ZeptoLab ရဲ့ Cut the Rope 2 Puzzle Game အသစ် ကို Google Play Store မှာ အခမဲ့ ဒေါင်းလုပ်ရယူအသုံးပြုနိုင်ပြီဖြစ်ပါတယ်။ Cut the Rope 2 ကို iOS Device တွေအတွက် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ စတင် ဖြန့်ချီပေးခဲ့တာဖြစ်ပြီး အခုမှ Android အတွက် ဖြန့်ချီပေးလိုက်တာဖြစ်ပါတယ်။ Amazon App Store မှာ မတ်လ (၃၀) ရက်နေ့မှာ ရရှိမယ်လို့ သိရပါတယ်။ Cut the Rope 2 မှာ Level (၁၂၀) ပါ၀င်လာပြီး Level တစ်ခုချင်းစီအတွက် Fruit Mission လည်းပါရှိလာပါတယ်။ မြေပုံအသစ် နဲ့ အခြား စွမ်းဆောင်ချက်တွေ ပါရှိလာပါတယ်။
“ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ iOS အတွက် Cut the Rope 2 ကို စတင်ဖြန့်ချီပေးလိုက်တဲ့အချိန်ကတည်းက Android ပရိသတ်တွေက စောင့်မျှော်နေခဲ့တာဖြစ်ပါတယ်။ Cut the Rope 2 ဟာ အခပေး ဂိမ်းတွေလို ကောင်းမွန်အောင် ပြုလုပ်ပေးထားပြီး ကစားရတာ ရိုးရှင်းပြီး ပျော်စရာကောင်းပါတယ်။ ဒီဗားရှင်း အသစ် မှာ စွမ်းဆောင်ချက် အသစ်တွေကို ထည့်သွင်းပေးဖို့ လွန်စွာ ကြိုးစားခဲ့ရပါတယ်။ “ လို့ ZeptoLab ရဲ့ CEO ဖြစ်သူ Misha Lyalin က ပြောပါတယ်။
ZeptoLab က Android အတွက် ဗားရှင်းအသစ် ကို ကြေညာတဲ့အပြင် Cut the Rope ဂိမ်းတွေဟာ ဒေါင်းလုပ်ရယူမှုပေါင်း သန်းငါးရာ ရှိပြီလို့ ပြောဆိုပါတယ်။ Game Play က ကြိုးတွေဖြတ်ပြီး Om Nom ကို အစာကျွေးရတာဖြစ်ပါတယ်။ ကြိုးတွေဖြတ်ဖို့ စဉ်းစား ကစားရတာဖြစ်ပါတယ်။
Cut the Rope 2 ကို Android 2.2 နဲ့ သူ့အထက်မှာ ကစားနိုင်ပါတယ်။ အောက်ကလင့် မှာ အခမဲ့ ရယူကစားနိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.zeptolab.ctr2.f2p.google