Featured, Gadgets, Review

ထည့်ထားတဲ့ အရာကို သိရှိပြောပြပေးနိုင်တဲ့ စမတ်ကျတဲ့ မတ်ခွက်

ထည့်ထားတဲ့ အရာကို သိရှိပြောပြပေးနိုင်တဲ့ စမတ်ကျတဲ့ မတ်ခွက်

သင်တစ်နေ့တာ သောက်သုံးလိုက်တဲ့ ရေ၊ ဖျော်ရည်၊ ဘီယာနဲ့ အခြား အရည်များမှာ ပါ၀င်တဲ့ ကယ်လိုရီနဲ့ အာဟာရများကိုတိုင်းတာပေးပြီး စမတ်ဖုန်းမှာ သတင်းအချက်အလက်များကို ဖော်ပြပေးနိုင်ရင် သင့်ကျန်းမာရေးကို ဂရုစိုက်နိုင်ပါပြီ။ ဒီလိုလုပ်ပေးနိုင်တာကတော့ Sensorများတပ်ဆင်ထားတဲ့ Vessylဆိုတဲ့ စမတ်ကျလှတဲ့ မတ်ခွက်ပါပဲ။

Vessylဟာ သူ့ထဲမှာ ထည့်ထားတဲ့ အရာများကို ပမာဏ၊ အာဟာရပါ၀င်မှု၊ ဖျော်ရည်အမျိုးအစား စသဖြင့် ခွဲခြမ်းစိတ်ဖြာပေးနိုင်ပါတယ်။ အဖျော်ယမကာ တစ်မျိုးကို ခွက်ထဲလောင်းထည့်လိုက်တာနဲ့ ခွက်ရဲ့ အပြင်ဘက်မှာ အဖျော်ယမကာရဲ့ အမျိုးအမည်နဲ့ ပါ၀င်တဲ့ အာဟာရဓာတ်များကို ဖော်ပြပေးမှာပါ။ ဖျော်ရည်တစ်မျိုးကို ခွက်ထဲလောင်းထည့်လိုက်ရင် ကယ်လိုရီနဲ့ သကြားဓာတ်ပါ၀င်မှုကို ဖော်ပြပေးမှာဖြစ်ပါတယ်။ သတင်းအချက်အလက်များကို စမတ်ဖုန်း Appမှာ ဖော်ပြပေးမှာဖြစ်တဲ့အတွက် သင်ဟာ တစ်နေ့တာမှာ ပရိုတိန်းပမာဏကို သတ်မှတ်သောက်သုံးသူဆိုရင် ဒါမှမဟုတ် ကဖင်းဓာတ်ကို တွက်ချက်သောက်သုံးသူဆိုရင် သတ်မှတ်ထားတဲ့ ပမာဏကို မကျော်လွန်စေဖို့ သတိထားနိုင်မှာ ဖြစ်ပါတယ်။

စမတ်မတ်ခွက်က သင်ရေဓာတ်လိုအပ်နေရင်လည်း သိရှိဖော်ပြပေးနိုင်ပါတယ်။

Vessylကို တီထွင်တဲ့ ကုမ္ပဏီ Mark Oneရဲ့ ပူးတွဲတည်ထောင်သူနဲ့ CEOဖြစ်သူ Justin Leeက နာမည်ကြီး Fitness Trackerများနဲ့ ဆွေးနွေးနေတယ်လို့ပြောပေမယ့် ကုမ္ပဏီနာမည်များကို ကြေညာခြင်းမရှိပါဘူး။ စမတ်မတ်ခွက်နည်းပညာမှာ ကိုယ်လက်လှုပ်ရှားမှုတိုင်းတာနိုင်တဲ့ ကိရိယာများပေါင်းစပ်ခြင်းဖြင့် ရေဓာတ်ရရှိမှုအခြေအနေကို ပိုမိုပြည့်စုံစွာ ဖော်ပြနိုင်မှာဖြစ်ပြီး ပိုမိုစမတ်ကျတဲ့ မတ်ခွက်ဖြစ်လာမှာပါ။

“ကိုယ်လက်လှုပ်ရှားမှုတိုင်းတာတဲ့ ကိရိယာများဟာ လူတွေရဲ့ နေ့စဉ်ဘ၀တွေမှာ အရေးပါနေပြီး ကျွန်တော်တို့နည်းပညာနဲ့ ပေါင်းစပ်ခြင်းဖြင့် ပိုမိုအကျိုးသက်ရောက်စေမှာပါ။ ကိုယ်လက်လှုပ်ရှားမှုတိုင်းတာတဲ့ ကိရိယာတွေဟာ လေ့ကျင့်ခန်းပြုလုပ်စဉ်မှာ လောင်ကျွမ်းသွားတဲ့ ကယ်လိုရီကို တွက်ချက်ပေးနိုင်တဲ့အတွက် အရေးကြီးသလို ကျွန်တော်တို့ စမတ်ကျတဲ့ မတ်ခွက်ကလည်း စားသုံးတဲ့ အစားအစာနဲ့ ဖျော်ရည်များမှာပါတဲ့ ကယ်လိုရီကို တွက်ချက်ပေးနိုင်တဲ့ အတွက် အရေးကြီးပါတယ်။”လို့ Leeက Mashableကို ပြောပါတယ်။

ကုမ္ပဏီက စမတ် မတ်ခွက်ကို ထုတ်လုပ်ရောင်းချဖို့အတွက် ရန်ပုံငွေ ဒေါ်လာငါးသောင်း ကောက်ခံလျှက်ရှိလျှက်ရှိပြီး သတ်မှတ်ကာလ နှစ်လအတွင်းမှာ ဒေါ်လာ ၉၉ နဲ့ ကြိုတင်ရောင်းချပေးနေပါတယ်။ နောက်ပိုင်းကာလများမှာတော့ ဒေါ်လာနှစ်ရာနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

Vessylရဲ့ အလုပ်လုပ်ပုံကို အောက်ကဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *