Tegra 4i Chipset တပ်ဆင်ထားတဲ့ ပထမဆုံး စမတ်ဖုန်းကို ပြင်သစ်ထုတ်လုပ်သူ Wiko က ထုတ်လုပ်လိုက်ပြီး WAX လို့ အမည်ပေးထားပါတယ်။ အဲဒီဖုန်းမှာ Qaud-Core Tegra 4i Chipset တပ်ဆင်ထားပြီ 1.7GHz နှုန်းနဲ့ လည်ပတ်နိုင်တဲ့Cortex-A9 Core (၄)လုံး တပ်ဆင်ထားပါတယ်။ GPU မှာ Core အလုံးရေ (၆၀) ပါရှိပါတယ်။
အဲဒီဖုန်းကို ပြီးခဲ့တဲ့လက ကျင်းပပြုလုပ်ခဲ့တဲ့ Mobile World Congress မှာ ပြသခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ WAX ဖုန်းမှာ LTE အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ Chipset ဟာ NVIDIA ရဲ့ ပထမဆုံး LTE အသုံးပြုနိုင်တဲ့ Chipset လည်း ဖြစ်ပါတယ်။
Wiko WAX ဖုန်းကို ယူရို ၂၀၀ ဖြင့် ရောင်းချပေးမှာ ဖြစ်ပြီး နောက်လထဲမှာ အရောင်းဆိုင်များသို့ ရောက်ရှိမှာ ဖြစ်ပါတယ်။ အီတလီ နိုင်ငံမှာ ရောင်းချမယ်လို့ အတည်ပြုပြောကြားပေမယ့်လည်း ဂျာမနီ နဲ့ ပြင်သစ်နိုင်ငံများမှာပါ ရောင်းချပေးမယ်လို့ ထင်ရပါတယ်။
Wiko WAX ဖုန်းရဲ့ အခြား Specification များကတော့ (၄.၇)လက်မ (720) Pixel Display တပ်ဆင်ထားပါတယ်။ အနောက်ဘက်တွင် 8MP ကင်မရာနဲ့ အရှေ့ဘက်တွင် 5MP ကင်မရာ တပ်ဆင်ထားပါတယ်။ 1GB RAM, 4GB Internal Storage ပါရှိပါတယ်။ microSD Card ကိုလည်း ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။