News

ကမ္ဘာ့ပထမဦးဆုံး စမတ်ပစ္စတို ကိုဂျာမနီနိုင်ငံမှ တီထွင်

ကမ္ဘာ့ပထမဦးဆုံး စမတ်ပစ္စတို ကိုကမ္ဘာ့ကျော် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ “Skyfall” ဇာတ်ကားထဲမှာ စပိုင်မင်းသား ဂျိန်းစဘွန်းကိုယ်တိုင် အသုံးပြုဖို့အတွက် ဂျာမနီကုမ္ပဏီတစ်ခုဖြစ်တဲ့ Armatix ကုမ္ပဏီကနေ တီထွင်ထုတ်လုပ်ပေးလိုက်ပါတယ်။ iP1 Pistol လို့နာမည်ပေးထားတဲ့ စမတ်ပစ္စတိုဟာ တာတိုပစ်ပစ္စတိုအမျိုးအစားဖြစ်ပြီး ကျည်ဆံ ၁၀ တောင့် ထည့်သွင်းလို့ရတဲ့ ကျည်ကပ် ပါဝင်ပါတယ်။ စမတ်ပစ္စတိုကို ထိန်းချုပ်ပေးဖို့အတွက် iW1 စမတ်နာရီကိုလည်း တီထွင်ပေးထားပါသေးတယ်။ အဆိုပါ စမတ်နာရီဟာ ရေဒီယိုကြိမ်နှုန်းအချက်ပြစနစ်ဖြင့် အချက်ပြမှသာလျှင် စမတ်ပစ္စတိုက ပစ်ခွင့်ရမှာဖြစ်ပါတယ်။

iP1 စမတ်ပစ္စတိုကို အသုံးပြုဖို့အတွက် စမတ်နာရီကနေ လျှိုဝှက်ကုဒ်နံပါတ်ငါးလုံးကို ရိုက်ထည့်ပေးရမှာဖြစ်ပြီး မိမိအသုံးပြုမယ့် အချိန်နာရီကိုလည်း သတ်မှတ်ပေးလို့ ရပါသေးတယ်။ စမတ်ပစ္စတိုရဲ့ လက်ကိုင်နေရာမှာ Fingerprint ပါရှိပြီး အသုံးပြုသူရဲ့ လက်ဗွေရာနဲ့ အဖွင့်၊ အပိတ် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ စမတ်ပစ္စတိုဟာ စမတ်နာရီနဲ့ အကွာအဝေး ၁၀ လက်မကျော်သွား လို့ရှိရင်တော့ အလိုအလျောက် Lock ကျသွားပါလိမ့်မယ်။ စမတ်ပစ္စတိုရဲ့ လက်ကိုင်အပေါ်မှာ အချက်ပြမီးတပ်ဆင်ပေးထားပြီး အစိမ်းရောင် အချက်ပြမီလင်းနေပြီဆိုရင် အသုံးပြုသူကို အသင့်အနေအထားနဲ့ ပစ်ခွင့်ပေးထားပြီး အကယ်၍ စမတ်နာရီသာ အဝေးတစ်နေရာမှာရှိနေခဲ့လို့ရှိရင်တော့ အနီရောင်အချက်ပြမီးလင်းနေပြီး စမတ်ပစ္စတိုကို ပစ်ခွင့်မပေးတော့ပဲ Lock ကျသွား ပါလိမ့်မယ်။ iP1 စမတ်ပစ္စတို ကိုဒေါ်လာ ၁၃၉၉ သတ်မှတ်ထားပြီး iW1 စမတ်နာရီကိုတော့ ဒေါ်လာ ၃၉၉ တန်ဖိုးသတ်မှတ်ပေး ထားပါတယ်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *