News, Review

၂၀၁၅ ခုနှစ် မေလ ၁၈ ရက်နေ့ မှ ဇွန်လ ၂၁ ရက် နေ့အထိ beTab 10 Pro Road Show အစီအစဉ် ပြုလုပ်ကျင်းပသွားမည်။

၂၀၁၅ ခုနှစ် မေလ ၁၈ ရက်နေ့ မှ ဇွန်လ ၂၁ ရက် နေ့ အထိ beTab 10 Pro Road Show အစီအစဉ် ပြုလုပ်ကျင်းပသွားမည် ။

Microsoft နှင့် Intel တို့၏ နည်းပညာဖြင့် ပူးပေါင်းထုတ်လုပ်သော မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကိုယ်ပိုင်အမှတ်တံဆိပ်Tablet ဖြစ်တဲ့ beTab 10 Pro ကို ၂၀၁၅ ခုနှစ် မေလ ၁၈ ရက်နေ့ မှ ဇွန်လ ၂၁ ရက်နေ့ အထိ Technoland , KMD , Citicom, King Power နှင့် Idea Link အရောင်းဆိုင်ကြီးများတွင် အလည့်ကျ Road Show အစီအစဉ် ပြုလုပ်ကျင်းပ သွားမည်ဖြစ်ပါတယ် ။ be Tab 10 Pro မှာ Tablet ကဲ့သို့ လည်ကောင်း ၊ Notebook ကဲ့သို့ သော်လည်းကောင်း အသုံးပြုနိုင်သော Windows 8.1 License ပါဝင်တဲ့ 2 in 1 Hybrid Tablet အမျိုးအစားဖြစ်ပါတယ် ။ Intel ၏ နောက်ဆုံးပေါ် Atom Z3735 (1.33 GHz) CPU ပါဝင်ပြီး Intel HD Graphic (7th Gen), RAM 2 GB, Built-in Storage 32 GB ပါဝင်ပါတယ် ။ Screen အရွယ်အစား ၁၀.၁ လက်မ နဲ့ Resolution 1280 x 800 ရှိတဲ့ IPS Touch Screen အသုံးပြုထားပါတယ် ။

Note တွေမှတ်သားရန်အတွက် တိကျသေချာတဲ့ အသုံးပြုမှုများအတွက် Digitizer Pen တွဲဖက် ပါဝင်ပါတယ် ။ Main Camera အတွက် 5.0 MP ရှိပြီး Video Conferencing နှင့် Video Chat များအတွက် Front Camera 2.0 MP အသုံးပြုထားပါတယ် ။ 3G Internet အသုံးပြုဖို့အတွက် Tablet အတွင်း ထည့်သွင်းရသော 3G Stick ကို USD 30 ဖြင့်လည်းကောင်း ၊ Notebook ကဲ့သို့ အသုံးပြုဖို့အတွက် Keyboard ပါဝင်တဲ့ Tablet Cover ကို USD 30 ဖြင့်လည်းကောင်း ဝယ်ယူ အသုံးပြုနိုင်ပါတယ် ။ Road Show တွင် beTab 10 pro Wifi ကို USD 259 ဖြင့် ဝယ်ယူနိုင်ပြီး 16 GB micro SD Card နှင့် Fujitsu Wireless Mouse မေတ္တာလက်ဆောင် ပေးအပ်မည် ဖြစ်ပါတယ် ။ be Tab 10 Pro Wifi + 3G + Keyboard Cover ကို USD 299 ဖြင့် ဝယ်ယူနိုင်ပြီး 1 GB Data Plan ပါဝင်သော SIM Card နှင့် Fujitsu Wireless Mouse မေတ္တာလက်ဆောင် ပေးအပ်မည် ဖြစ်ပါတယ် ။

be Tab 10 pro Road Show ကို မေလ ၁၈ ရက်မှ ၂၄ ရက် အတွင်း ၃၆လမ်းရှိ Technoland တွင်လည်းကောင်း ၊ မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့ အတွင်း ပန်းဆိုးတန်း KMD တွင်လည်းကောင်း ၊ ဇွန်လ ၁ ရက်နေ့ မှ ၇ ရက်နေ့အတွင်း မဟာဗန္ဓုလပန်းခြံလမ်း ရှိ Citicom တွင် လည်းကောင်း ၊ ဇွန်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း ဆိပ်ကမ်းသာအောက် ဘလောက်ရှိ King Power တွင် လည်းကောင်း ၊ ဇွန်လ ၁၅ ရက်မှ ၂၁ ရက် အတွင်း ဆိပ်ကမ်းသာလမ်းရှိ IDEA LINK တွင်လည်းကောင်း အစရှိသော IT နှင့် Mobile အရောင်းဆိုင်ကြီးများတွင် အပတ်စဉ် အလည့်ကျ ပြုလုပ်ကျင်းပသွားမည် ဖြစ်ပါတယ် ။ be Tab 10 pro Road Show နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဖုန်း 09-260-513-344 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *