Featured, Review

Developerများ Android Studioကို ပြောင်းသုံးသင့်သလား?

Android Studioဟာ Android Developersများနဲ့ Open Source အသိုင်းအဝိုင်းကြားမှာ ရေပန်းစားမှု မြင့်တက်လာနေပါတယ်။ Developerများစွာဟာ Eclipseကို စွန့်ခွာနေကြပါပြီ။

နောက်ဆုံးထုတ် Ask a Dev ဗီဒီယိုတစ်ခုမှာ Android Engineer Emest Hollowayက Android Studioကို ပြောင်းသုံးမယ်ဆိုရင် Developerများအနေနဲ့ စဉ်းစားရမယ့် အရာတွေကို ဆွေးနွေးထားပါတယ်။

Sutdioမှာ Layoutတွေကို လျှင်မြန်စွာပြုလုပ်နိုင်အောင် ကူညီပေးမယ့် ပိုကောင်းတဲ့ UI Builderပါတဲ့ အပြင် ထုတ်လုပ်မှုအားပိုမိုကောင်းစေတဲ့ Shortcutsအနည်းငယ်ပါရှိပါတယ်။ ဒါ့အပြင် Dependency Managementကို လွယ်ကူစွာပြုလုပ်နိုင်တဲ့ Gradleပါရှိတဲ့ အဆင့်မြှင့်ထားတဲ့ Build Systemလည်းပါပါတယ်။

Studioဟာ Beta Modeပဲရှိသေးပေမယ့် IDE or Gradleကြားမှာ ရှိတဲ့ ပြဿနာတွေကို ပြင်ဆင်ဖို့ အချိန်ကျပြီလားဆိုတာကို ဆုံးဖြတ်ဖို့ လိုပါတယ်။ Android Studioကို Googleက အပြည့်အ၀ထောက်ခံနေတဲ့ အချိန်မှာပဲ သင့်ရဲ့ စီမံကိန်းအဖွဲ့ဟာ နောက်ထပ် ထောက်ပံ့မှုတွေအတွက် အစုအဖွဲ့တွေအပေါ်မှာ စစ်ဆေးဖို့ လိုပါတယ်။

Android Studio အကြောင်းလေ့လာဖို့ အောက်က ဗီဒီယိုကို ကြည့်ပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *