Apps, Review

E.M. Total Video Player 1.31 Software Review

Video format တွေ များလွန်းလို့ ဗွီဒီယိုတစ်ဖိုင် ရလာရင် အဲဒီ ဗွီဒီယိုကို ကြည့်ဖို့ player ရှာရ၊ converter လုပ်ရနဲ့ အလုပ် ရှုပ်တတ်ပါတယ်။ iTinySoft (www.effectmatrix.com/) က ထုတ်လုပ်တဲ့ E.M. Total Video Player 1.31 ကို ဆောင် ထား ရန် သင့်အတွက် ဒီ အခက်အခဲတွေ လျော့ပါးသွားပါလိမ့်မယ်။ Total Video Player သည် အရွယ်အစား 3.66MB သာဖြစ်ပြီး အခမဲ့ သုံးနိုင်ပါတယ်။ ဘယ်လို format မျိုးတွေ ဖွင့်နိ်ုင်လဲလို့ မေးရင် ဗွီဒီယို အပိုင်းမှာ format ၂၉ မျိုးနဲ့ audio အပိုင်းမှာ format ၂၀ ဖြစ်ပါတယ်။ Format အသေးစိတ်ကိုတော့ မရေးတော့ပါ။

လက်တွေ့အားဖြင့် FLV နဲ့ 3GP ဖိုင်များကို Total Video Player နဲ့ ဖွင့်ရာမှာ အဆင်ပြေကောင်းမွန်စွာ ကြည့်နိုင်တာကို တွေ့ ရပါတယ်။ ၎င်းဗွီဒီယိုဖိုင်များသည် Windows Media Player (WMP) နဲ့ပင် မဖွင့်နိုင်တဲ့ ဖိုင်များ ဖြစ်ပါတယ်။ ဖွင့်ချင်ရင်လည်း plug-in download ချပြီးမှသာ ဖွင့်နိုင်တာပါ။ ဒါဆိုရင် Total Video Player ကို သင်ဆောင်ထားသင့်ပါပြီ။ အခမဲ့ပေးသုံးတာကိုက ကျေးဇူးတင်စရာပါ။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *