News

ပျံသန်းနိုင်တဲ့ ကားကို ဗြိတိန်ပေါင် ၇၅၀ဝ၀ ဖြင့်ရောင်းချ

ဗြိတိန်နိုင်ငံမှာ ဇန်နဝါရီလက “Parajet SkyRunner” လို့အမည်ပေးထားတဲ့ ပျံသန်းနိုင်တဲ့ ကားကို မိတ်ဆက်ပြသလိုက်ပါတယ်။ SkyRunner ကို ဗြိတိသျှလေကြောင်း အင်ဂျင်နီယာ တစ်ယောက်ဖြစ်တဲ့ Gilo Cardozo နှင့် သူ့ရဲ့အဖွဲ့သားတွေဟာ Dorset-based Parajet စက်ရုံမှာ ဒီဇိုင်းပုံစံထုတ်ခဲ့ပြီး တီထွင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီ SkyRunner ဟာ ခရီးကြမ်းလမ်းတွေပေါ်မှာ မြန်နှုန်းမြှင့် မောင်းနှင်နိုင်တဲ့ ကားအမျိုးအစားဖြစ်ပြီး လေပေါ်သို့ ပျံသန်းနိုင်အောင်လည်း အထူးပြည့်စုံ ကောင်းမွန်လှသည့် ပုံစံနဲ့တည်ဆောက်ထားတဲ့အတွက် အမြင့်ပေ ၁၅၀ဝ၀ အထိပျံသန်းနိုင်ပြီး လေထဲတွင်အမြန်နှုန်း 88kph နှုန်းနဲ့ပျံသန်းမောင်းနှင် နိုင်ပါတယ်။ Cardozo ကပြောကြားရာတွင် “SkyRunner ဟာ အပန်းဖြေရေးနှင့်ဆိုင်တဲ့ စက်ပစ္စည်းအမျိုးအစားအသစ်တစ်ခု ဖြစ်ပြီး အပြင်မှာဝယ်ယူလို့ရတဲ့တစ်ခုတည်းသော ပျံသန်းနိုင်တဲ့ကား အမျိုးအစားဖြစ်တယ်လို့” ပြောကြားခဲ့ပါတယ်။

SkyRunner ၏ကိုယ်ထည်ပိုင်းကို ကာဗွန်ဖိုင်ဘာ၊ တိုင်တေးနီယမ်၊ အလူမီနီယံ အစရှိတာတွေနဲ့ တပ်ဆင်တည်ဆောက် ထားပြီး 1.0-litre EcoBoost ဓာတ်ဆီအင်ဂျင်ကို တပ်ဆင်ပေးထားပါတယ်။ အဆိုပါ ပျံသန်းနိုင်တဲ့ကားဟာ အမြန်နှုန်း 60kph နှုန်း ရောက်ရှိသွားလို့ရှိရင်တော့ လေထီးဟာပွင့်ထွက်သွားပြီး ကောင်းကင်ပေါ်သို့ ပျံတက်မောင်းနှင်နိုင်ပါလိမ့်မယ်။

Cardozo ရဲ့ SkyRunner စမ်းသပ်မှုဟာ လွန်ခဲ့တဲ့ ၂၀ဝ၈ခုနှစ်တုန်းက SkyRunner ရဲ့ ပထမမျိုးဆက် ဖြစ်တဲ့ Prototype (ပျံသန်းနိုင်တဲ့မော်တော်ကား) ကို စမ်းသပ်မောင်းနှင်ခဲ့ပြီး ဗြိတိန်နိုင်ငံ London မြို့ကနေ မာလီနိုင်ငံ၏ Timbuktu မြို့အထိ ပျံသန်းမောင်းနှင်နိုင်ခဲ့ပါတယ်။ ဒီစမ်းသပ်မောင်းနှင်ခဲ့တဲ့ခရီးစဉ်ကို အခြေခံပြီးတော့ Cardozo ဟာ Prototype ထက်ပိုပေါ့ပါးပြီး ပိုပြီးတော့ စွမ်းအင်ပြည့်ဝတဲ့ SkyRunner ကို တီထွင်အောင်မြင်နိုင်ခဲ့ပါတယ်။ SkyRunner ရဲ့တန်ဖိုးကို ဗြိတိန်ပေါင် ၇၅၀ဝ၀ သတ်မှတ်ပေးထားပါတယ်။

medium_dtpob00kcmgfafsmo5mq6ycw1mjqht5omabypxzppe_skyrunner

 

640_skyrunner-airborne

skyrunner

 

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *