News

Stickers နဲ့ ဆယ်စက္ကန့် Video Messages ပေးပို့လို့ရလာတဲ့ Google Hangouts( iOS 7)

Google က iOS 7 အတွက် Google Hangouts ဗားရှင်းအသစ် ကို ပြုလုပ်ပေးလိုက်ပါတယ်။ ဗားရှင်းအသစ်မှာ အရောင်စုံ Homescreen ကို ထည့်သွင်းပေးထားပြီး ရိုးရှင်းတဲ့သွင်ပြင် ပြုလုပ်ပေးထားပါတယ်။ Animated Stickers နဲ့ ဆယ်စက္ကန့် Video Messages ပေးပို့လို့ရလာပါတယ်။ iPad များမှာ အသုံးပြုလို့အဆင်ပြေစေမယ့် Picture-in-Picture Video Calling ပါရှိလာ ပါတယ်။

အသစ်ပါရှိလာတဲ့ စွမ်းဆောင်ချက်တွေကြောင့် Hangouts ဟာ Video Conferencing ပြုလုပ်လို့ ကောင်းမွန်လာပါတယ်။ Animated Stickers တွေကလည်း လူငယ်တွေ အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။ နောက်ထပ် လူကြိုက်များမယ့် စွမ်းဆောင်ချက်က ဆယ်စက္ကန့် ဗီဒီယိုတွေ ပေးပို့နိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် Message မှာ တည်နေရာကို Attach လုပ်ပြီးပေးပို့နိုင်ပါတယ်။

Video Chat ပြုလုပ်ဖို့ Contact ကို Swipe လုပ်ရမှာ ဖြစ်ပါတယ်။ လူဆယ်ယောက် နဲ့ တစ်ပြိုင်နက် Video Chat ပြုလုပ်နိုင်ပါတယ်။ ဗားရှင်းအသစ်ကို iPad များမှာ အသုံးပြရ အဆင်ပြေအောင် ပြုလုပ်ပေးထားပါတယ်။ iPad များမှာ Video Conferencing ပြုလုပ်တဲ့အခါမှာ Picture-in-Picture Calling စွမ်းဆောင်ချက် ကို အသုံးပြုနိုင်ပါတယ်။

Google-Hangouts-ios7

Mobile Messenger တွေဟာ လူကြိုက်များ ပြီး ပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။ Facebook က မကြာမီက WhatsApp ကို ဒေါ်လာ (၁၉) သန်း နဲ့ ၀ယ်ယူခဲ့ပါတယ်။ Google ကလည်း Hangouts Version အသစ် ကို ပြုလုပ်ပေးလိုက်ပြီး အောက်ကလင့်မှာ အခမဲ့ ရယူနိုင်ပါတယ်။

https://itunes.apple.com/us/app/hangouts/id643496868?mt=8

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *