၁။ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း ဖွင့်လှစ်မည့် အောက်ဖော်ပြပါ အရာရှိလောင်း ဒီပလိုမာသင်တန်းများကို တက်ရောက်လိုသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား မိဘနှစ်ပါးမှမွေးဖွားသော နိုင်ငံသား အိမ်ထောင်မရှိ(လူပျို) များသည် ရန်ကုန်မြို့ ၊ ဘုရင့်နောင်လမ်း၊ ဆင်မလိုက်၊ တက္ကသိုလ်စာတိုက်၊ ကမာရွတ်၊ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်၊ ကျောင်းအုပ်ကြီးထံသို့ ၂၀-၈-၂၀၁၄ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။
(က) ကုန်သွယ်ရေကြောင်း အရာရှိလောင်း Nautical Cadet(CD/43)
Diploma in Nautical Studies/ Dip: N.S သင်တန်းအမှတ်စဉ် (၉)
(ခ) ကုန်သွယ်ရေကြောင်း အင်ဂျင်နီယာ အရာရှိလောင်း Marine Engineering Cadet (CE/41) Diploma in Maritime Technology/Dip: Mar. Tech သင်တန်း အမှတ်စဉ်(၉)
၂။ ပညာအရည်အချင်း ကန့်သတ်ချက်
တက္ကသိုလ်ဝင်စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒ ဘာသာများပါဝင်သော ဘာသာတွဲဖြင့် အောင်မြင်ပြီး စုစုပေါင်း အမှတ်အနည်းဆုံး (၄၂၀) ရှိရမည်။
၃။ အသက်နှင့် အခြားကန့်သတ်ချက်
(က) ၂၀၁၄ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် အသက် (၁၉) နှစ်ထက်မကျော်လွန်စေရ။
(ခ)အရပ်အမောင်း (၅ပေ ၄လက်မ) အနည်းဆုံးရှိရမည်။
(ဂ)ကိုယ်အလေးချိန်ပေါင် (၁၀၀) အနည်းဆုံးရှိရမည်။
(ဃ) ရင်အုပ် ၃၂ လက်မ နဂိုအနေအထားအနည်းဆုံးရှိရမည်။
(င) မျက်မှန်၊ မျက်ကပ်မှန် တပ်ထားသူများ မဖြစ်စေရ။
(အင်ဂျင်နီယာ အရာရှိလောင်းများမပါ)
၄။ ပဏာမရွေးချယ်မှု
လျှောက်ထားသူများ၏ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်အရ အများအနည်း အစဉ်လိုက်စီပြီး ရမှတ် အများဆုံးမှစ၍ လိုအပ်သည့် အရေအတွက် ရရှိသည်အထိစိစစ်၍ ပဏာမ ရွေးချယ်သွားမည်ဖြစ်ပါသည်။
၅။ ပဏာမ အဆင့်ရွေးချယ်ခံရသူများအား အောက်ဖော်ပြပါအတိုင်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ပါသည်။
(က) နားစစ်ဆေးခြင်း၊
(ခ)အထွေထွေကျန်းမာရေး စစ်ဆေးခြင်း၊
(ဂ) မျက်စိစစ်ဆေးခြင်း (အရောင်ခွဲခြားနိုင်မှု ရှိ/မရှိ စစ်ဆေးခြင်း)၊
(ဃ)စိတ်ရောဂါ နှင့် မူးယစ်ဆေးဝါး သုံးစွဲမှု ရှိ/မရှိ စစ်ဆေးခြင်း။
၆။ လျှောက်ထားရာတွင် အောက်ပါ အချက်အလက်များကို ဖော်ပြရမည်-
(က)တက်ရောက်ရန် သင်တန်း တစ်မျိုးတည်းကိုသာ လျှောက်ထားရမည်၊
(သင်တန်းတစ်မျိုး ထက်ပို၍ လျှောက်ထားပါက လက်ခံစဉ်းစားမည် မဟုတ်ပါ)
(ခ)အမည်၊
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊
(ဃ) မွေးနေ့ သက္ကရာဇ်၊
(င)လူမျိုး နှင့် ကိုးကွယ်သည့်ဘာသာ၊
(စ)တက္ကသိုလ် ဝင်စာမေးပွဲအောင်မြင်သော ခုနှစ်/ခုံအမှတ်/ မြို့နယ်/တိုင်း/ဘာသာရပ်အလိုက်ရရှိသည့် အမှတ်စာရင်း နှင့် စုစုပေါင်းအမှတ်၊
(ဆ)အဖ အမည်နှင့် အလုပ်အကိုင်၊
(ဇ) အမိအမည် နှင့် အလုပ်အကိုင်၊
(စျ) နေရပ်လိပ်စာအပြည့်အစုံ၊
(ည) ဆက်သွယ်ရန်ဖုန်းနံပါတ် နှင့် နေရပ်လိပ်စာ။
၇။ လျှောက်လွှာနှင့်အတူ အောက်ပါတို့ကို ပူးတွဲပေးပို့ရမည်။
(က) လိုင်စင်ဓာတ်ပုံ (၂) ပုံ၊
(ခ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ပြည်နယ်/ တိုင်း/ မြို့နယ် ပြည်သူ့ ရဲ တပ်ဖွဲ့ /စခန်းတစ်ခုခုမှ ထောက်ခံစာမူရင်း၊
(ဂ)မိမိအောင်မြင်ခဲ့သော အခြေခံပညာအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ကြောင်း ကျောင်းအုပ်ကြီး ကိုယ်တိုင် လက်မှတ် ရေးထိုးသည့် ထောက်ခံစာမူရင်းတင်ပြရမည်။ ယင်းထောက်ခံစာတွင် ကျောင်း တံဆိပ်ရိုက်နှိပ်ထားသော ဓာတ်ပုံ ပါရှိရမည်။
(ဃ)တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ဘာသာရပ်အလိုက်အမှတ်စာရင်း မူရင်း၊
(မြန်မာနိုင်ငံ စာစစ်အဖွဲ့မှ ထုတ်ယူရန်)၊
(င)မိဘ နှစ်ပါးစလုံးနှင့် မိမိကိုယ်တိုင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသားဖြစ်ကြောင်း ကတိခံဝန်ချက်၊
(နိုင်ငံသား စိစစ်ရေး ကတ်မိတ္တူများ ပူးတွဲတင်ပြရမည်)၊
(စ)ပဏာမ အဆင့်ရွေးချယ်ခံရသော သင်တန်းသားများသည် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်၏ စီစဉ်မှုဖြင့် ဆေးစစ်ပြီး၍ ပြန်လည်သတင်းပို့သည့်အခါ မြန်မာနိုင်ငံစာစစ်အဖွဲ့၏ တက္ကသိုလ် ဝင်စာမေးပွဲအောင်လက်မှတ်မူရင်း နှင့် မိတ္တူ တင်ပြရမည်၊ သတ်မှတ်သည့် ရက်တွင် မတင်ပြနိုင်ပါက ရွေးချယ်ခြင်းခံရသော ပဏာမစာရင်းမှပယ်ဖက်ခြင်းခံရမည်။
၈။ သတ်မှတ်ထားသည့် အချက်အလက်များကို တိကျပြည့်စုံစွာ ရေးသားဖော်ပြခြင်း မပြုသော လျှောက်လွှာများ၊ မမှန်မကန်ဖြည့်စွက်ရေးသားဖော်ပြထားသော လျှောက်လွှာများနှင့် အချိန်မီမရောက်ရှိသော လျှောက်လွှာများအားစဉ်းစားမည်မဟုတ်ပါ။
၉။ လျှောက်ထားသူသည် အစိုးရဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနမှတဆင့် လျှောက်ထားကြရမည်။ သက်ဆိုင်ရာ ဌာနမှတစ်ဆင့် လျှောက်ထားခြင်းမရှိသူများအား ရွေးချယ်ခြင်းခံရစေကာမူ ရွေးချယ်ခြင်းမှ ပယ်ဖျက်မည်။
၁၀။ ရွေးချယ်ခြင်းခံရသူများသည် သင်တန်းတက်နေစဉ်အတွင်း နှစ်စဉ်သင်တန်းကြေး ၄၂၀၀၀ ကျပ် အဆောင်ကြေး၊ ဝတ်စုံစရိတ် နှင့် လစဉ်စားရိတ် အစရှိသည်တို့ကို ကိုယ်တိုင်ကျခံရမည်။
၁၁။ ဘွဲ့ကြို ဒီပလိုမာ (၂) နှစ်သင်တန်းကာလအတွင်း ပထမနှစ်သင်တန်းကို မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်တွင် ကျောင်းအိပ်ကျောင်းစား အဆောင်နေ ကျောင်းသားအဖြစ် (၁) နှစ်တက်ရောက်ရမည်။
၁၂။ ဘွဲ့ကြို ဒီပလိုမာ(၂) နှစ်သင်တန်း ပြီးဆုံး အောင်မြင်သူများကို ဘွဲ့ကြို ဒီပလိုမာ လက်မှတ်( Diploma in Nautical Studies/Diploma in Maritime Technology ) နှင့် ကုန်သွယ်ရေကြောင်း အရာရှိလောင်းသင်တန်းပြီးဆုံးခြင်းလက်မှတ် ( Mercantile Marine Nautical /Engineering Cadet Training Course Completion Certificate) များ အပ်နှင်းပေးပါမည်။
၁၃။ လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြသည့် စာရွက်စာတမ်းများကို ပြန်လည် ထုတ်ပေးခြင်း၊ ရွေးချယ်ခြင်းမခံရသူများထံသို့ မရွေးချယ်ကြောင်း ပြန်ကြားခြင်းပြုမည်မဟုတ်ပါ။ မိမိတို့ လျှောက်လွှာတင်သည့် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်တွင် ရွေးချယ်ခြင်းခံရသည်/ မခံရသည်ကို ချိန်းဆိုထားသည့် ရက်တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
၁၄။ သင်တန်းကိစ္စရပ်များကို အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်၊ သင်တန်းဌာနခွဲ ဖုန်း- ၅၃၉၄၆၄၊ ၅၃၉၄၆၅၊ လိုင်းခွဲ -၁၂၀ တွင် စုံစမ်း မေးမြန်းနိုင်ပါသည်။