News

ယူကရိန်းခွဲထွက်ရေးသမားများက မလေးရှားလေယာဉ်ကို ပစ်ချခဲ့တယ်လို့ ယူဆရတဲ့ လက်နက်

ယူကရိန်းခွဲထွက်ရေးသမားများက မလေးရှားလေယာဉ်ကို ပစ်ချခဲ့တယ်လို့ ယူဆရတဲ့ လက်နက်

ယူကရိန်းအစိုးရက အစပိုင်းမှာ မလေးရှား ခရီးသည်တင်လေယာဉ်ကို ရုရှား စစ်တပ်က Buk Missileနဲ့ ပစ်ချခဲ့တယ်လို့ စွပ်စွဲပေမယ့် နောက်ပိုင်းထွက်လာတဲ့ သတင်းမှာတော့ ရုရှားခွဲထွက်ရေးသမားများက အဲဒီလက်နက်ကို သုံးပြီးတော့ ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။

Buk Missile စနစ်ကို ၁၉၇၂ ခုနှစ်က စတင်တီထွင်ခဲ့တာဖြစ်ပြီး ၁၉၈၀ ခုနှစ်မှာ စစ်တပ်တွေမှာ စတင်အသုံးပြုခဲ့တာပါ။

Bukဟာ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ဖြစ်ပြီး လေယာဉ်ပျံများနဲ့ ဟယ်လီကော်ပတာများသာမက ဒုံးကျည်များကို ပစ်ချဖို့ ဒီဇိုင်းလုပ်ထားတာပါ။ Bukဟာ မြေပြင်မှ ၁၃ မိုင် အကွာအဝေးမှာ ရှိတဲ့ ပစ်မှတ်များကို ချေမှုန်းနိုင်ပါတယ်။ ဒုံးကျည်များကို ထရပ်ကားရဲ့ အနောက်ဘက်ကနေ ပစ်လွှတ်တာဖြစ်ပါတယ်။ မလေးရှားလေယာဉ်ဟာ မြေပြင်မှ ခြောက်မိုင်အကွာမှာ ရှိလို့ ဒုံးကျဉ်ပစ်ခတ်နိုင်တဲ့ အကွာအဝေးထဲမှာ ဖြစ်ပါတယ်။

ဆီးရီးယား၊ မြောက်ကိုရီးယားနဲ့ တရုတ်တို့က Buk Systemကို လက်ရှိ အသုံးပြုနေကြပါတယ်။

buk-m2_rear_ky

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *