News

Online ကနေ အခမဲ့ သင်ကြရအောင်

ကိုယ်တိုင်စိတ်ကူးစိတ်သန်းရှိသလောက် ကိုယ်ပိုင် website လေးကို ပုံကြမ်းကနေ အချောသပ် အကောင်အထည်ပေါ်တဲ့အထိ လုပ်ကိုင်ကြည့်ချင်တယ်ဆိုရင် e learning Center က ဖွင့်လှစ်ထားတဲ့ အွန်လိုင်းသင်တန်းကို တက်ယူနိုင်ပါတယ်။ အခြေခံ HTML နဲ့ XHTML ကို webpages အခြေခံတွေ တည်ဆောက်တဲ့အထိ standard ထားပြီး လုပ်ကိုင်ပုံတွေ သိရှိနိုင်ပါတယ်။ အခြေခံမှ စတင်လေ့လာ သင်ယူနိုင်ပြီး မသိသေးသည်များလည်း အမြောက်အများ တွေ့ရှိရမှာ ဖြစ်ပါတယ်။ အခုမှ စတင်လေ့လာနေသူများအတွက်တော့ အလွန်တန်ဖိုးမဖြတ်နိုင်တဲ့ နေရာလေးတွေပါပဲ။ HTML Training Cense အတွက်ကိုတော့ငါးနာရီကြာနဲ့ အပြီးအစီးတက်ဖို့ အခမဲ့ သင်ကြားပေးပါတယ်။ ဆက်လက်ပြီး ကျွမ်းကျင်အဆင့်တွေကို သင်ချင်ရင်တော့ သင်တန်းကြေးပေးသွင်း သင်ကြားရမှာ ဖြစ်ပါတယ်။

Web Design သင်တန်း
http://bit.ly/html226
http://www.e-learningcenter.com/free_html_course.htm
A+ အခမဲ့သင်တန်း
http://www.e-learningcenter.com/free_aplus_course.htm

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *