News

ကလေးများအတွက် GPS စမတ်နာရီ

ကလေးများအတွက် GPS စမတ်နာရီ တစ်မျိုးကို တီထွင်လိုက်ကြောင်း သိရပါတယ်။ hereO GPS လို့ အမည်ပေးထားပြီး ကလေးများအတွက် ရည်ရွယ်ပြုလုပ်ထားတာဖြစ်ပါတယ်။ မိဘများက စမတ်ဖုန်းမှာ App ကို ထည့်သွင်းအသုံးပြုပြီးကလေးတည်နေရာ ကို အချိန် နဲ့ တစ်ပြေးညီ သိရှိနိုင်မှာဖြစ်ပါတယ်။

စမတ်နာရီမှာ SIM Card ပါရှိပြီး ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်ပါတယ်။ နိုင်ငံ (၁၄၀) က Carrier တွေကို အသုံးပြုနိုင်ပါတယ်။ နေရာများ သတ်မှတ်နိုင်ပြီး ကလေး က သတ်မှတ်နေရာ အပြင် ရောက်သွားရင် အချက်ပြပေးတဲ့ စနစ်လည်းပါရှိပါတယ်။

စမတ်နာရီ ကို လူအများက ရံပုံငွေ ထည့်၀င်ရတဲ့ Indiegogo ၀က်ဆိုက်မှာ ရံပုံငွေ ကောက်ခံလျှက်ရှိပြီး သတ်မှတ်ထားတဲ့ ရံပုံငွေ တစ်သိန်း ကို ကျော်လွန်နေပြီဖြစ်ပါတယ်။ hereO စမတ်နာရီ ကို ဒေါ်လာ (၁၄၉) နဲ့ နွေရာသီ အကုန်မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

hereO စမတ်နာရီ ကို ကြိုတင် ၀ယ်ယူချင်ရင် Indiegogo မှာ (၉၉) ဒေါ်လာ ထည့်၀င်ထားရမှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *