Education, Lifestyle, News

အမျိုးသမီးများနှင့် အသက်မွေးဝမ်းကြောင်းပညာပေး ဆွေးနွေးပွဲ အောင်မြင်စွာ ပြီးဆုံးခြင်း

အမျိုးသမီးများနှင့် အသက်မွေးဝမ်းကြောင်းပညာပေး ဆွေးနွေးပွဲ အောင်မြင်စွာ ပြီးဆုံးခြင်း

ဇွန်လ၊၂၂ ရက်နေ့၊ မနက် ၁၀ နာရီမှ ၁၂ နာရီအထိ လှိုင်သာယာမြို့နယ်၊ စက်မှုဇုံ ၁ အနီးမှ အားကစားခန်းမတွင် အမျိုးသမီးများနှင့် အသက်မွေးဝမ်းကြောင်းပညာပေး ဆွေးနွေးပွဲတစ်ရပ်ကို Care အဖွဲ့မှ ကြီးမှူးကျင်းပ တာဝန်ယူပြုလုပ်ခဲ့ပါ သည်။ အမျိုးသမီးများ ခေါင်းဆောင်မှုကဏ္ဍတွင် နေရာယူနိုင်ရန် အစိုးရ၊ စီးပွားရေး လုပ်ငန်းများအပါအဝင် လူထုအခြေပြု အဖွဲ့အစည်းများမှ အမျိုးသမီးများအား အသိပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှုများနှင့် နည်းနာများပေးရန် တရားဝင် အသိအမှတ်ပြု ပညာရေးနှင့် သင်တန်းများ လိုအပ်လှပါသည်။ အမျိုးသမီးများ အချင်းချင်း ချိတ်ဆက် လုပ်ဆောင်နိုင်ရန်နှင့် အပြန်အလှန်သင်ယူ မှတ်သားခြင်း၊ လမ်းညွှန်ပေးခြင်းနှင့် သွေးစည်းညီညွတ်ခြင်းတို့အတွက် အခွင့်အလမ်းများကို ပိုမိုအားကောင်း စေရန် ဆန်းသစ်သော မဟာဗျူဟာများကို အမျိုးသမီးများအတွက် ပညာရေးကဏ္ဍသည်လည်း အထူးအရေးပါ လိုအပ်ကြောင်း Center for Vocational Training (CVT Myanmar) မှ နှစ်စဉ် သင်ကြားလျက်ရှိသော အလုပ်သင် ပညာရေးစနစ်ဖြင့် (apprenticeship) သင်ကြားနေသော စီးပွားရေးအထောက်အကူပြုသင်တန်း၊ လျှပ်စစ်အတတ်ပညာသင်တန်း၊ ပရိဘောဂသင်တန်း၊ သတ္တုအတတ်ပညာသင်တန်းနှင့် ဟိုတယ်နှင့် ဧည့်ဝတ်ပြုမှုဆိုင်ရာ အထောက်အကူပြုသင်တန်းများဖြစ်သည့် သင်တန်းအမျိုးအစား ၅ မျိုးတို့၏ သတင်း အချက်အလက်များကိုလည်း ဝင်ရောက် ရှင်းလင်းပြောပြခဲ့ကြောင်း သတင်းရရှိပါသည်။

အမျိုးသမီးများနှင့် အသက်မွေးဝမ်းကြောင်းပညာပေး ဆွေးနွေးပွဲ အောင်မြင်စွာ ပြီးဆုံးခြင်း

အမျိုးသမီးများနှင့် အသက်မွေးဝမ်းကြောင်းပညာပေး ဆွေးနွေးပွဲ အောင်မြင်စွာ ပြီးဆုံးခြင်း

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *