Facebook မှiOSအတွက် application သစ်တစ်ခုကို ကြာသပတေးနေ့က ထပ်မံထုတ်လုပ်လိုက်ပါတယ်။ အဲ့ဒီ application ကတော့ နာမည်ကျော်ကြား အောင်မြင်နေကြတဲ့ အနုပညာရှင်များနှင့် သူတို့ရဲ့ ပရိသတ်များ အပြန်အလှန် မေးခွန်းတွေမေးနိုင်မဲ့ အသုံးပြုရလည်း လွယ်ကူတဲ့ application လေးဖြစ်ပါတယ်။
အဆိုပါapplicationရဲ့ နာမည်ကတော့ Facebook Mentions လို့ခေါ်ပြီး အသုံးပြုသူများအနေနဲ့ သူတို့ကြိုက်နှစ်သက်တဲ့ အနုပညာရှင်များက ဘာတွေပြောထားသလဲ ဆိုတာတွေနဲ့ ဘယ်အချိန်မှာ မေးခွန်းတွေကို ပြန်ဖြေပေးနိုင်မလဲ ဆိုတာတွေ သိနိုင်မှာဖြစ်ပါတယ်။
ထိပ်ဆုံးက Facebook Notification page ဒီလူကြိုက်အများဆုံး အနုပညာရှင်တွေက သူတို့ရဲ့ fan တွေနဲ့ ဘာတွေပြောခဲ့လဲဆိုတာနဲ့ အသုံးပြုတဲ့ user တိုင်းက တူညီတဲ့အမြင်တွေကို ဘယ်လိုပြောခဲ့လဲဆိုတာကို တွေ့မြင်နိုင်ပါတယ်။
ဒီ application ကို Facebook က သူတို့ရွေးချယ်ထားတဲ့ သီးသန့်လူတွေကိုပဲ အသုံးပြုနိုင်အောင် ကြိုးစားထားပါတယ်။ ဒီ application လေးက လူဦးရေကန့်သတ်ထားတဲ့အတွက် အသုံးပြုသူလည်း လူဦးရေနည်းဦးမှာ ဖြစ်ပါတယ်။ ဒီ application ကို ထုတ်လုပ်ပြီးတဲ့အချိန်ကစလို့ အသုံးပြုသူများအနေနဲ့ application မှာပါတဲ့ verified pages ကနေ လူဦးရေအရေအတွက် 800 မီလီယံ ဝန်းကျင်လောက်က စတင်အသုံးပြုနေကြပြီလို့ Facebook ကထုတ်ပြန်ခဲ့ပါတယ်။ အပြန်အလှန်မေးခွန်းတွေ အဖြေတွေ ပြုလုပ်နေမှုကတော့ တစ်ပတ်ကို ၁ဘီလီယံလောက် ရှိနေပြီလို့လဲ ပြောကြားခဲ့ပါတယ်။
အခုချိန်မှာတော့ Facebook Mentions ကို အသုံပြုနေကြတဲ့ အနုပညာရှင်များနဲ့ ကန့်သတ်ထားတဲ့ လူဦးရေအများအပြားရှိတဲ့ အထဲမှာမှ Mariah Carey, Whoopi Goldberg, Josh Duhamel, Ed Sheeran, Austin Mahone, Tyrese Gibson, Rachel Zoe, Arianna Huffington, Bill Nye နဲ့ Nick Kristofတို့ ပါဝင်အသုံးပြုနေကြတယ်လို့ သိရပါတယ်။