တိုးတက်နေတဲ့ ယနေ့ကမ္ဘာကြီးမှာ ဆန်းသစ်သော နည်းပညာများလည်း တစ်နေ့တစ်ခြားပို၍ တိုးပွါးလို့လာပါတယ်၊ ထို့အတူ မော်တော်ယဉ်ကုမ္ပဏီများကလည်း ၎င်းတို့ရဲ့ customerများ စိတ်ကျေနပ်မှု ရရှိနိုင်ရန်အတွက် စုံလင်သောနည်းပညာမြင့် ကားများကို ထုတ်လုပ်လျက်ရှိကြပါတယ်။ ကားဝယ်ယူသူများအနေဖြင့်လည်း ဈေးနှုန်းသင့်တင့်၍ ဆီစားသက်သာသော ကားများကိုပို၍ ရွေးချယ်ဝယ်ယူလာကြပါတယ်။ ဒါကြောင့် Motors.com.mm ကနေပြီး ကားအမျိုးအစား တစ်ခုချင်းစီအလိုက် ဘယ်ကားအား ရွေးချယ်ဝယ်ယူသင့်သည်ကို အားသာချက်၊ အားနည်းချက်လေးတွေဖြင့် အကြမ်းဖျင်း ဖော်ပြပေးလိုက်ပါတယ်။ အရမ်းအသေးစိတ်ရင်လည်း စာအုပ်တစ်အုပ်ထုတ်တောင် မကုန်တဲ့နည်းပညာများ ဖြစ်နေလို့ဖြစ်ပါတယ်။
ဓာတ်ဆီကား နှင့် ဒီဇယ်ကား ဆိုတာ…
ဓာတ်ဆီ၊ ဒီဇယ် အားလုံးက အမေတစ်ဦးထဲက မွေးလာတဲ့ ကလေးနှစ်ယောက်လိုပါပဲ။ ရေနံစိမ်းကို ကြိုချက်ပြီး ရတာချည်းဖြစ်ပါတယ်၊ သိုပေမယ့် ဓာတ်ဆီကပိုပြီး ကြိုချက်ရပါတယ်။ ဆိုလိုရင်းက ဓာတ်ဆီက ပိုပြီးသန့်ပါတယ်။ ဒါကအကြမ်းဖျင်း ဆေးဆိုခြင်းပါ။ သန့်တဲ့ဒီဇယ်ဆီတွေလည်း ရှိပါတယ်။ ဓာတ်ဆီကပိုပြီး မီးလောင် လွယ်ပါတယ်။ ဒီတိုင်းထားရင်ကို အလိုလိုမီးတောက်တတ်လို့ သင်္ဘောပေါ်မှာတောင် မသုံးရဲပါဘူး။ ဒီဇယ်ကျတော့ သာမန်အခန်းအပူချိန်မှာ မီးထမလောင်တတ်တဲ့အတွက် သင်္ဘောမှာလည်း အဆင်ပြေတဲ့ဆီမျိုး ဖြစ်ပါတယ်။ သို့ပေမယ့် သူ့အားနည်းချက်က ဆာလဖာလို အညစ်အကြေးများခြင်း ဖြစ်ပါတယ်။ အသေးစိတ် ပြောရင် သူတို့နှစ်ခုခြားနားချက်က ပြောလို့တောင်ကုန်မှာ မဟုတ်ပါဘူး။
ဒီတော့ ဓာတ်ဆီကားကို ပြိုင်ကားတွေမှာ ပိုသုံးပါတယ်။ ဒီဇယ်နဲ့မောင်းတဲ့ ပြိုင်ကားတွေလည်းရှိပေမယ့် ဓာတ်ဆီ အင်ဂျင်သုံးပြိုင်ကားလောက် မစွမ်းနိုင်ဘူးဆိုတာ လက်တွေ့စမ်းသပ်ထားတာပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ဓာတ်ဆီ အင်ဂျင်သုံးကားက ပိုအန္တရာယ်များပါတယ်။ ကားအက်ဆီးဒန့် ဖြစ်တာတို့ဆိုရင် ဓာတ်ဆီကားက ပိုမီးလောင် လွယ်ပါတယ်။ ဒီဇယ်ကမလောင်ဘူးလို့တော့ မဆိုလိုပါ။ ဓာတ်ဆီက ပိုပြီးတော့ အလားအလာများခြင်း ဖြစ်ပါတယ်။ ဒီဇယ်ကားက ပျက်ရင် ပြင်ရခက်ခဲတတ်ပါတယ်။ ဓာတ်ဆီအင်ဂျင်ကျတော့ ပျက်ခဲပြီးပြင်ဖို့လည်း ဒီဇယ် အင်ဂျင်လောက် မခက်ပါဘူး။
ဒီတော့ ပြိုင်ကားစီးချင်တယ် သို့တည်းမဟုတ် ခပ်မြန်မြန်ကားတွေပဲ မောင်းချင်တယ်၊ ပျက်ရင်ပြင်ဖို့ သိပ်အချိန် မပေးနိုင်သူများအတွက် ဓာတ်ဆီကားကို ရွေးသင့်ပါတယ်။ သာမန်အရှိန်လောက် မောင်းနေရရင် အဆင်ပြေပါပြီ။ ကားအက်ဆီးဒန့်ဖြစ်မှာလည်း ကြောက်တယ်။ သို့ပေမယ့် အင်ဂျင်ပျက်ရင် ဝပ်ရှော့ကောင်းကောင်း အပ်နိုင်မယ်ဆိုရင် ဒီဇယ်အင်ဂျင်ကားကို ရွေးသင့်ပါတယ်။ ဒီမှာချွင်းချက်ရှိပါသေးတယ်၊ CNG ဂက်စ်အိုးပြောင်းဖို့ စိတ်ကူး ရှိတယ်ဆိုရင်တော့ ဓာတ်ဆီတစ်မျိုးတည်း ရှာဝယ်ရမှာဖြစ်ပါတယ်။ ဓာတ်ဆီအင်ဂျင်ကိုပဲ CNG ဓာတ်ငွေ့ လောင်စာအင်ဂျင် ပြောင်းလို့ရလို့ဖြစ်ပါတယ်၊ ကာပရိုက်တာမပါတဲ့ ဒီဇယ်အင်ဂျင်မှာမရပါဘူး။
ဟိုင်းဘရစ်ကား…
Hybrid အင်ဂျင်သုံးကားက၂၀ဝ၀ခုနှစ်နောက်ပိုင်းပေါ်ပြီး မြန်မာပြည်မှာတော့ ခေတ်စားတာ တစ်နှစ်ဝန်းကျင်ပဲ ရှိပါအုံးမယ်။ ဟိုင်းဘရစ်ကား စာရင်းအများစုကိုလည်း Motors.com.mm မှာ ဖော်ပြပေးထားပါတယ်။ ကောင်းပါတယ်၊ တကယ်ကောင်းပါတယ်။ ဆီစားသက်သာတဲ့အတွက် အနာဂတ်ကမ္ဘာ့နိုင်ငံ များကလည်း ကားတော်တော်များများကို ဟိုင်းဘရစ်ဘက်ကို ပြောင်းနေပါတယ်။ အကြမ်းဖျင်းပြောရရင် လောင်စာဆီ (ဓာတ်ဆီ သို့မဟုတ် ဒီဇယ်ဆီ) သုံးအင်ဂျင်ကို လျှပ်စစ်ဘက်ထရီနဲ့ အားထပ်ဖြည့်ခြင်းဖြစ်ပါတယ်။ အချို့ကျတော ့လျှပ်စစ်ဓာတ်အားသုံးဘက်ထရီကိုလောင်စာဆီက ပြန်လည်အားဖြည့်တာမျိုးလည်းရှိပါတယ်။ ဟိုင်းဘရစ်နည်းပညာမှာတောင်မှ အနည်းဆုံး၃မျိုးလောက်ထပ်ကွဲပါသေးတယ်။
မြန်မာပြည်မှာတော့ ဟွန်ဒါအင်ဆိုက်၊ ဆီးဗစ်တို့က နာမည်ကြီးဟိုင်းဘရစ်များ ဖြစ်ပါတယ်။ သို့ပေမယ့်သူတို့ အလုပ်လုပ်ပုံက ကွဲပါတယ်။ ဥပမာ ကီလိုမီတာဘယ်လောက်ရှိမှ ဘက်ထရီက အလုပ်လုပ်တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် အင်ဆိုက်၊ ဆီးဗစ်တွေက မြို ့တွေမှာထက် ဟိုင်းဝေးလမ်းတွေမှာ ပိုလက်စွမ်းပြပါတယ်။ အင်ဂျင် ကိုတောင် နားစေပြီး ဘက်ထရီသီးသန့်နဲ့တောင် မောင်းစေတဲ့ ဟိုင်းဘရစ်နည်းပညာသုံး ကားများလည်း ရှိပါသေးတယ်။ ဟိုင်းဘရစ်ကတော ့အလှစီးပဲဖြစ်ပါတယ်။ ခပ်ကြမ်းကြမ်း၊ ခပ်မြန်မြန် စီးချင်သူများအတွက် မကိုက်ပါဘူး။ သူကအင်ဂျင်ပါဝါလည်း နည်းပါတယ်။ မော်တာနဲ့ပေါင်းမှာ အင်ဂျင်အားကြီးတာမျိုးက ခပ်များများ ဖြစ်ပါတယ်။ သို့ပေမယ့် ဆီစားသက်သာတာတစ်ခုကတော့ တော်တော်ကောင်းတဲ့ အားသာချက်ဖြစ်ပါတယ်။ ဘက်ထရီကောင်းတာ မကောင်းတာပဲ စဉ်းစားစရာ ရှိပါတော့တယ်။ ဒီနောက်ပိုင်း ဟိုင်းဘရစ်အင်ဂျင်သုံး ပြိုင်ကားလည်း ကြိုးစားထုတ်လုပ်နေပြီ ဖြစ်ပါတယ်။
အနှစ်ချုပ်အနေဖြင့် ပြောရမည်ဆိုလျှင် ဘယ်အင်ဂျင်က ကောင်းတယ်လို့လည်း မဆိုလိုပါဘူး။ အားလုံး သူ့အားသာချက်၊ အားနည်းချက်တွေနဲ့ ကိုယ်စီရှိကြပါတယ်။ အနာဂတ်မှာ လောင်စာဆီမရှိတော့ရင် အခြားသော စွမ်းအင်သုံး အင်ဂျင်တပ်ကားများလည်း ပေါ်လာအုံးမှာဖြစ်ပါတယ်။ သို့ပေမယ့် လောလောဆယ် ရွေးချယ်စရာရှိတာက ဓာတ်ဆီကား၊ ဒီဇယ်ကား၊ ဟိုင်းဘရစ်ကား ဖြစ်ပြီး ကိုယ်နဲ့အဆင်ပြေမယ့် အမျိုးအစားကို နှစ်သက်သလိုဝယ်ယူ မောင်းနှင်နိုင်ပါတယ်။
အကယ်၍ သင့်အနေဖြင့် များပြားလှစွာသော ဓာတ်ဆီကား၊ ဒီဇယ်ကား၊ ဟိုင်းဘရစ်ကားများကို တစ်နေရာတည်းတွင် ရှာဖွေချင်တယ်ဆိုရင်တော့ Motors.com.mmအား အခုပဲဝင်ရောက် ကြည့်ရှူလေ့လာနိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့ နံပါတ်တစ် ကားရောင်းဝယ်ဈေးကွက် Motors.com.mm ဟာမြန်မာနိုင်ငံရဲ့ အွန်လိုင်းကား ဈေးကွက်မှာ အအောင်မြင်ဆုံးနဲ့ အကောင်းဆုံးwebsite ဖြစ်သည့်အားလျော်စွာ နာမည်ကျော်ကားများ ကိုတစ်နေရာတည်းမှာ အမျိုးအစားစုံလင်စွာနဲ့ ရွေးချယ်ဝယ်ယူနိုင်အောင် လုပ်ဆောင်ပေးတဲ့ ဝက်ဘ်ဆိုဒ် ဖြစ်ပါတယ်။ ကားအသစ်များကိုသော်လည်းကောင်း ၊တစ်ပတ်ရစ်ကားများ ကိုသော်လည်းကောင်း၊ ကားအမျိုးအစား အားလုံးရရှိနိုင်သည့်အပြင် ဆိုင်ကယ်နှင့် လုပ်ငန်းသုံးယာဉ်များစသည့် မည့်သည့် ယာဉ်အမျိုး အစားကိုမဆို Motors.com.mm ရဲ့ထောင်ပေါင်းများစွာသော Listing များထဲမှ သင့်စိတ်ကြိုက် သင့်တင့်သော ဈေနှုန်းဖြင့် လွယ်ကူစွာ ရှာဖွေဝယ်ယူနိုင်ပါတယ် သင်ရှာဖွေတွေ့ရှိသောကား၏ ပူးတွဲပါအသေးစိတ် အချက်အလက်များသည်လည်း အထောက်အကူဖြစ်ပါတယ်။ သင်ကားဝယ်ယူရန်အတွက် လည်းကားမူရင်းပိုင်ရှင်၊ အရောင်းဝယ်လုပ်ငန်းပိုင်ရှင် သို့မဟုတ် ပြည်တွင်းသို့ ကားတင်သွင်းသော လုပ်ငန်းရှင်တို့ထံ တိုက်ရိုက် ဆက်သွယ် ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ရောင်းချသူများအနေဖြင့်လည်း သန်းပေါင်းများစွာသော ဝယ်ယူသူများဆီ အချက်လက်များ ရောက်ရှိနိုင်သည့်အပြင် ရောင်းချသူများများကိုယ်တိုင် ကားစာရင်းကို လွယ်ကူလျင်မြန်စွာ တင်နိုင်ပြီး လုပ်ငန်းဆိုင်ရာ အချက်လက်များ ဖော်ပြရန်အတွက် ကိုယ်ပိုင် Profile Page or Company Page တစ်ခုပါရရှိနိုင်မှာ ဖြစ်ပါတယ်။ Motors.com.mm က ကားရောင်းချင်သူ ဝယ်လိုသူများအတွက် ၁၀ဝ% ကူညီပေးနိုင်မည့် နံပါတ်တစ် အွန်လိုင်းကား အရောင်းဝယ်အွန်လိုင်း ဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်ပါတယ်။