Education, Lifestyle, News

အထက်တန်းအောင်၊ IGCSE ဖြေဆိုအောင်မြင်ပြီးသူများအတွက် University of Melbourne သို့ ဝင်ခွင့်ဆွေးနွေးပွဲ

အထက်တန်းအောင်၊ IGCSE ဖြေဆိုအောင်မြင်ပြီးသူများအတွက် University of Melbourne သို့ ဝင်ခွင့်ဆွေးနွေးပွဲ

သြစတြေးလျနိုင်ငံ၏ နံပါတ် (၁)နှင့် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များစာရင်းတွင် နံပါတ် (၂၈) အဆင့်ရှိသော University of Melbourne သည် ကမ္ဘာ့အလုပ်အကိုင်အခွင့်အလမ်းရရှိမှုတွင်လည်း ထိပ်ဆုံးနံပါတ် (၉) အဆင့်တွင်ရှိသော ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်ပါသည်။

University of Melbourne သို့တက်ရောက်လိုသော အထက်တန်းအောင်မြင်ပြီးသူများ၊ IGCSE ဖြေဆိုထားသူများသည် University of Melbourne ၏ စတင်ရာဖြစ်သော Trinity College ၏ Foundation Studies မှ တဆင့် စတင် တက်ရောက်နိုင်ပါသည်။

Trinity College သည် မြင့်မားသော ရည်မှန်းချက် ရှိသူတိုင်းအတွက် Australia နံပါတ် (၁) တက္ကသိုလ် သို့တက်ရောက်ရန် အာမခံချက် ပေးနိုင်သော ပေါင်းကူး ကောလိပ်ဖြစ်ပါသည်။ Trinity College ကို တက်ရောက်လိုသော အထက်တန်းအောင်မြင်ပြီးသူများ (သို့မဟုတ်) IGCSE အောင်မြင်ပြီးသူများသည် အင်္ဂလိပ်စာ အရည်အချင်း အနေနှင့် IELTS ရမှတ် အနည်းဆုံး (6.0) ရရမည်ဖြစ်သည်။ Trinity College ၏ Foundation Program ကို ထူးချွန်စွာ အောင်မြင်သူများအား University of Melbourne မှ ပညာသင်ဆုများကို ချီးမြှင့်ပေးလျှက်ရှိပါသည်။

အသေးစိတ်အချက်အလက်များအား Trinity College မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် Senior Admissions Manager , Mr. Ben Waymire မှ ၂၅ရက် ဇူလိုင်လ၂၀၁၄ ခုနှစ် (သောကြာနေ့)၊ နံနက် (၁၀)နာရီ မှ (၁၂)နာရီ ထိ Australian Visa & Student Services, AVSS (Myanmar) တွင် ရှင်းလင်းပြောကြား ပေးသွားမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ အနေနှင့် Australian Visa & Student Services, AVSS (Myanmar) အမှတ် ၁၂၇ (အေ), ပထမထပ်, အနောက်ရွှေဂုံတိုင်လမ်း, ဗဟန်း၊ ဖုန်းနံပါတ် ဝ၉ ၄၅၀ဝ၀ ၆၉၄၄, ဝ၉ ၄၅၀ဝ၀ ၆၉၅၅ သို့ ကြိုတင်စာရင်းပေး တက်ရောက်နိုင်ပါသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *