ရှေးဟောင်းစာပေ၊ ခေတ်သစ် စာအုပ်၊ စာပေ အီးဘုတ်တွေကို အခမဲ့ ဒေါင်းလုပ် ဆွဲကြည့်ရှုနိုင်မယ့် ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ စာပေကို ချစ်မြတ်နိုးသူတွေ အတွက် လက်လှမ်းမီရာ အီးဘုတ်တွေကို ရှာဖွေ စုဆောင်းကာ တစ်ပေါင်း တစ်စည်းတည်း ဖြစ်အောင် စာကြည့်တိုက်သဖွယ် စုစည်းပေးထားခြင်း ဖြစ်တယ်လို့ ဝက်ဘ်ဆိုက်က ဆိုပါတယ်။ အွန်လိုင်း စာရေးဆရာတွေဖြစ်တဲ့ ဘလော့ဂါတွေ အပါအဝင် ကာတွန်းဆရာ၊ သတင်းစာဆရာ၊ ၀တ္ထုရေးဆရာ၊ လူငယ် အကျိုးပြု စာရေးဆရာ၊ အနုပညာရှင် စာရေးဆရာ၊ ကွန်ပျူတာ စာရေးဆရာ၊ စီးပွားရေး စာရေးဆရာတွေ ရေးသားထားတဲ့ စာအုပ်တွေကို ဖတ်ရှုနိုင်မှာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း ရေးသားတဲ့ ဗမာ့ လွတ်လပ်ရေး အရေးတော်ပုံ၊ ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်) ရေးသားတဲ့ ချက်ပိုင် သောပစ်ကွင်းနှင့် အခြား မုဆိုးဝတ္ထုတိုများ စာအုပ် အပါအဝင် ဂဠုန်ဦးစောရဲ့ ဂျပန်လမ်းညွှန်စတဲ့ စာအုပ်တွေကိုလည်း ထည့်သွင်း ပေးထားပါတယ်။
အသိပညာ ဘဏ်တိုက်

11
Mar