သင့်ကလေးကို ကျောင်းထားဖို့ ရွေးချယ်ရပြီဆိုရင် နိုင်ငံထဲမှာရှိတဲ့ ကျောင်းတွေရဲ့ အဆင့်သတ်မှတ်ချက်ဟာ အဓိက စဉ်းစားစရာပါ။ Microsoft Bingက သင်အလွယ်တကူ စဉ်းစားနိုင်အောင် ပြုလုပ်ပေးလိုက်ပါပြီ။
Bing Search Engineဟာ ကျောင်းများရဲ့ အဆင့်သတ်မှတ်ချက်များကို Snapshotမှာ ပြသပေးနိုင်ပါပြီ။ အမေရိကမှာ အခြေခံကျောင်းများကနေ အထက်ကျောင်းများကို ရှာဖွေတဲ့အခါမှာ လွယ်ကူ ထိရောက်မှုရှိလာပါပြီ။ ဒါ့အပြင် ကျောင်းပတ်၀န်းကျင်ရဲ့ အဆင့်သတ်မှတ်ချက်တွေကိုလည်း ပြသပေးမှာပါ။
Microsoftက Snapshot Featureကို Bingမှာ မကြာမီက ထည့်သွင်းပေးလိုက်ပါတယ်။ အဲဒီစွမ်းဆောင်ချက်က သင်နဲ့ သင့်မိတ်ဆွေများနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ယှဉ်တွဲဖော်ပြပေးတာပါ။ မတ်လမှာတုန်းကလည်း ဆရာ၀န်များ၊ သွားဆရာ၀န်များ၊ ရှေ့နေများနဲ့ အဆောက်အဦးများအတွက် Snapshotမှာ ထည့်သွင်းပေးခဲ့ပါတယ်။