MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Articles · 2014-03-05

Apple CFO Peter Oppenheimer နေရာတွင် Luca Maestri နှင့် အစားထိုး

By Re Mo

Archived article. This text reflects its original publication date; products, links and information may have changed.
Apple CFO Peter Oppenheimer နေရာတွင် Luca Maestri နှင့် အစားထိုး

နည်းပညာလောကမှာ ၁၈နှစ်ကြာ ဖြတ်သန်းပြီး Apple ရဲ့ Senior Vice President နှင့် Chief Financial Office အဖြစ်တာဝန်ယူထားတဲ့ Peter Oppenheimer ဟာ လာမယ့် September လမှာ အနားယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ခုနွေဦးမှ Apple ရဲ့ ဘဏ္ဏာရေးနှင့် အဖွဲ့အစည်းဆိုင်ရာ ကြီးကြပ်မှုတွင် Vice President အဖြစ် စတင်တာဝန်ယူတဲ့ Luca Maestri နှင့် အစားထိုးမှာဖြစ်ပါတယ်။

Chief Financial Officer Oppenheimer ရဲ့ ဆယ်စုနှစ်ဖြတ်သန်းမှုမှာ ၁၉၉၆ ခုနှစ်တွင် ဘဏ္ဏာရေးဆိုင်ရာ ကြီးကြပ်သူအနေနဲ့ အမေရိကမှာ စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး ကမ္ဘာအနှံ့ ငွေကြေးဆိုင်ရာ စီမံမှု မဟာဗျူဟာ များတွင်လည်း ကူညီပံ့ပိုးခဲ့ပါတယ်။ ဒါ့အပြင် Apple ရဲ့ အမြတ်အစွန်းမှတ်တန်း တွေကိုလေ့လာပြီး အရေးပါတဲ့ ငွေကြေးတည်ဆောက်မှုတွေကို ပြုလုပ်ခဲ့သူပါ။ သူဆောင်ရွက်ခဲ့တဲ့ မဟာဗျူဟာ အစိတ်အပိုင်းတစ်ခုအဖြစ် Apple ဟာ ကမ္ဘာတစ်ဝှမ်းရှိ သူ့လက်အောက်ခံ ကုမ္ပဏီတွေရဲ့ တရားဝင် အခွန်ရှောင်နိုင်အောင်ပြုလုပ်ခြင်းပါပဲ။ ၂၀၁၃မှာ အစုရှယ်ယာရှင်တွေရဲ့ ရင်းနှီးမြှပ်နှံမှုကြောင့် Apple ဟာ ဒေါ်လာ ၁၇ ဘီလျံ ဝင်ငွေ မြင့်တက်ခဲ့ပါတယ်။ အဲဒါကတော့ ကုမ္ပဏီတွေရဲ့ အခွန်ကောက်ခံမှုကို ကူညီခဲ့လို့ပါပဲ။ “သူဟာ အံ့သြဖွယ်ကောင်းတဲ့ ရန်ပုံငွေ တည်ဆောက်မှုကို အကောင်းဆုံးလုပ်ပြသွားသူပါ” လို့ Oppenheimer ရဲ့ စီမံမှုကို Oracle ရဲ့ Chief Market Strategist ဖြစ်တဲ့ Lawrence Isacc Balter က ချီးမွမ်းခဲ့ပါတယ်။

ထုတ်ပြန်ချက်တစ်ခုမှာတော့ အရေးပါတဲ့ အပြည်ပြည်ဆိုင်ရာ တိုးချဲ့မှုတွေနှင့် ကုမ္ပဏီရဲ့ ဝင်ငွေဖွံ့ဖြိုးမှုတို့အတွက် Apple ရဲ့ CEO ဖြစ်တဲ့ Timothy D. Cook ဟာ Oppenheimer ကို ဂုဏ်ပြုခဲ့တယ်လို့သိရပါတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်အတွင်း ကုမ္ပဏီရဲ့ဝင်ငွေဟာ ဒေါ်လာ ၈ ဘီလျံမှ ဒေါ်လာ ၁၇၁ ဘီလျံထိ ရာခိုင်နှုန်းအားဖြင့် ၂၀ဝ၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

၂၀၁၂ ဘဏ္ဏာရေးနှစ်မှာတော့ Oppenheimer ဟာ ဒေါ်လာ ၆၈.၆ မီလျံ ဝင်ငွေရှိတဲ့အတွက် သူဟာ အဲဒီနှစ်အတွက် အမြင့်မားဆုံး ဝင်ငွေရှိတဲ့ Chief Financial Officer တစ်ယောက်အဖြစ် Bloomberg News က မှတ်သားဖော်ပြခဲ့ပါတယ်။ အဲဒီငွေကြေး ပမာဏဟာ သူ့အထက်အရာရှိ Apple CEO Tim Cook ရဲ့ဝင်ငွေထက် ပိုများနေတာကိုတွေ့ရပါတယ်။

“ကျွန်တော် Apple ကို ချစ်မြတ်နိုးပါတယ်” “ဒီ့အပြင် ကျွန်တော်ချစ်တဲ့သူတွေရှိသလို ဒီနေရာဟာ ကျွန်တော် ၁၈နှစ်လုံးလုံး အထူးအခွင့်ရေးတွေနဲ့ အလုပ်လုပ်ခဲ့တဲ့နေရာပါ” “အခုအချိန်မှာတော့ ကျွန်တော့ရဲ့ ကိုယ်ပိုင်အချိန်နှင့် မိသားစုအတွက် အချိန်ပေးဖို့ အနားယူရတာဖြစ်ပါတယ်” လို့ အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ Oppenheimer က အနားယူရတဲ့ အကြောင်းကိုပြောပါတယ်။ ဒီတစ်ပတ်မှာတော့ Oppenheimer ဟာ Goldman Sachs ရဲ့ Board အဖွဲ့ဝင်ဖြစ်လာပါပြီ။

သူ့နေရာကို ဆက်ခံမယ့်သူကတော့ အသက် ၅၀ ရှိပြီဖြစ်တဲ့ Luca Maestri ဟာလည်းအပြည်ပြည်ဆိုင်ရာ အတွေ့အကြုံတွေ ရှိသူပါ။ Luca Maestri ရဲ့ ပထမနှစ် ၂၀ ဖြတ်သန်းမှုကတော့ General Motors မှာဖြစ်ပြီး အာရှဒေသ လုပ်ငန်းဆိုင်ရာ စီမံမှုနှင့် တောင်အမေရိက ရှိ လုပ်ငန်းများကို ပြန်လည်ပြုပြင် မွန်းမံခြင်းများအတွက် ကူညီခဲ့သူပါ။ သူရဲ့နောက်ဆုံး ကားလုပ်ငန်းမှာ Luca Maestri ဟာ ဥရောပ စီးပွားရေး အတွက် Chief Financial Officer အနေနဲ့ နိုင်ငံပေါင်း ၄၅ နိုင်ငံကို စီမံခန့်ခွဲကာ နှစ်စဉ် ဝင်ငွေအဖြစ် ဒေါ်လာ ၄၀ ဘီလျံကို ရှာဖွေခဲ့ပါတယ်။

Luca Maestri ဟာ ၂၀ဝ၈ ခုနှစ်မှာ General Motors မှ နှုတ်ထွက်ခဲ့ပြီး Chief Financial Officer အနေနဲ့ Nokia Siemens နှင့် Xerox တို့တွင်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ သူ့ရဲ့လုပ်ဆောင်မှုတွေနဲ့ တိုးတက်မှုတွေဟာ Apple ရဲ့ Financial လုပ်ငန်းများကို ကောင်းစွာ အထောက်အကူဖြစ်စေမှာပါ။ Apple CEO Tim Cook က ကျွန်တော်တို့ Corporate Controller နေရာအတွက် အစားထိုးရတော့မယ်ဆိုတာနဲ့ Peter Oppenheimer နေရာမှာ အကောင်းဆုံး အစားထိုးနိုင်မယ့် သူအဖြစ် Luca Maestri ကိုမြင်ပြီး တွေ့ဆုံကမ်းလှမ်းခဲ့ပါတယ်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive