News

KMD မှ IT နှင့် Mobile ပစ္စည်း များကို Shop.com.mm တွင် ဝယ်ယူနိုင်

KMD

Online ဈေးကွက်မှတဆင့် အရည်အသွေးမှန် ၊ ဈေးနှုန်းမှန် ၊ International Branded IT နှင့် Mobile ပစ္စည်းများကို ဝယ်ယူလိုသူ Customer များအတွက် KMD မှ Shop.com.mm နှင့် ပူးပေါင်းကာ မှာယူသော ပစ္စည်းများကို အိမ်တိုင်ရာ ရောက်စနစ်ဖြင့် ဝယ်ယူနိုင်မည့် ဝန်ဆောင်မှုများ စတင်ပေးနေပါသည် ။ လက်ရှိအချိန်တွင် Microsoft နှင့် Intel နည်းပညာတို့ဖြင့် ပေါင်းစပ် ပြုလုပ်ထားသော be Tab10 Pro 2 in 1 Tablet နှင့် Lenovo အမှတ်တံဆိပ် All-in-One PC များကို Shop.com တွင် မှာယူနိုင်မည်ဖြစ်ပြီး အနာဂါတ်တွင် KMD မှ ဖြန့်ဖြူးရောင်းချလျက်ရှိသော Mobile နှင့် IT ပစ္စည်းများ အားလုံးကို ဝယ်ယူနိုင်ရန်အတွက်လည်း စီစဉ် ဆောင်ရွက်လျက်ရှိပါသည် ။ Shop.com တွင် ဝယ်ယူ ရရှိနိုင်သော KMD ၏ Mobile နှင့် It ပစ္စည်းများ အားလုံးမှာ မူရင်း အရည်အသွေး ၊ ဈေးနှုန်း နှင့် အာမခံချက်များအတိုင်း ဝယ်ယူ ရရှိနိုင်မည် ဖြစ်ပါသည် ။ KMD မှ ပစ္စည်းများကို Shop.com မှ တဆင့် ဝယ်ယူလိုပါက www.shop.com.mm တွင် ဝယ်ရောက် ရွေးချယ် ဝယ်ယူနိုင်မည် ဖြစ်ပြီး Order မှာယူမှု အတည်ပြုပြီးပါက ဝယ်ယူသူထံသို့ အိမ်အရောက် ပို့ပေးမည်ဖြစ်ပါသည် ။ “ KMD ရဲ့ Customer များအနေနဲ့ လူသက်သာ ၊ အချိန်ကုန် သက်သာစွာဖြင့် Online မှ ဝယ်ယူနိုင်ရန်အတွက် ရည်ရွယ်ပြီး Shop.com နှင့် လက်တွဲကာ ယခုလို ဝန်ဆောင်မှုတွေ ပေးနေမှာ ဖြစ်ပြီး ဒီထက်မက ပိုမို ကောင်းမွန်အဆင်ပြေစေမယ့် ဝန်ဆောင်မှုများကို လည်း ပေးနိုင်ဖို့ အတွက် ကျွန်တော်တို့ အနေနဲ့ အမြဲတမ်း ကြိုးစားနေပါတယ် ။ ” ဟု Online Shopping နှင့် ပတ်သက်၍ KMD မှ ကိုသက်သီဟစော (Senior Sales Executive) မှ ပြောကြားခဲ့ပါသည် ။

Leave a Reply

Your email address will not be published. Required fields are marked *