ပရင့်စတန် တက္ကသိုလ်က နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ ကောလိပ်ကျောင်းများရဲ့ အဆင့် သတ်မှတ်ချက်ကို တနင်္လာနေ့က ကြေညာလိုက်ပါတယ်။ ကျောင်းသား ၁၃၀ ၀၀၀ ခန့်ကို စစ်တမ်းကောက်ယူထားပြီး အစားအသောက် အရည်အသွေးကနေ ငွေကြေးထောက်ပံ့မှု ဘယ်လောက်ရသလဲဆိုတာ အဆုံး လေ့လာထားတာပါ။ Vanderbilt Universityက အပျော်ရွှင်ဆုံး ကျောင်းသားများရှိတဲ့ ကောလိပ်စာရင်းမှာ အဆင့်တစ်နေရာ ရရှိထားပါတယ်။ ကျောင်းသားများဟာ Vanderbiltကို အလွန်နှစ်သက်ကြပါတယ်။ ကျောင်းဟာ ငွေကြေးထောက်ပံ့မှုများစွာ ပြုလုပ်ပေးထားပြီး အမေရိကမှ တန်ဖိုးအရှိဆုံး ကောလိပ်များထဲမှာလည်း နံပါတ်တစ်နေရာကို ပိုင်ဆိုင်ထားပါတယ်။ တက္ကသိုလ် ပရဝုဏ်က နွေးထွေးမှုရှိပြီး နှစ်လိုဖွယ်ကောင်းပါတယ်။ ကျောင်းသားတစ်ယောက်က “ကျောင်း ပရဝုဏ်ဟာ လှပပြီး ကျောင်း၀န်ထမ်းများ၊ ကျောင်းသားများ၊ ဆရာများက အလွန်နွေးထွေးပျူငှာပါတယ်။” လို့ ပရင့်စတန်ကို ပြောပါတယ်။ အခြားကျောင်းသား တစ်ယောက်က “ ပြိုင်ဆိုင်မှုအစား သီးခြားအောင်မြင်မှုရနိုင်တဲ့ အနေအထားကို ရရှိနိုင်ပါတယ်။ ကျောင်းသားများဟာ ပါရမီရှိကြပေမယ့် ဟိတ်ဟန် မထုတ်ကြပါဘူး။” လို့ပြောပါတယ်။ ဒါကတော့ ပရင့်စတန်ရဲ့ ထုတ်ပြန်ချက်အရ အမေရိကမှာ ပျော်စရာအကောင်းဆုံး ကျောင်းများ ဖြစ်ပါတယ်။
- Vanderbilt University, Nashville, Tenn.
- Claremont McKenna College, Claremont, Calif.
- Clemson University, Clemson, S.C.
- Tulane University, New Orleans, La.
- Virginia Tech, Blacksburg, Va.
- Rice University, Houston, Tex.
- Kansas State University, Manhattan, KS
- Bowdoin College, Brunswick, Maine
- Vassar College, Poughkeepsie, NY
- Hillsdale College, Hillsdale, Mich.