Gadgets, News, Review

နွေရာသီကျောင်းပိတ်ရက်တွင် ကလေးသူငယ်များ IT နည်းပညာသင်ယူလေ့လာရင်း အပန်းဖြေ ဆော့ကစားနိုင်မည့် Tablet များကို KMD မှ အထူးဈေးနှုန်းများဖြင့် ရောင်းချသွားမည်။

နွေရာသီကျောင်းပိတ်ရက်တွင် ကလေးသူငယ်များIT နည်းပညာသင်ယူလေ့လာရင်းအပန်းဖြေဆော့ကစားနိုင်မည့် Tablet များကို KMD မှ အထူးဈေးနှုန်းများ ဖြင့် ရောင်းချသွားမည်။

နွေရာသီကျောင်းပိတ်ရက်တွင် မိမိရင်သွေးငယ်များအတွက် IT နည်းပညာများ လေ့လာ ၊ သင်ယူ၊ ရင်းနှီးကျွမ်းဝင်စေရန် သင့်တော်ပြီး အပန်းဖြေနားနေ ဆော့ကစားရန်အတွက်ပါ အသုံးပြုနိုင်မယ့် Tabletမျိုးစုံကို KMD မှ နွေရာသီကျောင်းပိတ်ရက် အထူးအစီအစဉ်အနေဖြင့် အထူးဈေးနှုန်းများ ၊ မေတ္တာလက်ဆောင်များဖြင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ မိမိရင်သွေးငယ် များအတွက် အဆင်ပြေစေမည့် Tablet ကို Android ,Windows နှင့် iOSအစရှိတဲ့ Operating System အမျိုးအစား (၃) မျိုးပေါ်တွင် ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ အထူးလျော့ဈေးများဖြင့် ရောင်းချပေးသွားမည့် Android Tablet များကတော့ ကျပ် ၁ သိန်းအောက် ၇ လက်မအရွယ်အစား Lenovo A3300 Tablet ၊ Intel CPU နှင့်အတူ စွမ်းဆောင်ရည်မြင့်မားတဲ့ ၇လက်မ Dell Venue 7 Tablet နှင့် ၈ လက်မ Dell Venue 8 Tablet ၊ ဘက်ထရီသက်တမ်း ၁၈ နာရီ ကြာရှည်ခံပြီး ၁၀လက်မ အရွယ်အစားရှိ Lenovo Yoga 10 HD+ တို့ပဲဖြစ်ပါတယ်။

အရည်အသွေးစိတ်ချရတဲ့ Japan Brand, NEC 2 in 1 Windows PC Tablet ကတော့ မိမိရင်သွေးငယ်များကို Mobile Tablet နည်းပညာနှင့် ပတ်သက်၍သော်လည်းကောင်း ၊ ကွန်ပျူတာနည်းပညာနှင့် ပတ်သက်၍ သော်လည်းကောင်း ရင်းနှီး ကျွမ်း၀င်စေရန်အတွက် အထူးသင့်လျော်တဲ့ မျက်နှာပြင် ၁၂ လက်မရှိ Tablet ပဲဖြစ်ပါတယ်။ အခြား Tablet တွေနဲ့မတူတဲ့ အချက်က ကွန်ပျူတာတစ်လုံးအတိုင်း Intel Celeron CPU, RAM 4GB , Intel HD Graphic, 128 GB SSD နှင့် USB, VGA, LAN Connector အစုံအလင်ဖြင့် ဖွဲ့စည်းထားပြီး Windows 7 Professional License Version အသုံး ပြုထားတဲ့ 2 in 1 Windows PC Tablet ဖြစ်ပါတယ်။ Apple Tablet များကို ရွေးချယ်လိုလျင် iPad Air 2 (4G/Wifi) , iPad Mini 3 (4G) အစရှိတဲ့ Model များကို Storage ပမာဏအလိုက် အထူးဈေးနှုန်းများဖြင့် ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အနည်းဆုံးအာမခံ (၁) နှစ်ပါဝင်သော အထက်ဖော်ပြပါ Tablet များအားလုံးကို နွေရာသီကာလအတွင်း အထူး လျော့ဈေးများ၊ မေတ္တာလက်ဆောင်များ နှင့် အမြို့မြို့ အနယ်နယ် ရှိ KMD Sales Centre ကြီးများတွင် တူညီသော အခွင့် အရေးများဖြင့် ရောင်းချပေးသွားမည် ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း KMD: 01-381-129, 381-035, 245-180, 241-186 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ် ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *