News

Apple ၏ ဒုတိယ ဥက္ကဌမှ ဒေါ်လာ ၃၈.၇ သန်း တန်ကြေးရှိ ရှယ်ယာများ ထုတ်ယူခဲ့

ယခင်လအတွင်း Apple ၏ CEO ဖြစ်သူ Tim Cook မှ Apple ၏ Stock Share မြင့်တက်လာမှုအတွက် ဒေါ်လာသန်း ပေါင်းများစွာ ဆုချီးမြင့်ခြင်းခံခဲ့ရခြင်း နှင့်အတူ ၄င်း၏လစာမှာလည်း ပေါ်ထွက် ခဲ့ပါတယ်။ ထိုထဲမှ Tim Cook ဟာ ၄င်းရဲ့ နစ်နာ ကြေးရယူလိုမှုများနှင့် ပတ်သက်၍ Share အချို့ကို ငွေသားဖြင့်ပြန်လည် လဲလှယ်ခဲ့ပါတယ်။ ယခုအချိန်တွင်လည်း Apple ၏ ထိပ်တန်းပိုင်း အရာရှိတစ်ဦးဖြစ်သူ Scott Forstall မှ Apple တွင် ၄င်းပိုင်ဆိုင်သော ရှယ်ယာပေါင်း ၆၄၀,၀၀၀ ကို ငွေသားဖြင့်ပြန်လည် လဲလှယ်ခဲ့ပြီး ဒေါ်လာ ၃၈.၇ သန်းရရှိခဲ့ကြောင်း သိရပါတယ်။ သတင်းများအရ Scott မှာ အဆိုပါ ရှယ်ယာများကို ၂၀၀၈ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး ထိုထဲမှ ရှယ်ယာပေါင်း ၁၂၀,၀၀၀ bonus အနေဖြင့် ရရှိခဲ့ကြောင်း သိရပါတယ်။

၄င်းဟာ အဆိုပါ ရှယ်ယာများကိုလည်း ငွေကြေးဖြင့် ပြန်လည်လဲလှယ်ခဲ့သော်လည်း ကုမ္ပဏီအတွင်း ထပ်မံရင်နှီးမြုပ်နှံရန် ရှယ်ယာပေါင်း ၂၅၀,၀၀၀ ကျန်ရှိ နေသေး ကြောင်းသိရပါတယ်။ Apple တွင် Scott မှာလက်ရှိအချိန်တွင် တစ်နှစ်လစာ ဒေါ်လာ ၇၀၀,၀၀၀ ရရှိနေပြီး လေ့လာဆန်းစစ်သူများမှတော့ Scott အနေဖြင့် ယခုလို များပြားသော ပိုက်ဆံများ ရရှိနေမှုကို အံ့အားသင့်နေကြကာ အများစုကတော့ Apple အတွက် တစ်နှစ်အတွင်း ဒေါ်လာ ၂၉ ဘီလီယံ ရှာဖွေပေးနိုင်ခဲ့သော iOS division ကို ဦးဆောင်ခဲ့မှုများကြောင့် ဖြစ်ကြောင်း မှတ်ချက်ချထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *