Apple က Ferrari, Mercedez-Benz , Volvo တို့ ရဲ့ ကားများတွင် iOS ကို အသုံးပြုနိုင်မည့် CarPlay ၀န်ဆောင်မှုကို ကြေညာ လိုက်ပါသည်။ iPhone ကို ကားနှင့်ချိတ်ဆက်ပြီး အသုံးပြုနိုင်တဲ့အတွက် စမတ်ကျပြီး ပျော်စရာကောင်းမှာ ဖြစ်တယ်လို့ဆိုပါတယ်။ အသုံးပြုသူက CarPlay ကို ကားရဲ့ Interface ကနေအသုံးပြုနိုင်သလို စတီယာရင်မှာ တပ်ဆင်ထားတဲ့ Voice Control ခလုတ်ကို နှိပ်ပြီး Siri ကို ခိုင်းစေနိုင်မှာ ဖြစ်ပါတယ်။
iPhone နဲ့ ကား ရဲ့ CarPlay ကို ချိတ်ဆက်ပြီးတာနဲ့ Siri က ဖုန်းခေါ်ဆိုတာ၊ Missed Call တွေ ပြန်ခေါ်တာ၊ Voice Mails တွေ ဖတ်ပြပေးတာကို ပြုလုပ်ပေးနိုင်ပါတယ်။ Notifications တွေ ၀င်လာရင်လည်း Siri က အသုံးပြုသူကို ဘာလုပ်ရမလဲ အသံထွက် မေးပြီး အသုံးပြုသူ ခိုင်းစေတာကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ Message တွေကို ဖတ်ပြပေးနိုင်ပြီး စာပြန်တာကို အသုံးပြုသူက အသံဖြင့် ခိုင်းစေနိုင်ပါတယ်။
CarPlay က Apple ရဲ့ Map နဲ့ အလုပ်အတူတူလုပ်နိုင်ပြီး တည်နေရာ ညွှန်ပြတာ၊ လမ်းပိတ်ဆို့မှု ကို အချိန်နဲ့ တစ်ပြေးညီ ဖော်ပြတာ၊ ဦးတည်ရာ ကို ရောက်ရှိမယ့် အချိန် ကို အသေးစိတ်တွက်ချက်ပေးတာ စတာ တွေကို ပြုလုပ်ပေးနိုင်ပါတယ်။ ကားမှာ တပ်ဆင်ထားတဲ့ Display ကနေ တည်နေရာ ကို ပြသပေးနိုင်ပါတယ်။ တည်နေရာကို ပြသပေးဖို့ Siri ကို အသံဖြင့်ခိုင်းစေနိုင် ပါတယ်။
CarPlay က iTunes Radio နဲ့ သီချင်းတွေကို ဖွင့်ပေးနိုင်ပါတယ်။ ဒီလိုနားထောင်ဖို့လည်း Siri ကို အသံဖြင့် ခိုင်းစေနိုင်ပါတယ်။ Spotify လို အခြား Third-Party သီချင်းထုတ်လွှင့်ပေးတဲ့ ၀န်ဆောင်မှုတွေ ကို လည်း အသုံးပြုနိုင်ပါတယ်။
Apple ရဲ့ CarPlay ကို iOS 7 မှာ Update အနေနဲ့ ထည့်သွင်းပေးထားပြီး iPhone 5s, 5c, 5 တို့မှာ အသုံးပြုနိုင်ပါတယ်။ CarPlay ပါရှိတဲ့ ကားများကို ဒီနှစ်ထဲမှာ ရောင်းချပေးမှာဖြစ်ပါတယ်။ Ferrari, Mercedez-Benz , Volvo တို့အပြင် အခြား ကားထုတ်လုပ်သူများဖြစ်တဲ့ BMW, Ford, General Motors, Honda, Hyundai, Jaguar Land Rover, Kia, Mitsubishi, Nissan, PSA Peugeot Citroën, Subaru, Suzuki and Toyota တို့ကလည်း CarPlay ၀န်ဆောင်မှုပါတဲ့ကားများကို ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။