မြန်မာနိုင်ငံရဲ့ နံပါတ်တစ် ကားအရောင်းအဝယ် ဈေးကွက်ဖြစ်သည့် Motors.com.mm မှ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် သူရဲကောင်းများ၏ စွဲမက်ဖွယ်ကားများကို ဖော်ပြပေးလိုက်ပါတယ်…
ယခုဆိုရင် ကမ္ဘာပေါ်တွင်အကြီးမားဆုံး အားကစားပွဲကြီးတစ်ခုဖြစ်သည့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကတော့ ဘရားဇီးနိုင်ငံတွင် အောင်မြင်စွာကျင်းပနေပါပြီ။ ပြိုင်ပွဲဝင်ခွင့်ရ နိုင်ငံအသီးသီးရှိ ဘောလုံးအားကစားသမားများကလည်း နိုင်ငံ့ဂုဏ်ဆောင်ရန်အတွက် အောင်မြင်မှုခြေလှမ်းများနှင့်အတူ ပြိုင်ပွဲတိုင်းတွင် ကြိုးပမ်းနေကြပြီး ဖြစ်သည်။ ကမ္ဘာကျော် ဘောလုံးအကျော်အမော်များကတော့ ပြိုင်ပွဲကျင်းပရာ ကွင်းတွင်း၌သာမက ပြင်ပလောကမှာပါ ၎င်းတို့၏ စွမ်းဆောင်ရည်မြင့် ကားများနှင့်အတူ နာမည်ဂုဏ်သတင်း ပိုမိုကြီးသည်ကို မည်သူမျှငြင်းနိုင်မည် မဟုတ်ပါ။ ဘောလုံးကြယ်ပွင့်များအနေဖြင့် သူတို့ရဲ့ စူပါကားများအတွက် မည်မျှအလေးထားသည်ကို သင်သိပါသလား? မြန်မာ့အွန်လိုင်းကားဈေးကွက်အား ဦးဆောင်နေသည့် Motors.com.mm ကနေပြီးကမ္ဘာတစ်လွှား ဘောလုံးအကျော်အမော်များ၏ စူပါကားများနှင့် အသုံးပြုထားသော ငွေကြေးပမာဏများကိုပါ တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
Ronaldo – Lamborghini Aventador LP 700-4
လက်ရှိကမ္ဘာ့အကောင်းဆုံး ဘောလုံးအကျော်အမော် တစ်ဦးဖြစ်သည့် စီရော်နယ်ဒိုကတော့ ၎င်း၏လျင်မြန်မှုများအတိုင်း မြန်နှုန်းမြင့် စူပါကားကို ရွေးချယ်ထားသူဖြစ်ပါတယ်။ ၎င်းပိုင်ဆိုင်တဲ့ Lamborghini Aventador ကားကတော့ ကြော့ရှင်းသောကားပီပီ မြင့်မားသောဘရိတ် မြင်းကောင်ရေအား 700 BHP ကိုပိုင်ဆိုင်ထားပြီး ယဉ်အားအမြင့်မားဆုံးအရှိန်တစ်ခုဖြစ်သည့် 217 mph သို့ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ရွှေဘောလုံးဆုရှင်ရဲ့ ကားကတော့ ကျစ်လစ်သော တည်ဆောက်မှုနှင့်အတူ တောက်ပြောင်သော အနက်ရောင်ဖြင့် ဖွဲ့စည်းထားပါတယ်။ တန်ဖိုးအားဖြင 450,000 USD ရှိပါတယ်။
Lionel Messi – GranTurismo MC Stradale
မြင့်မြတ်သော ကားတစ်စီးကို ပိုင်ဆိုင်ထားသည့် ကစားသမားတစ်ဦးအနေဖြင့် သူ၏ဂုဏ်သတင်းအား ပိုမိုကြီး မြင့်သွားစေပါတယ်။ ကမ္ဘာ့ထိပ်တန်း ဘောလုံးကစားသမား လီယွန်နယ်မက်ဆီ၏ ယခုအသုံးပြုနေသည့် ကားကတော့ Maserati GranTurismo MC Stradale ပဲဖြစ်ပါတယ်။ ကား၏အသွင်အပြင်အား သန့်ရှင်းသပ်ရပ်သော အဖြူရောင်ဖြင့် မြင်တွေ့နိုင်ပြီး အမြင့်မားဆုံး အရှိန်တစ်ခုဖြစ်သည့် 188mph ဖြင့် မောင်းနှင်နိုင်မည့်အပြင် ဈေးနှုန်းကတော့ 181,000 USD အထက်ဖြစ်ပါတယ်။
Wayne Rooney – Aston Martin Vanquish
မှော်ဝင်ဆန်တဲ အင်္ဂလိပ်လူမျိုးတစ်ယောက် အတွက်ကတော့ ဟိတ်ဟန်ကြီးတဲ့ ကားမျိုးကို ရွေးချယ်မှာ အသေချာပါပဲ။ ဝိန်းရူနီရဲ့ Aston Martin Vanquish ကားကတော့ ကွင်းအတွင်း သူ၏စွမ်းဆောင်မှုများအတိုင်း ထိပ်တန်းအဆင့်ရှိ စွမ်းဆောင်မှုမျိုး ပေးနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းအနေဖြစ်လည်း သင့်တင့်သောဈေးနှုန်း သတ်မှတ်ထားပြီး 280,000 USD တန်ဖိုးရှိပါတယ်။ အမြင့်မားဆုံးအရှိန်ဖြစ်သည့် 183mph ဖြင့် မောင်းနှင်နိုင်ပြီး ပေါက်ကွဲအားကောင်းသော မြင်းကောင်ရေအား 565 BHP ဖြင့် ပေါင်းစပ်ထားသောကြောင့် စူပါစတားတစ်ယောက်အတွက် အသင့်တော်ဆုံးကားပါပဲ။
Samuel Eto’o – Maybach 57 S Xanatec Coupe
ယခုအကြိမ်မှာတော့ အီတူးအနေဖြင့် ကမ္ဘာပေါ်တွင် လစာအများဆုံး ခံစားခွင့်ရရှိသည့် ကစားသမားများထဲမှ တစ်ဦးအပါဝင်ဖြစ်ပါတယ်။ အံ့အားသင့်စရာကောင်းတဲ့ ငွေကြေးပမာဏ 6,700,000 USD ဖြင့် မြန်နှုန်းမြင့် စူပါကားများစွာကို ပိုင်ဆိုင်ထားသည်ဟု ၎င်းကပြောကြားခဲ့ပါတယ်။ သူရဲ့ရွေးချယ်မှုများထဲမှ အထင်ရှားဆုံး ကတော့ Maybach Xanantec Coupe ပါပဲ။ ဈေးနှုန်းအားဖြင့် ဒေါ်လာတစ်သန်းကျော်ရှိပြီး လမ်းမပေါ်တွင် ထင်သာမြင်သာအရှိဆုံး ဖြစ်နေမှာပါ။
Ribery – Lamborghini Gallardo LP560-4 Spyder
ရီဘယ်ရီ ကတော့ ဂဏ္ဏဝင်ဘောလုံးကစားသမားကြီး ဇီဒန်းကဲ့သို့ ပြင်သစ်ဘောလုံးလောက၏ ကျောက်မျက်ရတနာလို့ တင်စားခံထားရသူဖြစ်ပါတယ်။ ရီဘယ်ရီ အတွက် အောင်မြင်မှုလမ်းကြောင်းပေါ်တွင် ဂုဏ်ကျက်သရေ ပိုမိုတိုးတက်စေမှာကတော့ Gallardo LP560-4 Spyder ပါပဲ။ မြင့်မားသောအရှိန်ဖြစ်သည့် 201mph အထိရောက်ရှိနိုင်မည့်အပြင် ဈေးနှုန်းအနေဖြစ်လည်း 225,000 USD တန်ဖိုးရှိပါတယ်။ မျက်စိအာရုံအား စွဲဆောင်ဖမ်းစားနိုင်သော တောက်ပသည့်အစိမ်းနုရောင် ကားအသွင်ပြင်ကြောင့် ဘယ်တော့မှမှေးမှိန်သွား မည်မဟုတ်ပါ။
Neymar – Audi R8 GT
ကျင်းပနေသော ဘရားဇီးကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အိမ်ရှင်အောင်မြင်မှုအတွက် ပခုံးပြောင်း တာဝန်ယူထားတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ အရည်ချင်းပြည့်ဝသည့် လူငယ်ကစားသမားတစ်ဦးဖြစ်သည့် နေမာရဲ့ ရွေးချယ်ထားတဲ့ကားကတော့ Audi R8 GT ပါ။ ဈေးနှုန်းအနေဖြစ်လည်း 250,000 USD နီးပါးရှိပြီး အမြင့်မားဆုံး အရှိန်တစ်ခုအနေဖြစ် 200mphထိ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ နေမာရဲ့ကားကတော့ ရိုးရှင်းလှသောဒီဇိုင်းနှင့် ပါးလွှာတောက်ပသော အဖြူရောင်ကိုယ်ထည်ရှိကာ အတွင်းပိုင်းတွင် တန်ဖိုးမြင့်အနီရောင် leather များဖြင့် ဆင်ယင်ထားပါတယ်။
အကယ်၍ သင်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘောလုံးအကျော်အမော်များကဲ့သို့ ပြီးပြည့်စုံသော မော်တော်ယာဉ်အား ရှာဖွေနေတယ်ဆိုရင်တော့ Motors.com.mm မှာဝင်ရောက်ကြည့်ရှုလိုက်ပါ။
Motors.com.mm ဟာ မြန်မာနိုင်ငံရဲ ့အွန်လိုင်းကားဈေးကွက်မှာ အအောင်မြင်ဆုံးနှင့် အကောင်းဆုံး ဝက်ဘ်ဆိုဒ်ဖြစ်သည့်အားလျော်စွာ Rolls-Royce, Mercedes, BMW စသော နာမည်ကျော် ကားများကို တစ်နေရာတည်းမှာ အမျိုးအစားစုံလင်စွာနဲ့ ရွေးချယ်ဝယ်ယူနိုင်အောင် လုပ်ဆောင်ပေးတဲ့ ဝက်ဘ်ဆိုဒ် ဖြစ်ပါတယ်။ ကားအသစ်များကို သော်လည်းကောင်း၊ တစ်ပတ်ရစ်ကားများကို သော်လည်းကောင်း Car အမျိုးစားအားလုံး ရရှိနိုင်သည့်အပြင် ဆိုက်ကယ်နှင့် လုပ်ငန်းသုံးယာဉ်များ စသည့် မည်သည့်အမျိုးစားမဆို သင့်တင့်သောဈေးနှုန်းဖြင့် သင့်စိတ်ကြိုက် ကားများကို ထောင်ပေါင်းများစွာ သော Listings ပြုလုပ်ထားသည့် Motors.com.mm တွင် လွယ်ကူစွာ ရှာဖွေဝယ်ယူနိုင်ပါတယ်။ သင်ရှာဖွေတွေ့ ရှိသော ကား၏ပူးတွဲပါအသေးစိတ် အချက်လက်များသည်လည်း အထောက်အကူဖြစ်ပါတယ်။ သင်ကား ဝယ်ယူရန်အတွက်လည်း ကားမူရင်းပိုင်ရှင်၊ အရောင်းဝယ် လုပ်ငန်းပိုင်ရှင် သို့မဟုတ် ပြည်တွင်းသို့ ကားတင်သွင်းသော လုပ်ငန်းရှင်တို့ထံ တိုက်ရိုက်ဆက်သွယ် ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ရောင်းချသူ များအနေဖြင့်လည်း သန်းပေါင်းများစွာသော ဝယ်ယူသူများစီ အချက်လက်များ ရောက်ရှိနိုင်သည့်အပြင် ရောင်းချသူများကိုယ်တိုင် ကားစာရင်းကို လွယ်ကူလျင်မြန်စွာ တင်နိုင်ပြီး လုပ်ငန်းဆိုင်ရာ အချက်လက်များ ဖော်ပြရန်အတွက် ကိုယ်ပိုင် Profile Page or Company Page တစ်ခုပါရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကားနှင့်ပတ်သတ်သည့် သုံးသပ်ချက်များ၊ နောက်ဆုံးပေါ်သတင်းများ၊ မှတ်သားစရာများနှင့် အကြံပေးချက်များကိုပါ ရရှိနိုင်မှာဖြစ်ပါတယ။ ယခု Motors.com.mm အား Laptop, Desktop များမှ လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်ပြီ ဖြစ်သည့်အပြင် Mobile Device များဖြစ်သည့် Smartphone, Tablet များကပါ အလွယ်တကူ ကြည့်ရှူအသုံးပြုနိုင်ပြီဖြစ်သည်။ အသေးစိတ်အချက်လက်များ သိရှိလိုပါက (Motors.com.mm) Ph: No. 01-512563, 09-30311417 ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။