အရင်က Samsung Huron အမည်နဲ့သတင်းထွက်ခဲ့ဖူးတဲ့ Samsung ရဲ့ ၀င်းဒိုးဖုန်းဖြစ်တဲ့ Samsung ATIV SE ရဲ့ ဓာတ်ပုံ တစ်ပုံ ကို Evleaks က Twitter မှာ ဖော်ပြထားပါတယ်။ အဲဒီဖုန်း ကို အမေရိကန် Mobile Carrier တစ်ခုဖြစ်တဲ့ Verizon Wireless ကနေ ရောင်းချမယ်လို့ သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။
ဓာတ်ပုံအရ Samsung ATIV SE ဟာ Samsung Galaxy S4 နဲ့ ဆင်တူပါတယ်။ Samsung က ၀င်းဒိုးဖုန်းရဲ့ Specification တွေကို မကြေညာသေးပေမယ့် အရင် ထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းများအရ ATIV SE မှာ 1080p Display တပ်ဆင်ထားမှာဖြစ်ပါတယ်။ Samsung Galaxy S4 မှာလိုပဲ ငါးလက်မ မျက်နှာပြင် ကို တပ်ဆင်ထားမှာဖြစ်ပါတယ်။ အနောက်ဘက်မှာ 13 Megapixel Camera တပ်ဆင်ထားမှာဖြစ်ပါတယ်။
Samsung ATIV SE ကို ရောင်းချမယ့် ရက်နဲ့ နိုင်ငံများ ကို မသိရှိရသေးပါဘူး။