Myanmar- Korea IT Training Center၏ ဖိတ်ကြားချက်အရ Korea Aerospace Universityမှ Doctor ဘွဲ့ရ IT ပညာရှင် Dr.Jong – Sou Parkက Julyလတွင် Information Security Course Android Game with Arduino Microcontroller (Basic Course)နှင့် Game သင်တန်းများကို ဇူလိုင်လ နှင့် ဩဂုတ်လတို့တွင် ထပ်မံဖွင့်လှစ်မည် ဖြစ်သည်။
Programming concept ရှိသူများ၊ မန်နေဂျာများ၊ Database Knowledgeနှင့် Java Programming အခြေခံ တတ်မြောက်ထားပြီး လုပ်ငန်းခွင်ဝင်လိုသူများ၊ လက်တွေ့ပိုင်းကို ကျွမ်းကျင်စွာ တတ်မြောက်လိုသူများ၊ IT လုပ်ငန်းခွင်တွင် လက်တွေ့ လုပ်ကိုင်နေပြီး အဆင့်မြင့်နည်းပညာများကို ဆက်လက်လေ့လာလိုသူများ တက်ရောက်နိုင်သည်။ နည်းပညာ ပြန့်ပွားရေး အစီအစဉ်အရ သင်တန်းကြေးများကိုလည်း လျော့ချပေးထားပြီး၊ သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် အမြန်ဆုံးဆက်သွယ် စာရင်းပေးသွင်းကြပါရန်နှင့် အသေးစိတ်သိရှိလိုပါက အဆောင် (၁) MICT Park, တက္ကသိုလ်များ လှိုင်နယ်မြေ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ( MCF ) ၊ ဖုန်း ၀၁- ၆၅၂၃၀၇, ၀၉-၇၃၂၅ ၇၃၇၇ သို့ဆက်သွယ် စာရင်းပေးသွင်း နိုင်ပါသည်။