News

ရန်ကုန်မြို့တွင် ရုံးချုပ်ဖွင့်လှစ်ခြင်းဖြင့် Telenor Myanmar၏ လုပ်ငန်းများ အရှိန်မြှင့်တင်

“Telenor House” သည် Telenor ၏ စီးပွားရေးလုပ်ငန်းများ၊ ပြည်သူ့ဗဟိုပြု နည်းဗျူဟာနှင့် စွမ်းရည်ဖွံ့ဖြိုးမှု အစီအစဉ်များအတွက် အချက်အချာနေရာဖြစ်လာမည်။

Telenor Myanmar သည် ရန်ကုန်မြို့ရှိ ရုံးချုပ်အား ဖွင့်လှစ် လိုက်ပြီးဖြစ်ကြောင်း ယနေ့ကြေညာခဲ့ပါသည်။ ထိုအထပ်၁၃ထပ်ရှိ “Telenor House” ဟုခေါ်သော ထိုရုံးသည် အထပ်အားလုံး အသုံးပြုနိုင်သည့်အခါ ဝန်ထမ်းပေါင်း ၆၀ဝ အလုပ်လုပ်နိုင်သည့် အကျယ်အဝန်းရှိပြီး၊ နေစဉ် တိုးပွားလျက်ရှိသော Telenor အဖွဲ့ဝင်များနှင့် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများအတွက် ဈေးနှုန်း သက်သာပြီး အလွယ်တကူ ဝယ်ယူနိုင်သော အရည်အသွေးမြင့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးရေး ဟူသည့် Telenor ၏ရည်ရွယ်ချက်တို့အား အထောက်အကူပြုရာနေရာ ဖြစ်လာပေမည်။

Telenor Myanmar ၏ ရုံးချုပ်တွင် ဝန်ထမ်းအားလုံးအတွက် အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများ ပို့ချရာ ဌာနတစ်ခုဖြစ်သော Telenor Myanmar Academy အစရှိသည့် ဝန်ထမ်းများအတွက် လုပ်ငန်းဆိုင်ရာ အထောက်အပံ့ ကိရိယာ အမျိုးမျိုးထားရှိမည်ဖြစ်ပါသည်။ အလုံးစုံပါဝင်နိုင်သော ပွင့်လင်းတက်ကြွသော လုပ်ငန်းခွင်အား ဖန်တီးသည့် Telenor Group ၏ ပြည်သူ့ဗဟိုပြု လုပ်ငန်းယဉ်ကျေးမှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အတွေးအခေါ်များတွင် အခြေခံကာ “Telenor House” သည် အခန်းကန့်သတ်မှုမရှိသော ဒီဇိုင်း သဘောတရားများနှင့် တည်ဆောက်ပြီး၊ အပန်းဖြေနေရာများကိုလည်း ထည့်သွင်းပါသည်။ ထိုသို့ဖွဲ့စည်းထား သော ရုံးခန်းသည် လုပ်ငန်းအမျိုးမျိုးကြား ကူးလူး ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်မည် ဖြစ်ပြီး၊ ကမ္ဘာတစ်ဝှမ်းလုံးရှိ Telenor ရုံးများတွင် ကျင့်သုံးသော သက်ဝင်လှုပ်ရှားပြီး၊ တီထွင်ဆန်းသစ်မှုရှိသော လုပ်ငန်းခွင် ဖန်တီးမှုလုပ်ထုံးလုပ်နည်းနှင့်လည်း ကိုက်ညီပါသည်။ မြေညီထပ်တွင် လိုအပ်သော သတင်းအချက် အလက်များနှင့် Telenor ၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် အထောက်အကူရယူနိုင်သော Telenor ဆိုင်တစ်ခုကိုလည်း ထားရှိသွားမည်ဖြစ်ပါသည်။

“Telenor ကို အခြားသူတွေနဲ့ မတူထူးခြားစေတာကတော့ ကျွန်တော်တို့ရဲ့ မြန်မာဝန်ထမ်းတွေပါပဲ။ ကျွန်တေ်တို့ဟာ အထက်မြက်ဆုံး ဒေသခံဝန်ထမ်းတွေ၊ နိုင်ငံတကာကျွမ်းကျင်သူတွေနဲ့ မြန်မာနိုင်ငံမှာ တစုတစည်းထဲ ပူးပေါင်းလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒါကို ပြည်သူ့ဗဟိုပြု လုပ်ထုံးလုပ်နည်းနဲ့ လုပ်ငန်းယဉ်ကျေးမှုကို တည်ဆောက်တဲ့ Telenor ရဲက လုပ်ထုံးလုပ်နည်း Telenor Way လို့ ခေါ်ပါတယ်။ နောက်လာမည့်နှစ်တွေဟာ လျှင်မြန်စွာ တိုးတက်နေမယ်လို့ထင်ပါတယ်။ နည်းဗျူဟာတွေ အကောင်အထည်ဖော်နိုင်ပြီး ဝန်ထမ်းတွေတိုးတက်ဖွံ့ဖြိးစေနိုင်တဲ့ ရုံးချုပ်တစ်ခု အခုလို တည်ရှိနေခြင်းဟာ ကျွန်တော်တို့ကွန်ယက် အောင်မြင်စွာဖြန့်ကျက်နိုင်ဖို့နဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု စတင်ပေးနိုင်ဖို ကြီးမားတဲ့ အင်အားတစ်ရပ်ဖြစ်စေပါတယ်။ ဒါ့အပြင် ထိုအင်အားဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုရန်နှင့် ရေရှည်ရင်းနှီးမြှုပ်နှံ့သူတစ်ဦးအဖြစ် ရည်စူးထားမှုကိုလည်း အထောက်အကူပြုပါတယ်” Telenor Myanmar ၏ ဥက္ကဌ နှင့် အာရှဒေသဆိုင်ရာ Telenor အဖွဲ့ အကြီးအကဲဖြစ်သူ Mr. Sigve Brekke မှ ပြောကြားပါသည်။

Telenor Myanmar ရဲ့ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg မှလည်း “ Telenor Myanmar ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ လုပ်ငန်းလည်ပတ်မှုများအတွက် အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာမည့် ရုံးချုပ်အား ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် စိတ်လှုပ်ရှား ဝမ်းသာမိပါတယ်။ “Telenor House” ဟာ မြန်မာနိုင်ငံလုံးက ကျွန်တော်တို့ဝန်ထမ်းတွေအတွက် အဓိကအခြေပြုရာနေရာဖြစ်တဲ့အပြင် ဝန်ထမ်းတွေအတွက် စိတ်ကူးဉာဏ် ကွန့်မြူးနိုင်တဲ့ အလုပ်လုပ်ကိ်ုင သင်ယူနိုင်တဲ့ ပတ်ဝန်းကျင်လည်းဖြစ်လာမှာပါ။ ဒီလိုပတ်ဝန်းကျင်ကြောင့် ဝန်ထမ်းတွေအတွက် စိတ်ကူးဉာဏ် ကွန့်မြူးနိုင်တဲ့ အလုပ်လုပ်ကိုင် သင်ယူနိုင်တဲ့ ပတ်ဝန်းကျင်လည်း ဖြစ်လာမှာပါ။ ဒီလိုပတ်ဝန်းကျင်ကြောင့် ဝန်ထမ်းတွေအကြားမှာ ပူးပေါင်းလုပ်ကိုင်လိုမှု တိုးတက်လာပါမယ်။ ဒါ့အပြင် သူတို့ရဲ့ စွမ်းရည်တွေ တိုးတက်လာဖို့၊ Telenor Myanmar နဲ့အတူ ကျေနပ်ဖွယ်ကောင်းတဲ့ ရေရှည် ဘဝရှေ့ရေးကို ပိုင်ဆိုင်နိုင်ဖို့လည်း ပံ့ပိုးပေးနိုင်မှာပါ” ဟု ပြောကြားပါသည်။

Telenor Myanmar သည် ၂၀၁၄ ခုနှစ်အကုန်အထိ ဝန်ထမ်း ၁၀ဝ၀ ခန့်ထားရန် ရည်ရွယ်ထားပါသည်။ လာမည့် ငါးနှစ်အတွင်းမြန်မာနိုင်ငံဒေသအားလုံးသို့ Telenor မှ ကွန်ယက်ဖြန့်ကျက်ရေးအတွက် ပြင်ဆင်နေသည့်အလျောက် ထိုဝန်ထမ်းများထဲတွင် ဒေသဆိုင်ရာရုံးများအတွက် ဝန်ထမ်းများ၊ ဒေသဆိုင်ရာလုပ်ငန်းခွင် နှင့် အခြေခံ အဆောက်အအုံများမှ ဝန်ထမ်းများလည်းပါဝင်မည်ဖြစ်ပါသည်။

“Telenor House” သည် အမှတ် (၄၀)၊ စက်မှု (၁)လမ်း၊ ရန်ကုန်မြို့တွင်တည်ရှိပြီး၊ ၂၀၁၄ခုနှစ် ဧပြီလတွင် အထပ်အားလုံးအသုံးပြုလာနိုင်သည့်အခါတွင် အထပ်အားလုံး၏ စုစုပေါင်းဧရိယာအကျယ်သည် စတုန်ရန်းပေး ၈သောင်း ရှိပါသည်။

Telenor Group အကြောင်း
Telenor Group သည် နိုင်ငံတကာတွင် တယ်လီဖုန်း၊ သတင်းအချက်အလက်၊ မီဒီယာဆက်သွယ်ရေး ဝန်ဆောင်မှုပေးနေသော လုပ်ငန်းအဖွဲ့ဖြစ်ပါသည်။ Telenor Group သည် စကဲန်ဒီနေးဗီးယန်း၊ ဖင်လန်နှင့် အိုက်စလန် အစရှိသော ဥရောပ မြောက်ပိုင်းနိုင်ငံများ၊ အရှေ့နှင့်အလယ်ပိုင်း ဥရောပနိုင်ငံများနှင့် အာရှဒေသအတွင်းတွင် မိုဘိုင်းအော်ပရေတာလုပ်ငန်း ဈေးကွက် ၁၂ခု ရရှိထားပြီး၊ ဈေးကွက် ၁၇ခုတွင် လုပ်ကိုင်နေသော Vimpelcom Ltd.အတွင်းတွင်ခဲ voting stake 42.95 ရာခိုင်နှုန်း (economic stake 33 ရာခိုင်နှုန်း) ရှယ်ယာပိုင်ဆိုင်မှုရှိပါသည်။ နော်ဝေးနိုင်ငံတွင် ရုံးချုပ်ရှိသော Telenor Group သည် ၂၀၁၃ခုနှစ် တတိယလေးပတ်အထိ စုစုပေါင်း လုပ်ငန်းများအရ မိုဘိုင်းဖုန်းအသုံးပြုသူ ၁၆၁ သန်းရှိသော ကမ္ဘာ့ ထိပ်တန်း မိုဘိုင်းဖုန်း အော်ပရေတာဖြစ်ပြီး၊ ၂၀၁၂ခုနှစ်၏ လုပ်ငန်းတွင်းတည်ရှိငွေ (revenues) မှာ နော်ဝေး ငွေကြေး Norwegian Kroner (NOK) ၁၀၂ ဘီလီယံရှိသည်။ စုစုပေါင်းဝန်ထမ်းဦးရေမှာ ၃၄၀ဝ၀ ခန့်ရှိသည်။ ပိုမိုသိရှိလိုပါကအောက်ပါ အင်တာနက်စာမျက်နှာများသို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
• www.telenor.com/myanmar
• www.facebook.com/TelenorMyanmar

Leave a Reply

Your email address will not be published. Required fields are marked *