Apps

ဖိုင်၊ ဖိုလ်ဒါတွေကို သော့ခတ်မယ်

ကွန်ပျူတာက ဖိုလ်ဒါတွေကို သော့ခတ်သိမ်းချင်တဲ့ သူတွေ အများကြီးပါ။ အခု Win-Ability Software Corp. (http://www.winability.com) က ထုတ်လုပ်တဲ့ Folder  Guardကို သုံးကြည့်ပါဦး။ ရက် ၃၀ တော့ အခမဲ့ စမ်းသပ်နိုင်ပါတယ်။ သဘောကျရင် ၂၉.၉၅ ဒေါ်လာနဲ့ ဝယ်နိုင်ပါတယ်။

Folder  Guard သည် သင့်ရဲ့ အရေးကြီးတဲ့ ကိုယ်ပိုင်ဖိုင်နဲ့ ဖိုလ်ဒါများကို password နဲ့ ကာကွယ်ပိတ်ပေးနိုင်ပါတယ်။ ဒါတင်မက အမြင်ကနေ ဖျောက်ထားနိုင်ပါတယ်။ စွမ်းရည်မြင့် ဆော့ဖ်ဝဲ ဖြစ်လို့ သတိထား လုပ်ဆောင်ဖို့တော့ လိုပါမယ်။ Folder  Guard သည် CD-ROM နဲ့ removable drives များကိုပင် မဆိုင်တဲ့သူတွေ မသုံးနိုင်အောင် ပိတ်ထားနိုင်ပါတယ်။ တကယ်လို့ သင့် password ကို မေ့နေခဲ့ရင်လည်း Emergency Recovery Utility ကို သုံး ပြီး ပိတ်ထားတဲ့ ဖိုင်၊ ဖိုလ်ဒါကို ပြန်ဖွင့်နိုင်ပါတယ်။ အဆိုပါ Utility ကို Folder  Guard တင်ပြီးလို့ ပထမဆုံး run တာနဲ့ တည်ဆောက်ထားရမှာ ဖြစ်ပါတယ်။ ပြီးရင် အဲဒီသီးခြား ဖိုလ်ဒါကို removable drive တစ်ခုခုနဲ့ သိမ်းကာ လုံခြုံတဲ့နေရာမှာ ထားရမှာပါ။

အခုလို password နဲ့ ပိတ်ထားတယ်ဆိုပေမယ့် လိုအပ်လို့ သုံးချင်သူတွေအတွက် Full Access မဟုတ်ဘဲ Read Only လုပ်ပေးထားနိုင်ပါတယ်။ အခြား အသေးစိတ်အချက်အလက်များ အတွက် သင်ကိုယ်တိုင် စမ်းသပ်ကြည့်တာ ပိုကောင်းမယ်လို့ ထင်ပါတယ်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *