Gadgets, Review

Armor A30 2TB Hard Drive

Silicon Power New Product, Armor A30 2TB Hard Drive

Silicon Powerမှ သတင်းပေးပို့လာသော အသစ်ထွက်ရှိထားတဲ့ Shockproof နည်းပညာပါဝင်ပြီး Taiwan Brand တစ်ခုလည်းဖြစ်တဲ့ Armor A30 2TB Hard Drive ဖြစ်ပါသည်။ HDDရဲ့ မျက်နှာပြင်ပေါ်မှာ hexagonal pattern ပုံစံနဲ့ cover ပြုလုပ်ထားပြီး ထူးခြားတဲ့ design ပုံစံမျိုးဖြစ်အောင် HDDရဲ့ ဘေးအပြင်ပတ်လည်တွင် ကြိုးသွားရာ လမ်းကြောင်းပုံစံ ထွင်းထားတဲ့ ပုံသဏ္ဍာန် ပြုလုပ်ထားပါတယ်။ USB 3.0 ပါဝင်တဲ့အတွက် USB 2.0 ထက် data တွေ transfer ပြုလုပ်ရာမှာ 10ဆ ပိုမိုမြန်ဆန်စေပါတယ်။

သူရဲ့ ထူးခြားချက်က အမြင့်122cmမှ ပြုတ်ကျခဲ့ရင် ခံနိုင်ရည်ရှိစေမယ့် နည်းပညာလည်း ထည့်ပေးထားပါတယ်။ Cable carry design ဖြစ်တဲ့အတွက်လည်း ကြိုးသပ်သပ် ကိုင်စရာမလိုတော့ပဲ HDDနဲ့ တွဲသယ်လို့ အဆင်ပြေပါတယ်။ Black & White color နှစ်မျိုးကိုလည်း မိမိကြိုက်ရာ ရွေးချယ်နိုင်ပြီး Warranty အားဖြင့် 2years လည်းပေးထားပါတယ်။ အကြမ်းခံတဲ့ design၊ ထူးခြားဆန်းသစ်တဲ့ ပုံသဏ္ဍာန်၊ လှပသေသပ်မူတွေနဲ့ ပေါင်းစပ်ထားတဲ့အတွက် သုံးစွဲသူတွေကို စိတ်ကျေနပ်မှု ရရှိစေမှာပါ။
Armor A30 2TB ကို 129$ ဖြင့် Golden Power Technology, ph: (226664, 210943)နှင့် ကွန်ပျူတာဆိုင်များ အများစုတွင် ဝယ်ယူရရှိနိုင်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *