာရေးအဆင့် အောင်လက်မှတ်တခု ဖြစ်သည်။
အစိုးရကျောင်းများမှ Grade 9 အောင်မြင်ပြီးသူများသည် IGCSE စာမေးပွဲဖြေဆိုရန် ၂ နှစ်ကြာလေ့ကျင့် ပြင်ဆင်ရန် လိုအပ်ပေသည်။ တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ပြီးသူများအနေဖြင့် ကျောင်းသား၏အရည်ချင်းပေါ်မူတည်၍ ၁နှစ် သို့ ၁နှစ်ခွဲအတွင်း လေ့ကျင့်ဖြေဆိုနိုင်သည်။ ယူအက်စ်အေ၊ ယူကေ၊ သြစတြေးလျား၊ ကနေဒါ၊ နယူးဇီလန်၊ စင်ကာပူ၊ ယိုးဒယားစသည့် နိုင်ငံများရှိကျောင်းများကို IGCSE အောင်လက်မှတ်ဖြင့် လျှောက်ထားနိုင်သည်။ IGCSE အောင်မြင်ထားသည့် ကျောင်းသားများသည် ထိုင်းနိုင်ငံရှိ တက္ကသိ်ုလ်များကို တိုက်ရိုက်တက်ရောက်နိုင်သည်။ GCE A Level ထပ်မံပြင်ဆင်ရန် မလိုအပ်ပါ။
SIS:RVi Academy တွင် IGCSE စာမေးပွဲအတွက် ပြင်ဆင်လေ့ကျင့်မှု သင်တန်းများကိုအချိန်ပြည့် နှင့် အချိန်ပိုင်းဟူ၍ လေ့ကျင့်သင်ကြားပေးလျှက်ရှိသည်။ IGCSE ပြင်ဆင်အောင်မြင်ပြီးသော ကျောင်းသားများအနေဖြင့် Singapore, USA, UK, Australia, Newzealandစသည့် နိုင်ငံများသို့ သွားရောက်ပညာဆည်းပူးရာတွင် အခက်အခဲမရှိဘဲ ဘာသာရပ်ဆိုင်ရာ အခြေခံခိုင်မာမှု့ကို ရရှိကြောင်း ကျောင်းသားများ၏ ပြန်လည်ပြောပြချက်များအရ သိရှိရသည်။
SIS: RVi Academy သည် University of Cambridge မှ IGCSE စာမေးပွဲကျင်းပခွင့် ရရှိထားသော စာစစ်ဌာနတခုဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အလွယ်တကူ စာရင်းသွင်းဖြေဆိုနိုင်ပါသည်။
IGCSE အချိန်ပိုင်းသင်တန်းကို ဇူလိုင် (၁၈) ရက်နေ့တွင်လည်းကောင်း၊ အချိန်ပြည့်သင်တန်းကို ဇူလိုင်လ (၂၈)ရက် နေ့တွင်လည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်သောကြောင့် တက်ရောက်လိုသူ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် Singapore International School: RVi Academy အမှတ် ၇၂၊ ချင်းတွင်းလမ်း၊ ကမာရွတ်မြို့နယ်၊ ဖုန်း ဝ၁-၅၃၆၂၆၀၊ ဝ၁ – ၂၃၀၅၉၉၈ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။