Education

STUDY ABROAD မှ ကျင်းပခဲ့သည့် စင်ကာပူ နိုင်ငံသို့ထွက်ခွာမည့် ကျောင်းသား များအတွက် Departure Briefing နှင့် ကျောင်းသားသစ်များအတွက် ကြိုဆိုပွဲ။

STUDY ABROAD Information Centre မှ စင်ကာပူနိုင်ငံသို့ ကျောင်းသွားတက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားတို့ အတွက် စင်ကာပူနိုင်ငံတွင် အခက်အခဲ မရှိလွယ်ကူချောမွေ့စွာ တက်ရောက်နိုင်စေရန် သိသင့်သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ဆွေးနွေးပေးသွားသည့် Departure Briefing နှင့် နောက်လာမည့် ကျောင်းဖွင့်ချိန် များတွင် ကျောင်းသွားတက်ကြမည့် ကျောင်းသူ၊ ကျောင်းသားတို့ ရင်းနှီးတိုင်ပင်နိုင်စေရန် အတွက် ကျောင်းသားသစ်များကြိုဆိုပွဲ ကို ရန်ကုန်မြို့ အလုံလမ်းမပေါ်ရှိ My Garden တွင် မတ်လ (၉)ရက်နေ့ တနင်္ဂနွေနေ့က ကျင်းပသွားကြောင်း သိရှိရပါသည်။

အဆိုပါ STUDY ABROAD ၏ Departure Briefing သို့ ဧပြီလ ကျောင်းဖွင့်ချိန်တွင် ကျောင်းသွား တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ခဲ့ကြပါသည်။ Departure Briefing တွင် စင်ကာပူနိုင်ငံရောက်သည့် အခါ ဖုန်းခေါ်ဆိုနိုင်မည့် SIM Card, စင်ကာပူမြို့တွင်း သွားလာနိုင်မည့် Ezlink Card တို့ပါဝင်သည့် STUDY ABROAD ၏ မေတ္တာလက်ဆောင် Welcome Pack ကိုလည်း အမှတ်တရ ပေးအပ်ခဲ့ပါသည်။ ထို့ပြင် ကျောင်းသူ၊ ကျောင်းသားတို့အတွက် လိုအပ်သည့် လေယာဉ်လက်မှတ်များ စီစဉ်ပေးခြင်း၊ နေထိုင်ရေးအတွက် Accommodation စီစဉ်ခြင်းများကိုလည်း ဆွေးနွေးပေးခဲ့ကြောင်း သိရှိရပါသည်။ စင်ကာပူနိုင်ငံသို့ ကျောင်းသွားတက်မည့် ကျောင်းသူ၊ ကျောင်းသားတစ်ဦး အတွက် သိသင့် သိထိုက်သည့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဘက်စုံ ထောင့်စုံမှ အသေးစိ်တ် ပြောဆို ဆွေးနွေးခဲ့ကြောင်းလည်း သိရှိရပါသည်။

စင်ကာပူ ပညာရေးနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုသည့် ကျောင်းသူ၊ ကျောင်းသားတို့ အနေနှင့်လည်း ဖုန်း – ဝ၉ ၅၁၅၁ ဝ၀၈ နှင့် ဝ၉ ၇၃ ၂၄၂၄ ဝ၄ သို့ ဆက်သွယ် မေးမြန်းနိုင်မည် ဖြစ်ပါသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *