Archive, News

Dulwich College International မှ ရန်ကုန်တွင် ကျောင်း နှစ်ကျောင်း ဖွင့်လှစ်ကာ မြန်မာနိုင်ငံသို့ဝင်ရောက်

Yoma Strategic Holdings ၏ အမေရိကန် ဒေါ်လာသန်း ၃၀ ကျော် ရင်းနှီးမြှုပ်နှံမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ပန်းလှိုင်နှင့် သန်လျင်ကြယ်စင်အိမ်ရာရှိ ကျောင်းတည်ဆောက်ရေးလုပ်ငန်းစဉ်မှ ကျောင်းနှစ်ကျောင်းတို့ကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ဖွင့်လှစ်ရန် စီစဉ်ထားသည်

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ၂၀၁၆ ဧပြီလ ၂၆ရက် – ယနေ့တွင် Dulwich College International (DCI) မြန်မာနိုင်ငံတွင် ရောက်ရှိပြီ ဖြစ်ကြောင်း တရားဝင် အသိပေးကြေညာခဲ့ပါသည်။ လှိုင်သာယာမြို့နယ်နှင့် သန်လျင်မြို့နယ်တို့တွင်ရှိသည့် ကျောင်းနှစ်ကျောင်း တို့ကို Dulwich College Yangon (DCY) ဟု တပေါင်းတစည်းတည်း ခေါ်တွင်သွားမည် ဖြစ်ပါသည်။ Dulwich College International (DCI) သည် အဆိုပါ ကျောင်းနှစ်ကျောင်းတို့၏ ပညာရေးဆိုင်ရာအကြံပေး အဖြစ်တာဝန်ယူ ဆောင်ရွက်သွားပါမည်။ ထို့ကြောင့် Dulwich College Yangon သည် ယူကေနိုင်ငံမှ လူသိများပြီးထင်ရှားသော ပုဂ္ဂလိကကျောင်းတစ်ကျောင်းနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နိုင်ငံတကာကျောင်း ဖြစ်လာမည် ဖြစ်ပါသည်။

Yoma Strategic Holdings ၏ အမေရိကန် ဒေါ်လာ သန်း ၃၀ ကျော် ရင်းနှီးမြှုပ်နှံမှုသည် Dulwich College Yangon ကို အဆိုပါ ကျောင်းနှစ်ကျောင်းတို့ဖြင့် ကမ္ဘာ့အဆင့်မီဝင့်ကြွားစွာ ပေါ်ထွက်လာတော့မည် ဖြစ်ပါသည်။ Dulwich College Yangon သည် Dulwich College International ကျောင်း မိသားစုဝင်များဖြစ်သည့် ရှန်ဟိုင်း၊ ဘေဂျင်း၊ စူးကျိုး၊ ဆိုးလ်၊ စင်္ကာပူ ရှိ ကောလိပ်ကျောင်းများ၊ စူးကျိုး နှင့် ကျူးဟိုင်တို့ရှိ Dulwich College International အထက်တန်းကျောင်းနှစ်ကျောင်း တို့နှင့်အတူ မူလတည်ထောင်သူလည်းဖြစ်၊ မိခင်ကောလိပ်လည်းဖြစ်သည့် Dulwich College London ၏ မိသားစုဝင် ကျောင်းတစ်ကျောင်း ဖြစ်လာခဲ့ပြီ ဖြစ်ပါသည်။

ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိ ဗြိတိသျှ သံအမတ်အိမ်တော်တွင် ယနေ့ညနေက ကျင်းပပြုလုပ်ခဲ့သည့် Dulwich College Yangon မိတ်ဆက်ပွဲ အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ် Mr Andrew Patrick က ဧည့်ခံကျင်းပခဲ့ပါသည်။ Dulwich College ကို ရန်ကုန်တွင် တည်ထောင်ခြင်းနှင့် စပ်လျဉ်း၍ သံအမတ်ကြီးမှ –

“Dulwich College ကို မြန်မာနိုင်ငံမှာ ဖွင့်လှစ်နိုင်ပါပြီ။ Dulwich ဟာ ၁၆၁၉ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ယူကေရဲ့ သက်တမ်းအရင့်ဆုံးနဲ့ ဂုဏ်သတင်း ကြီးမားတဲ့ ပုဂ္ဂလိကကျောင်းတစ်ကျောင်းလည်း ဖြစ်ပါတယ်။ အခုလို အရည်အသွေးရှိတဲ့ ဗြိတိသျှ စာသင်ကျောင်းတွေ ရောက်ရှိလာခြင်းက မြန်မာနိုင်ငံအတွက် အကျိုးအမြတ် အများကြီးဖြစ်မှာပါ” ဟု ပြောကြားခဲ့ပါသည်။

ယခုအခါတွင် Dulwich College Yangon ၏ ပန်းလှိုင်ကျောင်း (အဆိုပါ ကျောင်းကို Pun Hlaing International School အမည်ဖြင့် ၂၀၁၆ ခုနှစ် သြဂုတ်လ အထိသာ ခေါ်တွင်မည်ဖြစ်သည်။) သည် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ဝင်ခွင့်များကို စတင်လက်ခံနေပြီ ဖြစ်ပါသည်။ သန်လျင်ကြယ်စင်အိမ်ရာရှိ Dulwich College Yangon (ယခင် British College Yangon) သည် လာမည့် ၂၀၁၇ ခုနှစ် သြဂုတ်လ ပညာသင်နှစ်တွင် ပထမဆုံး တက်ရောက်ကြမည့် ကျောင်းသားများ၏ဝင်ခွင့်များကို ၂၀၁၆ ခုနှစ် ဇွန်လတွင် စတင်လက်ခံ သွားမည်ဖြစ်ပါသည်။

၁၉၅၉-၁၉၆၆ ခုနှစ် ကျောင်းသားဟောင်း (Old Alleynian) နှင့် Dulwich College London Board of Governors ၏ ဥက္ကဌ ဖြစ်ပြီး CBE ဘွဲ့ချီးမြှင့်ခံရသူ The Right Honourable Peter Riddell က “မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်နေချိန်မှာ Dulwich College Yangon ကို ဖွင့်လှစ်နိုင်အောင်လို့ လုပ်ဆောင်နိုင်ခဲ့တာဟာ တကယ့်ကို ဂုဏ်ယူစရာပါ။ Dulwich College ကို ရန်ကုန်တွင် ဖွင့်လှစ်ခြင်းက Dulwich ပညာရေးကို ပိုမိုကျယ်ပြန့်အောင် ဆောင်ရွက်နိုင်တာဖြစ်တဲ့အတွက် အထူးပင်ဝမ်းမြောက်မိ ပါတယ်။” ဟု ပြောကြားသွားပါသည်။

Dulwich College International ၏ တည်ထောင်သူ နှင့် ဥက္ကဌ ဖြစ်သူ Fraser G. White မှ “Dulwich College Yangon ရဲ့ ကျောင်းအဆောက်အအုံနဲ့ သင်ထောက်ကူပစ္စည်းတွေဟာ Yoma Strategic Holding နှင့် DCI တို့၏ ရည်မှန်းချက်အတိုင်း ကမ္ဘာ့အဆင့်မီပညာရေးကို မြန်မာနိုင်ငံတွင် ရရှိအောင် ဆောင်ရွက်ခြင်းရဲ့ သက်သေဖြစ်ပါတယ်။ ဒါတွေကို အသုံးပြုခွင့်ရမည့် မြန်မာနဲ့ နိုင်ငံတကာမှ ကျောင်းသားတွေအတွက်လည်း လွန်စွာအကျိုးရှိမှာ ဖြစ်ပါတယ်” ဟု ပြောကြားသွားပါသည်။

Dulwich College International (DCI) အဖွဲ့အစည်းကို ကိုယ်စားပြု၍ Dulwich College International ၏ အလုပ်အမှုဆောင်အရာရှိချုပ် Mr Christian Guertler မှ “ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့အဆင့်မီ ပညာရေးရရှိအောင် ဆောင်ရွက်ပေးအားဖြင့် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို တထောင့်တနေရာမှ အထောက်အကူဖြစ်စေပါတယ်။ ထို့အပြင် ပညာရေးတိုးတက်မှုဟာ မြန်မာနိုင်ငံရှိ ကျောင်းသားများနဲ့ ပြည်ပမှလာရောက်နေထိုင်သူများ အတွက်လည်း အကျိုးရှိမှာ ဖြစ်ပါတယ်” ဟု ပြောကြားသွားခဲ့ပါသည်။

Yoma Strategic ၏ အလုပ်အမှုဆောင် အရာရှိချုပ်နှင့် အုပ်ချုပ်မှု ဒါရိုက်တာ ဖြစ်သူ Mr Melvyn Pun မှ “Dulwich College Yangon ကို ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာနဲ့ သန်လျင်ကြယ်စင်အိမ်ရာမှာ ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် Yoma Strategic အနေနဲ့ ဝမ်းမြောက်မိ ပါတယ်။ ကမ္ဘာ့အဆင့်မီစာသင်ခန်းတွေနဲ့အတူ Dulwich ရဲ့ အကောင်းဆုံး ပညာရေးအဆင့်အတန်းဟာ ကျွန်တော်တို့ရဲ့ အသိုက်အဝန်းအတွက် ကြီးမားတဲ့အကျိုးအမြတ်တစ်ခု ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့အနာဂတ်မျိုးဆက်သစ် ခေါင်းဆောင်တွေ ပေါ်ထွက်လာရေးအတွက်လဲ အထောက်အကူပြုပါလိမ့်မယ်” ဟု ပြောကြားခဲ့ပါသည်။

Dulwich College Yangon ကို ထူထောင်သည့်ကျောင်းအုပ်ဖြစ်သူ Mr Daryl Orchard မှ “Dulwich College Yangon ဟာ ကောင်းမွန်ပြီး အဆင်ပြေချောမွေ့လှသည့် ကျောင်းသားဗဟိုပြု ပညာသင်ကြားရေးကိုပေးစွမ်းနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုပါ။ ကျောင်းသားတွေအနေနဲ့ ရန်ကုန်ရှိ ကျောင်းနှစ်ကျောင်းအပြင် အခြား Dulwich College International မိသားစုဝင်ကျောင်းများမှ စာသင်ခန်းပြင်ပ သင်ကြားမှုများဖြစ်တဲ့ အနုပညာ၊ အားကစားနဲ့ လူမှုဆက်ဆံရေးတို့ကို လေ့လာသင်ယူဖို့ အခွင့်အလမ်းတွေလည်း ရှိမှာဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

Mr Daryl Orchard မှ ဆက်လက်ပြီး “ကျွန်တော်တို့ ကျောင်းတွေမှာ ဗြိတိန်သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပေးသွားမှာပါ။ တပြိုင်တည်းမှာပဲ ကျွန်တော်တို့ဟာ မြန်မာစာနဲ့ မြန်မာ့ယဉ်ကျေးမှုကို သင်ကြားပေးဖို့အရေးကြီးတယ် ဆိုတာကိုလည်း လေးလေးနက်နက် သဘောပေါက် လက်ခံထားပါတယ်။ ဒါ့အပြင် ကျောင်းသားတွေကို Dulwich College International ရဲ့ မန်ဒရင်တရုတ်ဘာသာစကား သင်ကြားမှုအစီအစဉ်ကိုလည်း ပို့ချပေးသွားမှာပါ”ဟုပြောကြားခဲ့ပါသည်။

Dulwich College Yangon သည် Dulwich College International Schools Foundation ကို မကြာခင်က စတင်တည်ထောင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၀ဝ၀ဝ၀ ကို ပရဟိတလုပ်ငန်းဖြစ်သည့် Magic Bus Myanmar ၏ နှစ်နှစ်တာ ကနဦး စီမံကိန်းလုပ်ငန်း ဆောင်ရွက်ချက်များအတွက် ပေးအပ်လှူဒါန်းခဲ့ပါသည်။

စုံစမ်းဆက်သွယ်ရန်

ဝင်ခွင့်နှင့်ပတ်သက်၍ သိရှိလိုပါက : [email protected] သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
Dulwich College website: www.dulwich.org.uk
Dulwich College International website: www.indulwich.com
Dulwich College Yangon website: www.dulwich-yangon.com.mm

 

Leave a Reply

Your email address will not be published. Required fields are marked *