News

စပိန်နိုင်ငံတွင် ၂၀၁၆ခုနှစ်မှာ ဖွင့်လှစ်မည့် Ferrari Land Theme Park အပန်းဖြေဥယျာဉ်

ကမ္ဘာကျော်ပြိုင်ကားထုတ်လုပ်တဲ့ Ferrari ကုမ္ပဏီက Port Aventura Entertainment နဲ့ပူးပေါင်းပြီး စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ Ferrari Land အပန်းဖြေဥယျာဉ်ကိုတည်ဆောက်မယ်လို့သိရပါတယ်။ Ferrari Land အပန်းဖြေဥယျာဉ်ထဲမှာ Prancing Horse Theme Park ပါဝင်မှာဖြစ်သလို အပန်းဖြေဥယျာဉ်ရဲ့ အတွင်းပိုင်းမှာ Port Aventura Resort နဲ့ အပြင်ဘက်ခြမ်းမှာ Ferrari Land Theme Park တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။ 

အဆိုပါအပန်းဖြေဥယျာဉ်ဟာ ၇၅၀ဝ၀ စတုန်းရန်းမီတာ အကျယ်အဝန်းရှိပြီး ဥရောပရဲ့ အရှည်ဆုံးနဲ့ အမြန်ဆုံး Roller Coaster ကိုလည်းစီးနင်းနိုင်အောင် ထည့်သွင်းတည်ဆောက်ထားပါတယ်။ Port Aventura Resort ရဲ့အတွင်းပိုင်းမှာ Ferrari Themed ဟိုတယ်ကို တည်ဆောက်ထားပြီး အဆိုပါဟိုတယ်ဟာ Five Star အဆင့်ရှိတဲ့ ဇိမ်ခံဟိုတယ်အမျိုးအစားဖြစ်ပြီး စားသောက်ဆိုင်၊ ရေကူးကန်နှင့် အခန်းပေါင်း ၂၅၀ပါဝင်တယ်လို့ သိရပါတယ်။

Ferrari Land Theme Park အပန်းဖြေဥယျာဉ်တည်ဆောက်ဖို့အတွက် ယူရိုငွေ ၁၀ဝ မီလီယံ ရင်းနှီးမြှပ်နှံထားပြီး ၂၀၁၆ခုနှစ်မှာဖွင့်လှစ်ပေးမယ်လို့ သိရပါတယ်။

ferrari-land-theme-park-02-570x377

 

74953fer-hotel-bis-a4-1-1024x519

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *