Education

“Education UK Exhibition 2014” ကို ကုန်သည်ကြီးများဟိုတယ်၌ ကျင်းပပေးမည်

ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော UK ပညာရေးပြပွဲတစ်ရပ်ကို ရန်ကုန်မြို့ကုန်သည်ကြီးများဟိုတယ်တွင် ၂၀၁၄ ခုနှစ် မတ်လ ၂၂ ရက် မနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ကမ္ဘောဇဘဏ်မှ အဓိက ပါဝင်ကူညီပေးထားသည့် အဆိုပါပွဲသို့ UK မှ တက္ကသိ်ုလ်ကောလိပ်များနှင့် ပညာရေးအဖွဲ့အစည်း ၂၄ ခုတို့ပါဝင်ကြမည်ဖြစ်ပါသည်။

၄င်းပညာရေးပြပွဲသို့ လာရောက်လေ့လာခြင်းဖြင့် မိမိသင်ယူလိုသော ဘာသာရပ်များကို UK တက္ကသိုလ် ကောလိပ်များမှ ကိုယ်စားလှယ် များနှင့်တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးနိုင်ပြီး UK မှ ပေးအပ်သောဘွဲ့များကို UK သို့သွားရောက်သင်ယူရန် မလိုဘဲ၊ မိမိတို့၏ နိုင်ငံအတွင်း နှင့်စင်္ကာပူနိုင်ငံတွင် ဈေးနှုန်းသက်သာစွာဖြင့် သင်ယူနိုင်သောအခွင့်အလမ်းများကို ၄င်းပညာရေး အဖွဲ့အစည်းများမှ ပညာရေးအတိုင်ပင်ခံများ၊ အကြံပေးအရာရှိများနှင့် ဆွေးနွေးနိုင်မည်ဖြစ်သည်။

ထို့အပြင် ကျောင်းသား နှင့် မိဘများ အတွက် UK ပညာရေးနှင့်သက်ဆိုင်သောသိသင့်သိထိုက်သော UK Visa၊ ကျောင်းလျှောက်ပုံ အသေးစိတ်၊သုတေသနစာတမ်းပြုစုနည်း၊ IELTS စာမေးပွဲတို့နှင့်သက်ဆိုင်သည့် ဟောပြောပွဲများကိုလည်း ပညာရေးပြပွဲ တလျှောက် တစ်ပြိုင်တည်း ပြုလုပ်ပေးသွားမည်ဖြစ်သည်။

စိတ်ပါဝင်စားသူတိုင်းလာရောက်လေ့လာနိုင်ပြီး ပွဲသို့လာရောက်မှီတွင် British Council website ၌ ကြိုတင် စာရင်းသွင်းခြင်းဖြင့် iPad Mini နှင့် IELTS စာမေးပွဲဖြေဆိုခွင့်ကံစမ်းမဲများ အပါအဝင် အခြားစိတ်ဝင်စားဖွယ်ကောင်းသော ဆုများကိုလည်း ရရှိနိုင်သည့် အခွင့်အရေးအပြင် မိမိတို့သိလိုသောအကြောင်းအရာများကို ကြိုတင်မေးနိုင်ပြီး သက်ဆိုင်ရာ တက္ကသိုလ် ကောလိပ်များမှ ကိုယ်စားလှယ်များမှလည်း မိမိတို့ လာရောက် လေ့လာဆွေးနွေးသည့်အချိန်တွင် ပိုမိုပြည့်စုံသောအဖြေများကို ပေးနိုင်ပါမည်။ ကြိုတင်စာရင်းပေးခြင်း မရှိလျှင်လည်း လာရောက်နိုင်ပါသည်။

UK ပညာရေးပြပွဲနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဗြိတိသျှကောင်စီမြန်မာမှ ပညာရေးဌာန ညွှန်ကြားရေးမှူး Susana Galvan နှင့် အခြားတာဝန်ရှိသူများမှ ရှင်းလင်း ပြောကြားမည်ဖြစ်ပါသည်။ အဓိကပါဝင်ကူညီပေးထားသော ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူများမှလည်း ၎င်းရှင်းလင်းပွဲတွင် Card Account၊ Saving Account နှင့် ကမ္ဘောဇဘဏ်၏ အခြားဝန်ဆောင်မှုများကို ရှင်းလင်းပြောကြားသွားပါမည်။

သတင်းစာရှင်းလင်းပွဲကို ဗြိတိသျှကောင်စီ စာကြည့်တိုက်အတွင်းရှိ Self-access Centre တွင် ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက် (သောကြာနေ့) ညနေ ၃ နာရီခွဲမှစ၍ အထိ ပြုလုပ်သွားမည်ဖြစ်ပါသဖြင့် တက်ရောက် သတင်းယူပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

တက်ရောက်သတင်းယူမည် ဆိုပါက သီရိရတနာကျော် (ဖုန်း – ၂၅၆၂၉၀၊ ၂၅၆၂၉၁၊ ၂၅၄၆၅၈ Ext- ၃၃၂၇) သို့ ကျေးဇူးပြု၍အကြောင်းပြန်ပေးပါရန် မေတ္တာရပ်ခံပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *