အီးမေးလ် တစ်စောင်ချင်းစီရဲ့ အရွယ်အစားကို Gmailက ပြသခြင်း မရှိလို့ Size ကြီးမားတဲ့ မေးလ်တွေကို ဖျက်ထုတ်ဖို့ ရှာဖွေရတာ ခက်လှပါတယ်။ ဒီ၀က်ဘ်ဆိုက်ကတော့ ယင်းပြဿနာကို ဖြေရှင်းပေးနိုင်ပြီး Gmail အကောင့်ရှိသူတိုင်း အခမဲ့ အသုံးပြုနိုင်ပါတယ်။အရွယ်အစားကြီး ဖိုင်တွေကို ဖြတ်ထုတ်ဖို့အတွက် Gmailထဲ Log in ၀င်ထားပါ။ FindBigMail ၀က်ဘ်ဆိုက်ဖွင့်ပြီး မိမိအီးမေးလ်လိပ်စာ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ Web Page တစ်ခုကျလာရင် Grant Access Button ကို နှှိပ်လိုက်ရင် မိမိရဲ့ Mail Box Sizeနဲ့ Location ပေါ်မူတည်ကာ မိနစ်အနည်းငယ် စောင့်ရပါမယ်။ ပြီးရင် အော်တိုမေးလ် တွေကို လက်ခံရရှိတဲ့အခါမှာတော့ အရွယ်အစားအမျိုးမျိုး ရှိတဲ့ မေးလ်တွေကို Gmailမှာ ကြည့်ရှုနိုင်မှာဖြစ်ပြီး မလိုအပ်တဲ့ မေးလ်တွေကိုလည်း ဖြက်ထုတ်နိုင်မှာ ဖြစ်ပါတယ်။
ဂျီမေးလ် အရွယ်အစားအလိုက်

05
Jan