News, Review

Gigabyte Sniper 5 (Gaming Motherboard)

Gigabyte Sniper 5 (Gaming Motherboard)

Golden Power Technologyမှ ပေးပို့လာသော သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Gigabyte Sniper 5 (Gaming Motherboard) Intel ရဲ့ 4th Generation 1150 socket အမျိုးအစားနဲ့ ထုတ်လုပ်ထားတဲ့ Gigabyte Sniper 5 (Gaming Motherboard) နဲ့မိတ်ဆက်ပေးပါရစေ။ ဒီ motherboard ကတော့ Z87 chipset နဲ့ထုတ်လုပ်ထားပြီး Gigabyte ရဲ့နောက်ဆုံးနည်းပညာဖြစ်တဲ့ Ultra Durable™ 5 Plus Technologyကို ထည့်သွင်းထားပါတယ်။ Gigabyte ရဲ့ UEFI DualBIOS™ အပြင် memory ကို 32GB အထိ မြှင့်နိုင်မှာဖြစ်ပါတယ်။ Audio အပိုင်းမှာလည်း အဆင်ပြေစေအောင် High Definition Audio ကိုအသုံးပြုထားပါတယ်။ Network အတွက် LAN port နဲ့ Wireless အတွက် Bluetooth 4.0 ကိုထောက်ပံ့ပေးမှာပါ။ VGA graphic card slot အတွက် PCIx16, 4 slots နဲ့ PCIx1, 1 slot တို့ပါရှိသည့်အတွက် 4-Way/3-Way/2-Way AMD CrossFire™/NVIDIA® SLI™ တို့ကို ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ Back panel အနေနဲ့ကတော့ HDMI, DisplayPort တို့ပါရှိမှာဖြစ်ပြီး USB 3.0 နဲ့ SATA 6GB အသုံးပြုလို့ရတဲ့အတွက် DATA transfer ကို အမြန်ဆုံး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Warranty အနေနဲ့ကတော့ Parts & Service 3 Years ရရှိမှာဖြစ်ပြီး Power Golden Technologyနဲ့ ကွန်ပျူတာဆိုင်အများစုမှာ ဝယ်ယူရရှိနိုင်ကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်။ PH: 226664, 210943

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *