News

ကျန်းမာရေး စောင့်ရှောက်ပေးမယ့် iPhone Case

နည်းပညာ အဖွဲ့တစ်ခုဖြစ်တဲ့ Azoi က ကျန်းမာရေးစောင့်ရှောက်ပေးနိုင်တဲ့ iPhone Case ကို ထုတ်လုပ်လိုက်ပါတယ်။ Samsung Galaxy S5 မှာပါတဲ့ နှလုံးခုန်နှုန်း ကို တိုင်းတာပေးနိုင်တဲ့ Sensor ပါရှိပါတယ်။ အခြား Sensor များလည်း ပါရှိပြီး သွေးဖိအား ၊ သွေးတွင်း အောက်ဆီဂျင်ပါ၀င်မှု၊ အဆုတ် အလုပ်လုပ်မှု များ ကို တိုင်းတာပေးနိုင်ပါတယ်။ တိုင်းတာမှုများ ဟာ အလွန်တိကျတယ်လို့ Company က ပြောပါတယ်။

အဆိုပါ Case ဟာ Fitness Apps များနဲ့ တွဲဖက် အလုပ်လုပ်နိုင်သလို Pedometers လို အခြား Fitness Device များနဲ့လည်း တွဲဖက် အလုပ်လုပ်နိုင်ပါတယ်။ iPhone Case က တိုင်းတာထားတဲ့ သတင်းအချက်အလက်များကို အဝေးမှ ကြည့်ရှုနိုင်တဲ့အတွက် မိသားစု ၀င်တွေရဲ့ ကျန်းမာရေး ကို စောင့်ကြည့်နိုင်ပါတယ်။

Wello App ကို ပြုလုပ်ပေးထားပြီး အချိန်နဲ့ တစ်ပြေးညီ သတင်းအချက်အလက်များ ကို သိနိုင်ပါတယ်။ iPhone Case ရဲ့ Sensor များ က တိုင်းတာပေးထားတဲ့ သတင်းအချက်အလက်များ ကို App ကနေသိနိုင်ပါတယ်။

ကျန်းမာရေး အခြေအနေ ကို အချိန်နဲ့ တစ်ပြေးညီ သိနိုင်တဲ့အတွက် နာမကျန်းဖြစ်မှု နဲ့ ရောဂါ ဖြစ်ပွားမှုများ ကို လျှော့ချနိုင်မှာ ဖြစ်ပြီး ကျန်းမာပျော်ရွှင်တဲ့ ဘ၀ များ ကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်လို့ Company က ပြောပါတယ်။

Wello Case ကို အမေရိကန် ၊ ဗြိတိန် နဲ့ အခြား ကမ္ဘာ့နိုင်ငံများမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ အမေရိကန် နဲ့ ဥရောပမှာ ပထမဆုံး ရောင်းချပေးမှာဖြစ်ပြီး စတာလင်ပေါင် ၁၂၀ ၊ ယူရို ၁၄၅ တန်ကြေးရှိမှာဖြစ်ပါတယ်။ အမေရိကန် မှာ ဒေါ်လာ ၁၉၉ နဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။ Azoi.com ၀က်ဆိုက်ကနေ ကြိုတင်မှာယူနိုင်ပါတယ်။

https://www.youtube.com/watch?feature=player_embedded&v=3c6QdNhy1Aw

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *