Business, Featured, Lifestyle, News

အမျိုးသမီး စွန့်ဦးတီထွင်သူများအတွက် အခက်ခဲတွေကို အောင်မြင်စွာ ကျော်လွှားနိုင်စေမဲ့ အချက်၇ချက်

အမျိုးသမီး စွန့်ဦးတီထွင်သူများအတွက် အခက်ခဲတွေကို အောင်မြင်စွာ ကျော်လွှားနိုင်စေမဲ့ အချက်၇ချက်

ပြီးခဲ့တဲ့လ June လ 2 ရက်တနင်္လာနေ့က Texas ပြည်နယ် Austin မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Dell ၏ငါးကြိမ်မြောက် အမျိုးသမီး စွန့်ဦးတီထွင်မှု ဆွေးနွေးပွဲတစ်ခုမှာ Michael & Susan Dell Foundation ရဲ့ founder နှစ်ယောက်ဖြစ်သူMichale Dell နှင့် Susan Dell တို့နှစ်ယောက်က အမျိုးသမီး စွန့်ဦးတီထွင်သူများအတွက် အခက်အခဲများတွေကို အောင်မြင်စွာကျော်လွှားနိုင်စေမဲ့ အချက်၇ချက်ကို ဖော်ပြဆွေးနွေးခဲ့ကြပါတယ်။

အမျိုးသမီး စွန့်ဦးတီထွင်သူများအတွက် Dell Foundation ရဲ့ Founder နှစ်ယောက်က ဆွေးနွေးဖော်ပြရမှာ အမျိုးသမီးတွေအနေဖြင့် သူတို့နဲ့ စိတ်ကူးအကြံဉာဏ်ခြင်း ထပ်တူကျဆင်တူနိုင်တဲ့ အမျိုးသားလက်ဖော်ကိုင်ဖက်များရဲ့ အာရုံကို ဖမ်းစားပြီးထိုအမျိုးသားများရဲ့ အတွေ့အကြုံအတိုင်း စီးပွားရေးလောကမှာ ကြုံတွေ့လာရတဲ့ အခက်ခဲတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးစွန့်ဦးတီထွင်သူများအနေဖြင့် အကြောင်းအရာတစ်ခုကိုတော့ မကြောက်ရွံ့ကြဖို့ လိုပါလိမ့်မယ်။ ထိုအကြောင်းအရာက ဘာလဲဆိုရင်တော့ “ဒီနေ့ခေတ် အမျိုးသမီး စွန့်ဦးတီထွင်သူတွေဟာ ကြုံတွေ့လာရတဲ့ အခက်ခဲတွေကို အများနည်းတူ ရင်ဆိုင်နိုင်နေကြပါပြီ။ အခုလို ရင်ဆိုင်နိုင်တဲ့အတွက် ယနေ့ခေတ် ကမ္ဘာကြီး၏ အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင်များကို ကိုယ့်မှာရှိတဲ့ အကြံဉာဏ်တွေကို ပေးခြင်း၊ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ စီးပွားရေးစိန်ခေါ်မှုများကို အမျိုးသမီးကုပ္မဏီပိုင်ရှင်များအား ပြောပြခြင်းတို့ပဲ ဖြစ်ပါတယ်။” ဒါ့အပြင် အခြားအမျိုးသမီး စွန့်ဦးတီထွင်သူများကလည်း စီးပွားရေးနယ်ပယ်မှာ အလုပ်လုပ်ကိုင်ရင်း ကြုံတွေ့လာနိုင်တဲ့ အခက်တွေကို ကျော်လွှားနိုင်ဖို့ နည်းလမ်း၇ချက်ကို အမျိုးသမီး စွန့်ဦးတီထွင်သူများအဖြစ် စတင်လုပ်ကိုင်သူများအတွက် ဖော်ပြပေးခဲ့ပါတယ်။

၁။လူမှုကွန်ယက် ဆက်သွယ်မှုတွေကို မိမိအတွက် အကျိုးဖြစ်ထွန်းအောင် အသုံးချခြင်း
” ဒီအချက်က အရေးကြီးဆုံးနဲ့ အကြီးမားဆုံး စိန်ခေါ်မှုကြီးလို့တောင် ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအချက်မှာ စွန့်ဦးတီထွင် အမျိုးသမီးများအနေနဲ့ လူမှုကွန်ယက် ဆက်သွယ်ရေးဆိုတာ ဘယ်လိုအရေးကြီးတာလဲ ဒီကွန်ယက်ကနေ ကောင်းမွန်တဲ့ အကြံဉာဏ်တွေကို ဘယ်လိုရလာနိုင်သလဲဆိုတာတွေ နားမလည်ကြလို့ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီအချက်ဟာ စွန့်ဦးတီထွင်သူတိုင်းရဲ့ အဓိကအရေးပါတဲ့ အချက်တစ်ချက်ဖြစ်နေလို့ပါ။ ကိုယ်က ဒီနယ်ပယ်ထဲမှာ အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ရဲ့လုပ်ငန်းအကြောင်းကို ဖြန့်ဝေပြောကြားပေးမဲ့ မိတ်ဆွေကောင်းတွေနဲ့ သူတို့ရဲ့ အကူညီတွေရရှိနိုင်လို့ပဲ ဖြစ်ပါတယ်။

အဲ့လို မိတ်ဆွေကောင်းတွေကို ရရှိဖို့အတွက် သင့်အနေနဲ့ သူစိမ်းဆိုတဲ့ တံခါးတစ်ချပ်ကိုတော့ မဖြစ်မနေ ဖြတ်သန်းရပါလိမ့်မယ်။ အဲ့ဒီတံခါးကို ဖြတ်ကျော်ဖို့အတွက် သူငယ်ချင်းတွေ မိတ်ဆွေတွေရဲ့ ထောက်ခံမိတ်ဆက်ပေးခြင်းတွေ ရယူခြင်းကနေပဲ ရရှိနိုင်ပါတယ်။ ဒီလိုလူတွေနဲ့ ရင်းနှီးသွားပြီဆိုရင်တော့ သူတို့နဲ့ တွေ့ဆုံဆွေးနွေးပွဲတွေလုပ်ပြီး ကိုယ့်အတွက် အဖိုးတန်တဲ့ သတင်းအချက်အလက်တွေ ရယူနိုင်ပါတယ်။ အမျိုးသားတွေက သူတို့လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူမှုဆက်ဆံရေးဟာ အရေးကြီးတယ်ဆိုတာကို အမြဲတမ်း နားလည်ထားပါတယ်။ အဲ့ဒါကြောင့်ပဲ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေဟာ ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရရှိနေတာပဲဖြစ်ပါတယ်။” လို့ DyMynd Company ရဲ့ CEO ဖြစ်သူ Carolyn Leonard က ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

၂။ ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချပါ

Alarm Capital Alliance company ရဲ့ CEO ဖြစ်သူ Amy Kothari က ” ဒီအချက်ကလည်း စွန့်ဦးတီထွင်သူတိုင်းအတွက် မဖြစ်မနေအရေးပါတဲ့ အချက်ပါ။ စွန့်ဦးတီထွင်သူများရဲ့ အရေးကြီးဆုံးအချက်ဟာ အရည်သွေးပြည့်မှီမှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ပါ။ ကျွန်မ CEO ဖြစ်စဉ်က ကျွန်မ Company အတွက် ယုံကြည်တဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်ဖို့အတွက် ပညာတွေအများကြီး သင်ယူခဲ့ရပါတယ်။ ကိုယ်ရရှိထားတဲ့ သတင်းအချက်အလက် နည်းနည်းလေးကို ရှုထောင့်အမျိုးမျိုးကို သေသေချာချာ သတိထားစဉ်းစားပြီး ဆုံးဖြတ်ချက်ချခဲ့ရပါတယ်။ တစ်ခါတစ်လေမှာ အခြေအနေအရပ်ရပ်ကို အမြင်အမျိုးမျိုးကနေကြည့်ပြီး ခွဲခြမ်းစိတ်ဖြာ ခြင်းကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။ ဒါတွေက သင်ယုံကြည်ထားတဲ့ ဆုံးဖြတ်ချက်ကို ဝေ၀ါးသွားစေလို့ပါ။ ဒါကြောင့် စွန့်ဦးတီထွင်သူများအနေနဲ့ ကိုယ်ယုံကြည်ထားတဲ့ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချမှတ်သင့်ပါတယ်။

၃။ငွေးကြေးအထောက်အပံ့ရင်းနှီးမြှပ်နှံမှုလက်ခံရရှိခြင်း

အမျိုးသမီးတွေအနေနဲ့ စီးပွားရေးကို စတင်ပြီး လုပ်ကိုင်ရတော့မယ်ဆိုရင် ဒီအခြေအနေကို မဖြစ်မနေကြုံတွေ့ရနိုင်ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံအများစုမှာ မဖြစ်မနေ ကြုံတွေ့ရနိုင်ပါတယ်။ နိုင်ငံတကာအဆင့်မှ နိုင်ငံများမဟုတ်သော်လည်း စီးပွားရေးအောင်မြင်နေတဲ့ အမျိုးသားတွေက သူတို့မှာအဆင်သင့်ရှိတဲ့ ငွေကြေးတွေကို ရင်းနှီးမြုပ်နှံဖို့အတွက် အောင်မြင်နိုင်တဲ့ စွန့်ဦးတီထွင်သူတွေရဲ့ အသံကိုနားစွင့်ပြီး သူတို့ကိုလည်း အချိန်တိုင်း စောင့်ကြည့်နေတတ်ကြပါတယ်။ ဒါကြောင့် အလုပ်လုပ်တဲ့အခါ ဘယ်တော့မှ တစ်ယောက်တည်းမနေပါနဲ့။ မိမိအတွက် ကောင်းမွန်တဲ့ အကြံဉာဏ်ကောင်းတွေကို ပေးနိုင်မဲ့သူတွေကို ရှာဖွေပါ။ အဲ့လိုရှာဖွေတဲ့နေရာမှာ မိမိနဲ့စီးပွားရေးကို အတူတူလုပ်ကိုင်မဲ့ သူတွေလည်းပါဝင်သလို၊ အကြံပေးအဖွဲ့တွေ၊ Accountants နဲ့ရှေ့နေတွေ၊ ကုမ္ပဏီတွေရဲ့  CEO တွေကို ချုပ်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေ၊ မိသားစုဝင်တွေရဲ့ အကြံပေးအဖွဲ့တွေလည်း ပါဝင်ပါတယ်။ Forget the Glass Ceiling: Build Your Business Without One ၏စာရေးဆရာ Geri Stengel  မှ ဆွေးနွေးထားခြင်း ဖြစ်ပါတယ်။

၄။ တာဝန်ယူရတဲ့ အပိုင်းကင်းမဲ့ခြင်း

ဒီအချက်ကိုတော့ အမျိုးသမီး စွန့်ဦးတီထွင်သူတို့အနေနဲ့ အများအားဖြင့် အောင်မြင်စွာ ကျော်ဖြတ်နိုင်ပေမဲ့ အမျိုးသား စွန့်ဦးတီထွင်သူများကတော့ ပိုပြီးကျွမ်းကျင်ပြီး အမြင်လည်းရှိပါတယ်။ အမျိုးသမီး စွန့်ဦးတီထွင်သူတွေကတော့ ဒီလိုမဟုတ်တော့ပါဘူး သူတို့ဆီမှာ လုပ်ငန်းအတွေ့အကြုံတွေ၊ လုပ်ငန်းကျွမ်းကျင်မှုတွေ၊ ကြီးကျယ်တဲ့ လူမှုကွန်ယက်တွေ ရှိနေမှသာ သူတို့စတင်လာခဲ့တဲ့ စီးပွားရေးကို သူတို့ ဆက်လက်ပြီး ဦးဆောင်တာဝန်ယူလာနိုင်ဖို့ အလားအလာရှိလာမှာ ဖြစ်ပါတယ်။
လုပ်ငန်းတစ်ခုမှာ နည်းပညာအခန်းကဏ္ဍကလည်း များစွာအရေးကြီးပါတယ်။ ယေဘုယျအားဖြင့်တော့ လုပ်ငန်းတစ်ခုရဲ့ နည်းပညာအခန်းကဏ္ဍကို ရာခိုင်နှုန်းအနည်းဆုံး စတင်လုပ်ကိုင်တဲ့ အမျိုးသမီးတွေရဲ့ အကြောင်းအရင်းအနေနဲ့ကတော့ အမျိုးသမီးအရည်အတွက် နည်းနည်းကသာ နည်းပညာအခန်းကဏ္ဍမှာ အလုပ်လုပ်နေကြလို့ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် အမျိုးသမီး ဝန်ထမ်းအရေအတွက်ကို နည်းပညာရာထူးနေရာများမှာ တိုးမြှင့်ခြင်း၊ အမျိုးသားဝန်ထမ်းများကိုလည်း သြဇာအာဏာအသုံးပြုရတဲ့ အလုပ်အကိုင်တွေဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်မှုလုပ်ငန်းနဲ့ အခြားသော လုပ်ငန်းများမှာလည်း တိုးမြှင့်လိုက်မယ်ဆိုရင် အမျိုးသမီးလုပ်ငန်းရှင်တွေကို စက်ရုံတွေမှာ ပြုစုပျိုးထောင်မှုရှိစေတယ်လို့GlobaEnterpreneurship and Development Institute ရဲ့ GEDI project director RutaAidisက ဆွေးနွေးခဲ့ပါတယ်။

၅။အလုပ်လုပ်တဲ့အခါ အောင်မြင်မှုကို မျှော်လင့်၍လုပ်ကိုင်ခြင်း

” အမျိုးသမီးတွေဟာ အလုပ်လုပ်တဲ့အခါမှာ သူတို့လုပ်သမျှ အရာတိုင်းအတွက် မျှော်လင့်ချက်တွေနဲ့ အလုပ်လုပ်လေ့ရှိပါတယ်။ အများအားဖြင့်တော့ အမျိုးသားတွေဟာ သူတို့အလုပ်တွေကို အောင်မြင်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို ချင့်ချိန်နေချိန်မှာတော့ အမျိုးသမီးတွေကတော့ သူတို့ရဲ့အလုပ်တွေကို အောင်မြင်မှုရဖို့အတွက် သူတို့ရဲ့မိတ်ဆွေသူငယ်ချင်းနဲ့ သူတို့ရဲ့မိသားစုက အကောင်းဆုံးမြင်နိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သူတို့ကသိထားပြီးဖြစ်ပါတယ်။ သူတို့လုပ်ကိုင်ရမဲ့ အလုပ်တွေအားလုံးကိုလဲ အချိန်တိုအတွင်းမှာ ထိရောက်ပြီးမြောက်အောင် လုပ်ကိုင်နိုင်ပါတယ်။ ဒီအကြံပေးချက်ကို သေသေချာချာနားလည်ပြီ၊ ဘယ်အရာက အရေးကြီးတယ်ဆိုတာကို သင်သိပြီဆိုရင် သင့်ရည်ရွယ်ချက်ကို အခုပဲချမှတ်ပါ။ သင့်ရည်ရွယ်ချက် အောင်မြင်ဖို့အတွက် အကောင်းဆုံးအစီစဉ်တွေကို ရေးဆွဲပါ။ တစ်ဆက်တည်းမှာပဲ သင့်ရဲ့ရည်ရွယ်ချက်ကို ဘယ်တော့မှမမေ့ပစ်ပါနဲ့။ သင်အလုပ်ကို သင်ကြိုးစားနေတဲ့ ကာလတစ်လျှောက်မှာတော့ သင်ဖြစ်ချင်တာတွေအကုန်လုံးကို လုပ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် အရေးကြီးဆုံးနဲ့ အထိရောက်ဆုံး အလုပ်တွေကိုပဲ အာရုံစိုက်ပြီး အောင်မြင်မှုရောက်အောင် လုပ်လိုက်ပါ။ အဲ့ဒါဆိုရင် သင်ဘယ်နေရာထိ ရောက်နေပြီလဲဆိုတာကို သိလာနိုင်ပါလိမ့်မယ်။”

Drazil Kids Tea company အားတည်ထောင်သူ Christine Wheeler ကဆွေးနွေးတင်ပြခဲ့ပါတယ်။

၆။အချိန်ကိုစီမံခန့်ခွဲ၍အသုံးချခြင်း

” ဒီအချက်က သင့်ရဲ့ဘဝတစ်လျှောက်လုံးနဲ့ သင့်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သင့်ကိုအကျွမ်းကျင်ဆုံး ဖြစ်လာအောင် အကျိုးပြုစေနိုင်ပါတယ်။ သင့်ရဲ့အချိန်တွေကို စီမံခန့်ခွဲဖို့အတွက် ဘယ်သူကမှ သင့်အတွက် စာအုပ်ထုတ်ပေးထားခြင်း မရှိပါဘူး။ အဲ့ဒါကြောင့် မိမိဘာသာမိမိပဲ စည်းကမ်းရှိရှိ စီမံခန့်ခွဲ အသုံးချရမှာဖြစ်ပါတယ်။ သင့်အလုပ်တွေကို သင်ပိုင်တဲ့ အချိန်တွေနဲ့ စည်းကမ်းရှိရှိ စီမံခန့်ခွဲပြီး လုပ်မယ်ဆိုရင် သင့်ရဲ့လုပ်ငန်းအကြောင်းကို သီးသန့်ကိုယ်စားလှယ် လွှတ်စရာမလိုပဲ စိတ်ဝင်စားတဲ့သူတွေ များလာမှာဖြစ်ပါတယ်။”

Pixie Dust Naturals အားတည်ထောင်သူ Michelle Touchstone က ဆွေးနွေးတင်ပြခဲ့ပါတယ်။

၇။အောင်မြင်ချင်တယ်ဆိုရင် စိုးရိမ်ကြောက်ရွံ့စိတ်တွေကို ဖျောက်ထားပါ

စွန့်ဦးတီထွင် လုပ်ငန်းရှင်များအတွက် အကြီးမားဆုံး စိတ်ခေါ်မှုပါ။ ကုမ္ပဏီတော်တော်များများရဲ့ ပိုင်ရှင်တွေကို ကြည့်မယ်ဆိုရင် ကိုယ်နောက်တစ်ဆင့်ကို တက်ဖို့အတွက် ဒီအချက်က အများကြီး အရေးပါနေပါတယ်။ ကုမ္ပဏီတစ်ခု စတင်တည်ထောင်ဖို့အတွက် ကိုယ်ကကြောက်ရွံ့နေမဲ့အစား အောင်မြင်မှုရဖို့အတွက် ကိုယ့်ရဲ့အတွေ့အကြုံတွေကို စီမံပြီး ကိုယ့်လုပ်ငန်းအတွက် အကျိုးရှိအောင် အသုံးချသင့်ပါတယ်။ သင့်ရဲ့အခွင့်အရေးတွေကို ကြောက်ရွံ့စိတ်တစ်ခုတည်းအတွက်နဲ့တော့ ဘယ်တော့မှမစောင့်ဆိုင်းနေပါနဲ့။ သူများက သင့်လုပ်ငန်းကို ဘာလုပ်ငန်းပါလားဆိုတာကို နာမည်ပေး၊ အသိမှတ်ပြုလာမဲ့အချိန်တွေကို စောင့့်ဆိုင်းမနေပါနဲ့။ ကိုယ့်လုပ်ငန်းက ဘာလုပ်ငန်းဖြစ်တယ်ဆိုတာကို သင်ကအမည်ပေးပြီး မကြောက်မရွံ့ ပြောပြပေးနိုင်မှသာ သင့်အတွက် အောင်မြင်မှုဆိုတာကို ရရှိမှာဖြစ်ပါတယ်။

Jennifer Kent (The Guava Project ကိုတည်ထောင်သူ)

Aung Ko Htet

Leave a Reply

Your email address will not be published. Required fields are marked *