Business, Lifestyle

အမြဲတမ်းအတွက် ငွေစု နိုင်မည့် နည်းလမ်း

အမြဲတမ်းအတွက် ငွေစု နိုင်မည့် နည်းလမ်း

အလုပ်လုပ်ရင်း သုံးလိုက် စားလိုက်နှင့် သင် ငွေမစုဖြစ်ဘူးဆိုရင်တော့ အမြဲတမ်းအတွက် စိတ်ပူစရာအလွန်ကောင်းလှပါသည်။ ကျွန်မသည်လည်း တစ်ခါတစ်ရံ ဖြစ်လေးရှိသည့် အရေးပေါ် အသုံးလိုခြင်းဘဝမှ ကင်းဝေးအောင် နည်းနာများကို လေ့လာတွေ့ရှိပြီး ယခုလက်ရှိမှာ လိုက်နာကျင့် ကြံကြည့်နေပါသည်။ သင့်အတွက် အသုံးဝင်မည်လို့လည်း ခန့်မှန်းမိသဖြင့် သိမှတ်ထားသမျှ ပြန်လည် ရေးသားတင်ပြလိုက်ရခြင်းပင် ဖြစ်ပါတော့သည်။

လောကတွင် မထင်မှတ်သော အခက်အခဲ ပြဿနာများနှင့် ကြုံလျှင် မိမိနှင့် မိမိကို မှီခို အားထားနေရသော သူ အားလုံး အတွက် ငွေရေးကြေးရေးအရ စိတ်ပူစရာ မလိုသော အခြေအနေတွင် ရှိခြင်းကို ဖြစ်ပါသည်။ ထို အခြေအနေသို့ ရောက်ရန် အတွက် ယခုလက်ရှိ တတ်နိုင်သော အချိန်တွင် ကြိုတင် စဉ်းစား ပြင်ဆင် ထားရန် အထူး အရေးကြီးလှပေသည်။ ဟုတ်ပြီ။ ကျွန်မတို့အနေဖြင့် ဘာတွေ ကြိုတင်ပြင်ဆင်ရမလဲဆိုတာ သိထားဖို့ လိုပါသည်။ ဒါမှသာ နောင်ရေးအတွက် စိတ်အေးမည် ဖြစ်ပါသည်။

photo: center4debtmanagement.com

photo: center4debtmanagement.com

(၁) Budget plan တစ်ခု ရေးဆွဲပါ။ Budget plan တွင် ဝင်ငွေ၊ စုငွေ၊ အကြွေး ပြန်ဆပ်ငွေ၊ စားသောက်စရိတ်၊ သွားလာရေးစရိတ်၊ အထွေထွေ အသုံး စသဖြင့် သတ်မှတ်ပြီး ထို plan အတိုင်း အတတ်နိုင်ဆုံး လိုက်နာ သုံးစွဲသင့်ပေသည်။ နေ့စဉ်အသုံးစရိတ်ကို စာရင်းမှတ်သားထားခြင်းဖြင့် သုံးစွဲမိသည့် ငွေပမာဏကို ခန့်မှန်းနိုင်ပါသည်။
(၂) ကိုယ်ပိုင်ကြွယ်ဝမှု ဘယ်လောက် ရှိနေပြီလဲ ဆိုတာကို တွက်ချက် မှတ်သားပါ။ ကိုယ်ပိုင် အသားတင် ကြွယ်ဝမှု (net worth) ဆိုသည်မှာ ကိုယ့် ပိုင်ဆိုင်မှု စုစုပေါင်း၊ အိမ်၊ ကား၊ ကွန်ပျူတာနှင့် တစ်ခြား ပိုင်ဆိုင်သည့် ပစ္စည်းများ စသည့်တို့၏ တန်ဖိုး စုစုပေါင်းနှင့် ကိုယ်ပေးစရာ ရှိသည့် credit card မှ အကြွေး၊ အိမ်ကို ချေးငွေနှင့် ဝယ်ထားသည်ဆိုလျှင် ဆပ်ရန် ကျန်သည့် ပမာဏ စသည် အကြွေး စုစုပေါင်း ခြားနားချက်ပင် ဖြစ်သည်။ Net worth ကို တိုးပွားစေရန် ရည်မှန်းချက် တိတိကျကျ ထားသင့်သည်။
(၃) အမှန်တစ်ကယ် လိုအပ်မှာသာ ချေးငွေ ရယူသုံးစွဲပါ။ လစဉ် ပြန်ပေးရသည့် amount မှာ နည်းသော်လည်း အကြွေး ပြန်ဆပ်သည့် အချိန် ပြည့်သောအခါ ကိုယ်ဝယ်ယူသည့် ပစ္စည်းအတွက် အမှန်တစ်ကယ် ပေးလိုက်ရသည့် တန်ဖိုးမှာ အလွန်ပင် များပြား နေမည်ကို သတိရှိပါ။ တတ်နိုင်ရင် အရစ်ဝယ်ယူမှုသည် အတိုးနှုန်းများပြားလှသဖြင့် လိုအပ်မှ ဝယ်ယူသုံးစွဲပါ။ တတ်နိုင်သရွေ့ ရှောင်ကျဉ်သင့်ပေသည်။
(၄) တတ်နိုင်သမျှ အကြွေးကို မြန်မြန် ပြန်ဆပ်ပါ။ Credit card outstanding bill, အိမ်ဝယ်ရန် ချေးယူထားသည့် mortgage စသည်တို့ကို မြန်နိုင်သမျှ မြန်မြန် ပြန်ဆပ်ရန် ကြိုးစားပါ။ အကြွေး စောစောကျေလျှင် အတိုးပေးရသည့် ငွေထောင်ပေါင်း များစွာ သက်သာ နိုင်မည်ကို သတိရှိပါ။
(၅) အရေးပေါ်အတွက် ငွေကို ကြိုတင် စုထားပါ။ ကိုယ့်လစာ ၂-၃ လစာလောက်ထိ အနည်းဆုံး emergency အတွက် ရှိနေရန် စုပါ။ ခြွင်းချက် အနေဖြင့် အတိုးများသည့် အကြွေးများ ရှိနေလျှင်တော့ ငွေစုရန်ထက် ထိုအကြွေးများကို အရင်ဆပ်ရန် စဉ်းစားသင့်သည်။ အနာဂတ်ကာလ မည်သည့် အချိန်တွင် ဘာဖြစ်မည်ကို မည်သူမျှ ကြိုတင် မသိနိုင်ပေ။ လက်ရှိ လုပ်နေသည့် အလုပ် မရှိတော့လျှင် မည်သို့နေမည် အရေးပေါ် ဆေးကုသရန် လိုလျှင် မည်သို့ သုံးမည်ကို ကြိုတင် စဉ်းစား စုဆောင်း ထားပါ။
(၆) အတိုးများသည့် အကြွေးတွေကို ဆပ်ပြီးသည်နှင့် short term အတွက် လစဉ်ပုံမှန် စုငွေ သပ်သပ်ထားပါ။ Short term အတွက် စုငွေ ဆိုသည်မှာ holiday trip ထွက်ရန် အတွက် လည်းကောင်း၊ ပစ္စည်းတစ်ခုခု ဝယ်ရန်အတွက် လည်းကောင်း၊ deposit account တစ်ခု ဖွင့်ရန် အတွက် လည်းကောင်း၊ investment တစ်ခုခု လုပ်ရန်အတွက် လည်းကောင်း စသည်တို့အတွက် ဖြစ်သည်။
(ရ) မိမိပိုင်ဆိုင်မှုကို လုံခြုံ စိတ်ချရရန်အတွက် လိုအပ်သော insurance ပမာဏတစ်ခုခု ဝယ်ထားပါ။ အရေးပေါ် ဆေးကုလိုက်ရ၍ စုဆောင်း ထားသမျှ အကုန် သုံးလိုက်ရသည် ဆိုလျှင် ပြန်လည် ကျန်းမာလာသည့်အခါ အစမှ ပြန်စရပေမည်။ ထို့ကြောင့် မိမိ၏ lifestyle နှင့် ကိုက်ညီသော insurance တစ်ခုခု ဝယ်ယူ ထားသင့်သည်။
(၈) အလုပ် မလုပ်နိုင်တော့မည့် အချိန် retirement အတွက် ကြိုတင် စဉ်းစားထားပါ။ အသက် ငယ်ငယ်ကတည်း စတင် စဉ်းစားမှသာ စိတ်ပူစရာ မလိုသော retirement ဘဝတစ်ခုရပြီး ကျန်ရှိသော ဘဝအချိန်ကို ငွေကြေးအတွက် စိတ်ပူစရာမလိုပဲ ဖြတ်သန်း နိုင်မည်ကို သတိပြုပါ။
(၉) ရင်းနှီး မြှုပ်နှံရန် စဉ်းစားပါ။ ငွေစုခြင်းသည် ကောင်းသော အလေ့အကျင့် ဖြစ်သည်။ သို့သော် ရေရှည်တွင် ငွေကြေး ဖောင်းပွမှု သဘောတို့အရ စုဆောင်း ထားသော ပမာဏမှ ရသော အတိုးသည် ဘယ်လောက်မှ မရှိတော့ပဲ ငွေစုသူ အတွက် များစွာ နစ်နာ ဆုံးရှုံး တတ်သည်။ ထို့ကြောင့် အရေးပေါ် အတွက် လုံလောက်သော ပမာဏတစ်ခု စုဆောင်းပြီးသား ရှိပြီဆိုလျှင် ရင်းနှီး မြှုပ်နှံမှုအတွက် စတင် စဉ်းစားပါ။ ရင်းနှီး မြှုပ်နှံခြင်း ဆိုသည်မှာ ငွေကြေး မြောက်မြားစွာ တတ်နိုင်သော သူဌေးများနှင့်သာ ဆိုင်သော အလုပ်မဟုတ်ပါ။ အနာဂတ်အတွက် ကြိုတင် စဉ်းစားသော လူတိုင်းနှင့် သက်ဆိုင်ပါသည်။
(၁၀) ကလေးရှိလျှင် ငယ်စဉ် ကတည်းက ပိုက်ဆံတန်ဖိုး နားလည်အောင် သင်ကြားပေးပါ။ ငယ်ငယ်ကတည်းက သင်ကြားညွှန်ပြ ပေးမှသာလျှင် ပိုက်ဆံ စကိုင်သော အရွယ်ရောက်လျှင် သုံးသင့် မသုံးသင့် စဉ်းစားတတ်ပြီး စုဆောင်း တတ်သည့် အလေ့အကျင့် ဖြစ်ပေါ်စေပါမည်။
ဒါတွေကတော့ ငွေရေးကြေးရေး စိတ်ပူစရာမလိုတဲ့ အနာဂတ်တစ်ခု ရဖို့အတွက် လက်ရှိ အချိန်ကနေ စတင် လုပ်ဆောင် နိုင်တာတွေဆိုတာ ပြောကြားရင်း တတ်နိုင်သမျှ လိုက်နာ ကျင့်ကြံကြစေဖို့ တိုက်တွန်းရေးသားလိုက်ရပါတော့သည်။
မနောဖြူလေး

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *